မြိတ်တွင် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံပျောက်ဆုံး

2020-07-05 19:31:57


မြိတ်တွင် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံပျောက်ဆုံး

မြိတ်တွင် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံပျောက်ဆုံး


မြိတ်မြို့၊မြစ်ငယ်အ.မ.က ကျောင်းလမ်းမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မဇူးနိုင်နိုင်ဇင်သည် မိသားစုနဲ့အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်းသိရပါတယ်။


ဦးခင်နိုင်-ဒေါ်သင်းသင်းအောင်၏ သမီးဖြစ်သူ မဇူးနိုင်နိုင်ဇင် သည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက အလုပ်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိတာကြောင့် အုပ်ထိန်းသူများက ၎င်းသွားလာတတ်တဲ့ သူငယ်ချင်းမိတ်ဆွေများထံ ရှာဖွေစုံစမ်းပေမယ့် အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်းသိရပါတယ်။


မဇူးနိုင်နိုင်ဇင် ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှာ လူပျောက်တိုင်ကြားထားကြောင်းသိရပါတယ်။

မိတ်ဆွေတို့အနေဖြင့် မဇူးနိုင်နိုင်ဇင်အားတွေ့ရှိပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် အကူအညီတောင်းခံအပ်ပါတယ်။


ဆက်သွယ်ရန် ~Ph- 09 780 075 143

Myat Htut-Myeik