အမေရိကန်း (၉၀)%ကို ချေမှုန်းနိုင်တဲ့ အဆင့်မြင့်လက်နက်စနစ် ပိုင်ဆိုင်သွားတဲ့ တရုတ်

2020-07-03 21:51:58


အမေရိကန်း (၉၀)%ကို ချေမှုန်းနိုင်တဲ့ အဆင့်မြင့်လက်နက်စနစ် ပိုင်ဆိုင်သွားတဲ့ တရုတ်

အမေရိကန်း (၉၀)%ကို ချေမှုန်းနိုင်တဲ့ အဆင့်မြင့်လက်နက်စနစ် ပိုင်ဆိုင်သွားတဲ့ တရုတ်


တရုတ်နိုင်ငံဟာ အာကာသအခြေစိုက်စခန်းကနေ အလွယ်တကူတိုက်ခိုက်လို့ရတဲ့ အဆင့်မြင့်လက်နက်ကို ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ တရုတ်ဟာ အမေရိကန်ကို Nuclear Electromagnetic Pulse (EMP) လို့ခေါ်တဲ့ တိုက်ခိုက်မှုမျိုးနဲ့ ပထမဆုံး စတင်တိုက်ခိုက်မယ်ဆိုရင် အမေရိကန် ပင်မကုန်းမြေပေါ်မှ လူမျိုး (၉၀)%အထိ သေဆုံးစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။


တကယ်က အဲဒီလက်နက်ရဲ့ နည်းစနစ်ပိုင်းကို တရုတ်တွေက အမေရိကန်ဆီကနေ ခိုးယူနိုင်ခဲ့တာပါ။ အဆိုပါလက်နက်ဆန်းဟာ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စုတွေကို အလွယ်တကူ ဖျက်ဆီးနိုင်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်တဲ့ စနစ်တွေကို တိုက်ခိုက်တဲ့ စနစ်လို့ အလွယ်တကူ ပြောလို့ရပါတယ်။


အထူးသဖြင့် အမေရိကန်နဲ့ တင်းမာမှု အမြင့်ဆုံးဖြစ်နေတဲ့အချိန်မှာ ဒီသတင်းက ကန်ကြီးအတွက်တော့ ကောင်းတဲ့သတင်း မဟုတ်ပါဘူး။ဒီထုတ်ပြန်မှုကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။


တရုတ်တွေပိုင်ဆိုင်ထားတဲ့ ဒုံးကျည်တွေ၊ သံလိုက်စက်ကွင်းပစ်မှတ် တိုက်ခိုက်ရေးနဲု့ EPM စနစ်နဲ့တိုက်ခိုက်မှုဟာ အလွန်ကြောက်စရာကောင်းတဲ့ အစွမ်းရှိပြီး၊ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမျိုးသာ တရုတ်ဘက်က မပြောမအဆို လုပ်လာခဲ့ရင် ကန်တို့အတွက် ပျက်စီးထိခိုက်မှုက ကြောက်စရာ အနေအထား ဖြစ်ပါတယ်။


ဒီထုတ်ပြန်မှုကို EMP Task Force on Homeland and National Security ကနေ ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ လက်နက်နည်းပညာစနစ်ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပြီးနောက်၊ အမေရိကန်ထက် အဆင့်ပိုမြင့်တဲ့ EPM စနစ်ကို တီထွင်ထုတ်လုပ်နိုင်ခဲ့တာလို့လည်း EMP Task Force on Homeland and National Security က ဆိုပါတယ်။


EPM စနစ်ဟာ Low-yield Nuclear ကို အသုံးပြုထားတာ ဖြစ်ပြီး၊ လေထုအတွင်းမှာ အချိန်ကိုက်ပစ်လွှတ်ကာ၊ ထိုမှတစ်ဆင့် ဖျက်အားပြင်းစွမ်းအင်လှိုင်းတွေကို ဖန်တီးတာ ဖြစ်ပါတယ်။ ယင်းနောက် လျှပ်စစ်ဆိုင်ရာ Equipment တွေကို ဖျက်ဆီးပြီးနောက် မဟာဓာတ်အားစနစ်တွေကိုပါ ဖြိုခွဲပစ်မှာပါ။ ယင်းကဲ့သို့အခြေအနေမှာပဲ ဆိုက်ဘာတိုက်ခိုက်မှုကို ဆက်ပြီးပြုလုပ်သွားဖို့ ရှိပြီး-


ယင်းကဲ့သို့ လျှပ်စစ်ကင်းမဲ့သွားတဲ့နိုင်ငံမျိုးမှာ အဓိကရုဏ်းနဲ့အငတ်ဘေးတွေကို တရုတ်ဘက်က အကွက်ကျကျ ဖန်တီးသွားလို့ရတဲ့ အနေအထားပါတဲ့။ ဒီလို တိုက်ခိုက်မှုမျိုးဟာ ရုပ်ရှင်ဗွီဒီယိုတွေထဲလောက်မှာသာ ဖြစ်နိုင်ဖွယ်ရာရှိတယ်လို့ ထင်မြင်ရပေမယ့်၊ တကယ်လက်တွေ့အပိုင်းမှာလည်း ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ EPM စနစ်ဟာ အနုနည်းနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့စနစ်ပါ။


စီးပွားရေး လူမျိုးရေးကို နိမ့်ပါးသွားအောင် ပြုလုပ်တဲ့စနစ်ဖြစ်ပြီး၊ ကန်အနေနဲ့ တရုတ်က ဒီစနစ်ကို အသုံးပြုမယ်ဆိုပါက လူဦးရေ (၇၀)ရာခိုင်နှုန်းကနေ (၉၀)ရာခိုင်နှုန်းအထိ ပျက်စီးစေပါလိမ့်မယ်။ ပြောရရင် ကန်လူမျိုး (၂၉၅)သန်းဟာ အဓိကရုဏ်းနဲ့အငတ်ဘေးတွေကြောင့် အချိန်တိုအတွင်းမှာ ပြိုလဲသွားနိုင်ကြောင်း EMP Task Force on Homeland and National Security က သတိပေးခဲ့ပါတယ်။


ဘာသာပြန်-လင်းသုတ