မိန်းကလေးတစ်ဦး ၏ ဘဝအား ကယ်တင်ပေးခဲ့တဲ့ တက္ကစီယာဉ်မောင်း တစ်ဦး

2020-07-04 14:30:04


မိန်းကလေးတစ်ဦး ၏ ဘဝအား ကယ်တင်ပေးခဲ့တဲ့ တက္ကစီယာဉ်မောင်း တစ်ဦး

မိန်းကလေးတစ်ဦး ၏ ဘဝအား ကယ်တင်ပေးခဲ့တဲ့ တက္ကစီယာဉ်မောင်း တစ်ဦး


ကူညီသူ လူကောင်း တက္ကစီ ယာဉ်မောင်း နှင့် ပရဟိတ သတင်းအယ်ဒီတာ ၏ ကူညီမှု ကြောင့် အပျိုဖော်အရွယ် မိန်းကလေး တစ်ဦး ၏ ဘဝအား ကယ်တင်နိုင် ခဲ့သည့်ဖြစ်ရပ်အား ဂုဏ်ပြုအပ်ပေသည်။


၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက် နံနက်ပိုင်း Weekly Daily News သတင်းအေဂျင်စီ ၏ အယ်ဒီတာ တစ်ဦးဖြစ်သူ ရွှေကသစ် နှင့် တက္ကစီယာဉ်မောင်း တို့၏ ပရဟိတ စေတနာ မှန် ဖြင့် ကူညီပေးခဲ့သည့် ဖြစ်ရပ်။


ဧရာဝတီတိုင်းက ကလေးမလေး ကိုကယ်တင်နိုင်ခဲ့တဲ့ ရိုးသား တဲ့ တက္ကစီသမား နဲ့ တွေ့၍သာ မရိုးသားတဲ့သူ များ နှင့် သာ တွေ့ က အပျိုဖော် အရွယ် မိန်းကလေး တစ်ဦး၏ ဘဝ ပျက်သွားမည့် ဖြစ်ရပ် ၊ ဘဝပျက်မည့် ဖြစ်ရပ် မဖြစ်စေရန် ကူညီခဲ့သည့် သူများကို ဂုဏ်ပြုပါသည်။




မနက်စောစော အထုတ်လေးကိုင် တက္ကစီကို တားစီးပြီးသူ့ကို ကြိုက်တဲ့နေရာခေါ် ပို့ပါဆို၍ တက္ကစီသမားက ကျွန့်တော့်ထံဆက်သွယ် အကြောင်းကြားတယ် ကျွန်တော်က ကျွန်တော်အိမ်ခေါ်လာခဲ့ ပြောလို့ တက္ကစီယာဉ်မောင်းက အိမ်ကို ခေါ်လာ ပို့တယ် ကလေးမလေး ကို မေးမြန်း စစ် ဆေး လိုက်တော့အိမ်ဖော်မလုပ်ချင်၍ အိမ်ရှင်မနိုးခင် ထွက်ပြေးလာတာ သိရ၍


အိမ်ရှင် ထံဆက်သွယ် အကြောင်းကြားတော့ အိမ်ရှင်တွေကလည်း စိတ်ပူလိုက်ရှာနေကြတာ ပက်ပင်တိုးခဲ့၍ကောင်းမွန်စွာခေါ်အပ်နိုင်ခဲ့ဆက်၍ မခိုင်းချင်ပါက မရိုက်မနှက်ကြဘဲ ထိုကလေး၏ မိခင်အားပြန်အပ်ကြရန် မှာကြားအားလုံးအ ဆင်ပြေ၍အခက်အခဲ မရှိ ဒုက္ခမကြုံကြစေရန် ယနေ့ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာ မင်္ဂလာ တပါးပါ။




မှတ်ချက် အိမ်ရှင်များကောင်းတာသိ၍ပြန်အပ် နှံပေးခဲ့။ ကူညီသူများကို လေးစားဂုဏ်ယူ၍ ဖော်ပြလိုက်ရပါသည်။


အယ်ဒီတာချုပ် ရွှေကသစ်