အသက် ၁၄နှစ်အရွယ် မယားပါသမီးကို ပထွေးက ပြုကျင့်

2020-07-05 19:21:32


အသက် ၁၄နှစ်အရွယ် မယားပါသမီးကို ပထွေးက ပြုကျင့်

အသက် ၁၄နှစ်အရွယ် မယားပါသမီးကို ပထွေးက ပြုကျင့်


ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ တာနှစ်ရာကျေးရွာတွင် မိခင်ဖြစ်သူ ဗွီဒီယိုသွားကြည့် နေခိုက် အသက် ၁၄နှစ်အရွယ် မယားပါသမီးကို ပထွေးက သားမယားပြုကျင့်မှု ဇူလိုင်လ ၃ရက်နေ့က ဖြစ်ပွားကြောင်း ရွှေကျင်နယ်မြေ ရဲစခန်းမှ သိရသည်။


မိခင်မှ ဗွီဒီယိုသွားကြည်မည်ဖြစ်၍ ယခင် အိမ်ထောင်ဖြင့် ရရှိသော အသက် ၁၄နှစ်အရွယ် သမီးဖြစ်သူကို ၎င်း၏ သူငယ်ချင်း နေအိမ်တွင် ညအိပ်ရန် စေလွှတ်ခဲ့တယ်။


ပထွေးဖြစ်သူက သူငယ်ချင်းနေအိမ်မှ လိုက်လံခေါ်ယူ၍ အလိုမတူဘဲ သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း အဖွားဖြစ်သူထံ ပြောပြချက်အရ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၁၄နှစ်အရွယ် သမီးကို သားမယားအဖြစ် ပြုကျင့်သည့်ခင်ပွန်းဖြစ်သူ ခိုင်ဇင်ထွန်း (၃၁ နှစ်)ကို ဥပဒေအရ အရေးယူပေးပါရန် ယနေ့ ဇူလိုင် ၅ ရက်နေ့ တိုင်ကြားသဖြင့် မြန်အောင်မြို့နယ်၊ ရွှေကျင်နယ်မြေ ရဲစခန်းမှ (ပ) ၁၈၀/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။


ဇင်ယော်(ပုသိမ်)Top Phoenix Media Group