ထောင် ၁၂နှစ်ကျခဲ့ပြီး လွတ်ငြိမ်းဖြင့်လွတ်လာသူ အမျိုးသမီးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

2020-07-02 19:33:41


ထောင် ၁၂နှစ်ကျခဲ့ပြီး လွတ်ငြိမ်းဖြင့်လွတ်လာသူ အမျိုးသမီးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ထောင် ၁၂နှစ်ကျခဲ့ပြီး လွတ်ငြိမ်းဖြင့်လွတ်လာသူ အမျိုးသမီးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ


ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် မူးယစ်ဆေးမှုဖြင့် ထောင်၁၂ကျခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသော အမျိုးသမီးထံမှ မူးယစ်ဆေးဝါးများ ထံမံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၁ )ဗန်းမော် ထံမှသိရသည်။


ကချင်ပြည်နယ်၊ မူးယစ်တပ်ဖွဲ့စု (၁)ဗန်းမော်မှ ရဲအုပ်ကျော်စိုးဝင်း နှင့်တပ်ဖွဲ့ဝင်များ ၊ရှေ့တန်းအမှတ်၂၇၆ ခြေလျှင်တပ်ရင်းမှ ဗိုလ်ကြီးအောင်မျိုးကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မံစီမြို့မရဲစခန်းမှ ဒုတပ်ကြပ် သီဟမျိုး တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁ ရက်နေ့မွန်းလွဲ ၁ နာရီခွဲက မံစီမြို့နယ် မံသာနှင့် သံတံတားကျေးရွာသွား ကားလမ်း ၊


မံသာကျေးရွာအနီးလမ်းမပေါ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် သံတံတားရွာဘက်မှ မံသာကျေးရွာဘက်သို့ ခင်ပွန်းသည်မျိုးမင်းဦး မောင်းနှင်ပြီး ဇနီးဖြစ်သူ မရွှေဌေး နောက်ထိုင်လိုက်ပါ စီးနင်းလာသည့် ဆိုင်ကယ်အားရပ်တန် စစ်ဆေးရှာဖွေရာ မရွှေဌေး လွယ်ထားသည့် ပလိုင်းအတွင်းမှ တန်ဘိုးငွေ ကျပ်သိန်း ၉၈သိန်းခန့်ရှိ စိတ်ကြွဆေးပြား ၄၀၉၅ ပြား တို့အား ဖမ်းဆီးရမိကြောင်း ဆိုသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးမင်းဦး (၃၃ နှစ်)နှင့် ဇနီးဖြစ်သူမရွှေဌေး (၂၂ နှစ်)၊ ဂါရားယန်ကျေးရွာ၊ မံစီမြို့နယ် နေထိုင်သူများကို မံစီမြို့မရဲစခန်းမှ မယ(ပ) ၂၉/၂၀၂၀ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁တို့ဖြင့် အမှုဖွင့်၍ စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။


အဆိုပါ ပြစ်မှုကျူးလွန်သူ မရွှေဌေးမှာ ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့်ထောင် ၁၂ နှစ် ကျခဲ့ပြီး၊ ၂၀၂၀ တွင်

လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူ ဖြစ်ကြောင်း သိရသည်။


ရွှေခြံသား (ဗန်းမော် )

Top PhoenixMedia Group