ခရီးသွားဟန်လွှဲ အနေအထားနဲ့ ယာဉ်ရပ်နားကွင်းမှာပဲ ထင်မှတ်မထားဘဲ မီးဖွားခဲ့ရတဲ့ အမျိုးသမီး

2020-07-02 23:57:14


ခရီးသွားဟန်လွှဲ အနေအထားနဲ့ ယာဉ်ရပ်နားကွင်းမှာပဲ ထင်မှတ်မထားဘဲ မီးဖွားခဲ့ရတဲ့ အမျိုးသမီး

ခရီးသွားဟန်လွှဲ အနေအထားနဲ့ ယာဉ်ရပ်နားကွင်းမှာပဲ ထင်မှတ်မထားဘဲ မီးဖွားခဲ့ရတဲ့ အမျိုးသမီး


ကိုယ်ဝန်အရင့်အမာ လွယ်ထားရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရီးသွားဟန်လွှဲအနေအထားနဲ့ ယာဉ်ရပ်နားကွင်းမှာပဲ မီးဖွားခဲ့ရကြောင်း သိရပါတယ်။ တကယ်တော့ သူမဟာ မဟန်နိုင်တော့လို့ ဖလော်ရီဒါက Coral Springs မှာတည်ရှိတဲ့ Natural Birth Works ကို ကားနဲ့အမြန်သွားခဲ့တာပါ။


အဆိုပါ အမျိုးသမီးရဲ့အမည်ကတော့ Susan Anderson ဖြစ်ပါတယ်။ သူမဟာ Natural Birth Works ဆေးရုံအထိ တန်းမသွားနိုင်တော့ဘဲ ကားရပ်လျှင်ရပ်ချင်းမှာပဲ ကလေးမီးဖွားခဲ့တာပါ။ ကလေးကိုလည်း အောင်မြင်ဘေးကင်းစွာ -မွေးဖွားနိုင်ခဲ့ပါတယ်။




သမီလေးရဲ့အမည်ကတော့ Julia ဖြစ်ပါတယ်။ ကလေးမွေးချိန်မှာ ခင်ပွန်းဖြစ်သူ Joseph လည်း အနီးအနားမှာ ရှိနေပါတယ်။ သူကိုယ်တိုင် ဇနီးကို ကားမောင်းခေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကလေးမွေးနေတဲ့အချိန်မှာပဲ တက်ကျွမ်းတဲ့ လက်သည်တွေ ရောက်လာပြီး ကူညီပေးခဲ့ပါတယ်။


မက်တပ်ရပ်အနေအထားနဲ့ ကလေးမီးဖွားခဲ့တဲ့ Susan ဟာ ကလေးမြေပေါ်ကို မကျခင်မှာပဲ ဝမ်းဆွဲသည်က သမီးလေးကို အမိဖမ်းထားနိုင်ခဲ့လို့ ကံအလွန်ကောင်းခဲ့ပါတယ်။ မဟုတ်ရင် ကလေးဟာ အောက်မှာရှိတဲ့ ကတ္တရာနဲ့ ထိခိုက်မိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။




အခုအချိန်မှာတော့ Susan နဲ့ သမီးလေး Julia တို့နှစ်ယောက်စလုံး ကျန်းမာနေကြတယ်လို့ သိရပါတယ်။ သူမရဲ့အဆိုအရ ကားပေါ်က ဆင်းဆင်းချင်း ပထမဆုံးခြေလှမ်းမှာပဲ ကလေးက ဦးခေါင်းလာတိုးပြီး ထွက်စပြုလာခဲ့တယ်လို့ ဆိုပါတယ်။ သူမတို့ကို ရဲတွေကလည်း ကူညီမှုတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။



လင်းဇော်ကို (D Nae Khit)