စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကို “နင့်အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောခေါ်ကာ သားမယားပြုကျင့်

2020-06-30 19:31:35


စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကို “နင့်အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောခေါ်ကာ သားမယားပြုကျင့်

စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကို “နင့်အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောခေါ်ကာ သားမယားပြုကျင့်


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်နေထိုသည့် အသက် ၃၄နှစ် စိတ်ကျန်းမာရေး မကောင်းသူကို “နင့်အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောခေါ်ကာ သားမယားပြုကျင့် သူအား ဖမ်းဆီးအရေးယူထားကြောင်း ပဲခူးရဲတပ်ဖွဲ့ရုံးမှ သိရသည်။


ပဲခူးမြို့တွင်းဘက်သို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း အတိုင်း ဇွန်လ ၂၅ရက်နေ့ ည ၇နာရီခွဲအချိန်ခန့်တွင် လမ်းလျှောက်လာသည့် အသက် ၃၄နှစ် စိတ်ကျန်းမာရေး မကောင်းသူက ဗိုလ်ချုပ်အောင်ဆန်း လမ်းထိပ်အရောက် အမည်မသိအမျိုးသား တစ်ဦး (လူမြင်လျှင် မှတ်မိ)မှ”နင့် အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောပြီး


ပဲခူးမြို့၊ ဥသာမြို့သစ်၊ အမှတ်(၈)ရပ်ကွက်၊ မြို့ရှောင်လမ်းအနီးရှိ လူမနေသည့် တဲဟောင်းတစ်လုံး အတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် ဇွန်လ ၂၇ ရက်နေ့ ၁နာရီကျော်ခန့်တွင် လာရောက် တိုင်ကြားကြောင်း ဆိုသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူရသောသူကို ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ လိုက်လံ ဖမ်းဆီးရာ ဇွန်လ ၂၈ရက်နေ့ ၎င်းနေထိုင်ရာ ကလိကျေးရွာအရှေ့ပိုင်း၊ ပဲခူးမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။


ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဒီလုံး(ခ)မော်စီတုံး (ခ)အောင်မိုး (၄၆ နှစ်)အား စစ်ဆေးမေးမြန်းရာ


ပြစ်မှုကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။


သက်ပိုင်(ဖီးနစ်)Top Phoenix Media Group