စင်တင်ဘီယာဆိုင်မှ အမျိုးသမီးနှင့် တည်းခိုးခန်း သွားခဲ့သူ၏ကား ခိုးယူခံရ

2020-07-02 21:34:07


စင်တင်ဘီယာဆိုင်မှ အမျိုးသမီးနှင့် တည်းခိုးခန်း သွားခဲ့သူ၏ကား ခိုးယူခံရ

စင်တင်ဘီယာဆိုင်မှ အမျိုးသမီးနှင့် တည်းခိုးခန်း သွားခဲ့သူ၏ကား ခိုးယူခံရ


ဘီယာဆိုင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီးနှင့် တည်းခိုခန်းသွားခဲ့သူ၏ကား ခိုးယူခံရ၍ အမှုဖွင့် ထားကြောင်း သိရသည်။


၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ ညနေ ၃နာရီခန့်က ယာဉ်အမှတ်YGN—– TOYOTAအမျိုးအစား AXIO ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၃လမ်းရှိ PRIVACY 2 စင်တင်ဘီယာဆိုင်သို့ ရောက်ရှိ၍ ၎င်းဆိုင်မှ အလုပ်သမားဖြစ်သူ မအေမီကျော်(ခ)ဝိုင်းလေး နှင့် ခင်မင်ရင်းနှီးကာ ၎င်းအားခေါ်ဆောင်၍ ထောက်ကြန့် ရွှေနံ့သာကျေးရွာအုပ်စု ပုလဲလမ်းရှိ တည်ခိုးခန်းသို့ ရောက်ရှိကာ အခန်းအတွင်း နှစ်ဦးအတူ ဘီယာ သောက်ခဲ့ကြကြောင်း ဆိုသည်။


ထိုသို့ ဘီယာသောက်နေရာမှ တရားလိုအား မအေမီကျော်(ခ)ဝိုင်းလေးမှ အိမ်ခြံမြေ နှစ်ဦးသဘောတူ စာချုပ်အရောင်းအဝယ်စာချုပ်အား ပြသကာ တရားလိုထံမှ ငွေကျပ် သိန်း(၃၀)ချေးငှားရာ တရားလိုမှ မရှိသေးကြောင်းပြော၍ ဘီယာဆက်သောက်နေခဲ့ရာမှ တရားလိုမှာ အပေါ့သွားခြင်သဖြင့် အခန်းတွင်းရှိ အိမ်သာသို့ ဝင်သွားပြီ ပြန်ထွက်လာစဉ် မအေမီကျော် (ခ)ဝိုင်းလေးအား မတွေ့ရတော့ဘဲ စားပွဲပေါ်ရှိ ကားသော့လည်းမတွေ့တော့သဖြင့် ကားအား သွားကြည့်ရာ ကားလည်း မရှိတော့ကြောင်း ဆိုသည်။


တရားလိုမှ မအေးမီကျော်(ခ)ဝိုင်းလေးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အရေးကြီးကိစ္စရှိသဖြင့် ကားယူသွားကြောင်း ပြန်လာမည်ဖြစ်ကြောင်း ပြော၍ စောင့်နေခဲ့ရာမှ ပြန်ရောက်မလာဘဲ နောက်တစ်နေ့တွင် ဖုန်းထပ်မံဆက်သွယ်ရာ မအေမီကျော်(ခ)ဝိုင်းလေးမှာ ဘားအံရောက်နေကြောင်း ပြောပြီးနောက်ပိုင်းမှစ၍ ဖုန်းစက်ပိတ်ထားပြီး ယနေ့အချိန်ထိ ပြန်ရောက်မလာ သဖြင့် ကားအားယူဆောင်သွားသူ မအေမီကျော်(ခ) ဝိုင်းလေးအား ဥပဒေအရအရေးယူပေးပါရန် ၂၀၂၀ ခု ဇွန်လ ၃၀ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မအေးမီကျော်(ခ)ဝိုင်းလေး အား ထောက်ကြန့်နယ်မြေရဲစခန်းမှ (ပ)၉၇၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား) ဖြင့် စုံစမ်း စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


ညီညီ(လှိုင်သာယာ)

Top Phoenix Media Group