ဗီယက်နမ်မှာ အရင်ဦးဆုံးဖွင့်လှစ်လိုက်တဲ့ ပထမဆုံး ရွှေသားအတိနဲ့ ဆောက်တဲ့ဟိုတယ်ကြီး

2020-07-04 10:32:22


ဗီယက်နမ်မှာ အရင်ဦးဆုံးဖွင့်လှစ်လိုက်တဲ့ ပထမဆုံး ရွှေသားအတိနဲ့ ဆောက်တဲ့ဟိုတယ်ကြီး

ဗီယက်နမ်မှာ အရင်ဦးဆုံးဖွင့်လှစ်လိုက်တဲ့ ပထမဆုံး ရွှေသားအတိနဲ့ ဆောက်တဲ့ဟိုတယ်ကြီး


ဗီယက်နမ်နိုင်ငံမှာ ပထမဆုံး ရွှေသားအုတ်ကြွပ်နဲ့ ဆောက်လုပ်တဲ့ ဟိုတယ်ကြီးကို အဦးအဖျားဆုံး ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ရွှေဟိုတယ်ကြီးဟာ ကြယ်ငါးပွင့်အဆင့်ရှိပြီး၊ အမည်မှာ Dolce Hanoi Golden Lake ဖြစ်ပါတယ်။


အခန်းတွင်း ပြင်ဆင်မှုတွေမှာတော့ (၂၄)ကာရက်ရှိတဲ့ ရွှေသားနဲ့ပြုလုပ်ထားတဲ့ ရေချိုးကန်၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ပရိဘောဂအချိနဲ့နဲ့ ရွှေရောင်တောက်ပနေတဲ့ လူမှုနေ့စဉ်သုံးပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဒီဟိုတယ်ကြီးဟာ ဟနွိုင်းမြို့တော်မှာ တည်ရှိပြီး၊ လူကုံထံသူဌေးသူကြွယ်တွေအတွက် ရည်ရွယ်တာပါ။


Dolce Hanoi Golden Lake ဟိုတယ်ဟာ (၂၅)ထပ်ပါတဲ့ အဆောက်ဦကြီးနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး၊ အခန်းပေါင်း (၄၀၀) ပါဝင်ပါတယ်။ ပိုင်ရှင်ကတော့ American Wyndham Hotels လုပ်ငန်းစုဖြစ်ပြီး၊ စီမံရေးရာ ကိစ္စအဝဝကို ယင်းလုပ်ငန်းစုက တာဝန်ယူကိုင်တွယ်နေတာပါ။


အခြားကြယ်ငါးပွင့် ဟိုတယ်တွေထက် ပိုမိုထူးခြားနေသလို၊ စျေးနှုန်းကလည်း မြင့်မားးတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် သူဌေးသူကြွယ်တွေအတွက်တော့ ဒီပမာဏက ပမွှားအဆင့်လောက်ပဲ ရှိမှာပါ။ အခန်းခမှာ တစ်ညတည်းခိုခအဖြစ် ပေါင် (၂၅၀) ကျသင့်မှာပါ။


ဌာနသဘောမျိုးနဲ့ ဒါမှမဟုတ် မိသားစုအခန်းကျယ်သဘောမျိုးနဲ့ ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်စတုရန်းမီတာလျှင် ပေါင် (၅၂၀၀)အထိ ကျသင့်မှာဖြစ်ပါတယ်။ ဟိုတယ်အတွင်းပိုင်း အခန်းဖွဲ့စည်းမှုမှာ သန့်စင်ခန်း မိလ္လာခွက်၊ လက်ဆေးကန်ကအစ ရွှေထည်အများစုနဲ့ ဖန်တီးပေးထားတာပါ။


ဟိုတယ်ခေါင်မိုးထက်မှာလည်း အဆုံးမဲ့ရေကန်ရှိပြီး၊ အောက်ခံအုတ်ပြားတွေဟာ ရွှေအုတ်ကြွပ်တွေနဲ့ ဖန်တီးထားလို့ ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ရေကန်ထဲမှာ ဇိမ်ရှိရှိ ရေစိမ်ရမှာ ဖြစ်ပါတယ်။ ခရိုနီတွေ အလွန်များပြားတဲ့ ဗီယက်နမ်မှာတော့ ဒီလို ဟိုတယ်တွေဟာ မကြာခင်မှာ အပြိုင်အဆိုင် ပေါ်လာဖို့ရှိနေပါတယ်။


လင်းဇော်ကို (D Nae Khit)