အိန္ဒိယနိုင်ငံ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ၄၁၇ ဦးသေဆုံး

2020-06-30 19:32:31


အိန္ဒိယနိုင်ငံ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ၄၁၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ၄၁၇ ဦးသေဆုံး


အိန္ဒိယနိုင်ငံမှာ ဇွန် ၂၉ ရက်နေ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၈,၃၃၉ ဦးနဲ့ သေဆုံးသူ ၄၁၇ ဦးရှိခဲ့တယ်လို့ သိရပါတယ်။


ဇွန် ၂၈ ရက်နေ့ကလည်း ကူးစက်ခံရသူ ၁၉၆၂၀ ဦးနဲ့ သေဆုံးသူ ၃၈၄ ဦးရှိခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၅၆၇,၅၃၆ ဦးနဲ့ သေဆုံးသူ ၁၆၉၀၄ ဦးထိ ရှိလာပြီလို့ worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဇွန် ၂၈ ရက်နေ့ အတည်ပြုလူနာ နှစ်သောင်းနီးပါး တွေ့ရှိမှုဟာ နိုင်ငံမှာ အခုအချိန်အထိ တရက်တည်း အများဆုံး တွေ့ရှိရမှုလည်း ဖြစ်ပါတယ်။


ဒါပေမဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေအဆိုအရ ကျန်းမာရေးပြန်ကောင်းလာလို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်သူလူနာကလည်း ၃၀၉၇၁၃ ဦး ရှိထားတယ်လို့ သိရပါတယ်။


မဟာရတ်ရှ်ထရာ ပြည်နယ်က လူနာအများဆုံးတွေ့ရတာဖြစ်ပြီး ၁၅၉၁၃၃ ဦး ရှိပါတယ်။ ဒေလီနဲ့ တမီလ်နာဒူး တို့မှာလည်း အတည်ပြုလူနာ ၈၀,၀၀၀ ဝန်းကျင်တွေ့ထားတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


ကိုဗစ်-၁၉ ကပ်ဘေးဒဏ် အထိခိုက်ဆုံးဖြစ်ခဲ့တဲ့ မဟာရာသျှတရ ပြည်နယ်မှာတော့ အားကစားခန်းမတွေနဲ့ ဆံသဆိုင်တွေကို ဇွန် ၂၈ က ပြန်ဖွင့်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ဘဏ္ဍာရေးအချက် အချာဖြစ်တဲ့ မွန်ဘိုင်းမြို့တည်ရှိရာ ဒီပြည်နယ်ဟာ တနိုင်ငံလုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုရဲ့ ၂၅ ရာခိုင်နှုန်း ရှိနေတာပါ။


လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယဟာ အမေရိကန်၊ ဘရာဇီး၊ ရုရှားတို့ပြီးနောက် ကမ္ဘာ့စတုတ္ထမြောက် ကိုဗစ်-၁၉ ကပ်ဘေးဒဏ် အခံရဆုံးနိုင်ငံဖြစ်ပါတယ်။


DVB TV News