မျက်စိရှေ့မှာတင် တူမလေး(၃)ယောက် အဖြစ်ကို မြင်ပြီး၊ နှလုံးဖောက် ကွယ်လွန်ခဲ့ရတဲ့အဖွား

2020-07-05 19:23:30


မျက်စိရှေ့မှာတင် တူမလေး(၃)ယောက် အဖြစ်ကို မြင်ပြီး၊ နှလုံးဖောက် ကွယ်လွန်ခဲ့ရတဲ့အဖွား

မျက်စိရှေ့မှာတင် တူမလေး(၃)ယောက် အဖြစ်ကို မြင်ပြီး၊ နှလုံးဖောက် ကွယ်လွန်ခဲ့ရတဲ့အဖွား


အသက်(၇၁)နှစ်အရွယ် အဖွားအိုတစ်ယောက်ဟာ တူမလေး(၃)ယောက် မျက်စိရှေ့မှာတင် အဓမ္မကျင့်ခံရတာကို မြင်ပြီးနောက် နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ကလေးမလေး (၃)ယောက်ကို လူတစ်ဦးတည်းကပဲ သေနတ်ထောက်ပြီး စိတ်ရှိလက်ရှိ အနိုင်ကျင့်စော်ကားခဲ့တာပါ။


အဆိုပါ ကောင်မလေးတွေဟာ အသက်(၁၉)၊ (၂၂)၊ (၂၅)နှစ် အသီးသီး ဖြစ်ကြပြီး၊ အမျိုးသမီး လိင်ပိုင်းစော်ကားမှု အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ တောင်အာဖရိကမှာ အခုလို ယုတ်မာရက်စက်ခံခဲ့ရတာပါ။ ကလေးမလေးတွေကို ပြစ်မှုကျူးလွန်သူတစ်ဦးတည်းကပင် အလွန်ယုတ်မာ ပတ်စက်တဲ့နည်းတွေနဲ့ စော်ကားခဲ့တာပါ။



ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကနိုင်ငံ၊ Impendle မြို့အနီးက ခြံဝင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ မိသားစုရဲ့ ပြောရေးဆိုခွင့်ရှိသူ Mzandwile Ndlovu ရဲ့အဆိုအရ တရားခံဟာ အခင်းဖြစ်နေအိမ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး၊ ကလေးမလေးတွေကို သေနတ်ပြ ထိန်းသိမ်းလိုက်ပါတယ်။


အဲဒီနောက် ကလေးမလေးတွေကို အဖွားဖြစ်သူရဲ့အခန်းထဲမှာ တစ်ယောက်ချင်းခေါ်ပြီး၊ စိတ်ရှိလက်ရှိ အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း Mzandwile Ndlovu က ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာ အဖွားဖြစ်သူက သေဆုံးနေပါပြီ။ ကလေးမလေးတွေဟာ သူမရဲ့ တူမအရင်းတွေ ဖြစ်ပါတယ်။


ပြစ်မှုကျူးလွန်သူဟာ နဂိုကတည်းက ရွည်ရွယ်ချက်ရှိပုံရကြောင်း၊ မျက်နှာဖုံးစွပ်ထားတဲ့အပြင် လေသံနဲ့သာ စကားပြောလို့ ဘယ်သူဘယ်ဝါဆိုတာ ခန့်မှန်းရ ခက်နေသေးကြောင်း ဆိုပါတယ်။ လောလောဆယ်တော့ သူ့ကို ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က ကြိုးစားနေဆဲလို့ သိရပါတယ်။


လင်းဇော်ကို (D Nae Khit)