ဝယ်ထားတာ မိနစ်(၂၀)သာရှိသေးတဲ့ ပေါင်(၂)သိန်းကျော်တန် လန်ဘော်ဂီနီ ကားသစ်ကြီးရဲ့အဖြစ်

2020-06-29 21:04:02


ဝယ်ထားတာ မိနစ်(၂၀)သာရှိသေးတဲ့ ပေါင်(၂)သိန်းကျော်တန် လန်ဘော်ဂီနီ ကားသစ်ကြီးရဲ့အဖြစ်

ဝယ်ထားတာ မိနစ်(၂၀)သာရှိသေးတဲ့ ပေါင်(၂)သိန်းကျော်တန် လန်ဘော်ဂီနီ ကားသစ်ကြီးရဲ့အဖြစ်


စျေးနှုန်းအားဖြင့် ပေါင် (၂၁၅၀၀၀)အထိပေးရတဲ့ လန်ဘော်ဂီနီ ကားသစ်တစ်စီးကို ဝယ်ယူသွားတဲ့ အမျိုးသားအဖို့ ပျော်ရွှင်မှုကို မိနစ်(၂၀)ကျော်ကြာအောင် မခံစားလိုက်ရပါဘူး။ လက်ရှိငွေပေါက်စျေးနဲ့ဆိုရင် ဒီကားသစ်ကြီးရဲ့ တန်ဖိုးဟာ မြန်မာကျပ်ငွေ သိန်းပေါင်း (၃၇၀၀)ကျော် ဖြစ်ပါတယ်။


ကားသစ်ကြီးဟာ အရောင်းပြခန်းကနေ ဝယ်လာလို့ မိနစ်(၂၀)လောက်အကြာ လိဒ်မြို့အနီး M1 အမြန်လမ်းမှာ မတော်တဆမှုဖြစ်ပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားပါတော့တယ်။ ကားရဲ့မော်ဒယ်ကတော့ Hurucan Performante အမျိုးစား စူပါစပေါ့ကားဖြစ်ပါတယ်။


ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့နေရာကတော့ Flushdyke အနီးက လမ်းဆုံ(၄၀)နဲ့ Durkar အနီးက လမ်းဆုံး(၃၉)အကြားမှာဖြစ်ပြီး၊ West Yorkshire Police အမြန်လမ်းရဲတပ်ဖွဲ့မှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ Richard Whitely က ဒီဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။


သူရဲ့ ပို့စ်မှာတော့ ဝယ်လာတဲ့ ကားသစ်ကြီးဟာ (၃)လမ်းမှာ စက်ချို့ယွင်းလို့ ခေတ္တရပ်ခဲ့ပါသေးတယ်။ သို့ပေမယ့် မောင်းရလို့ ဆက်မောင်းစဉ်မှာပဲ ကားတစ်စီးက လန်ဘော်ဂီနီနောက်ပိုင်းကို ဝင်စောင့်လိုက်လို့ ကားလေးဟာ လမ်းမအလယ်မှာ စကြာတစ်ခုလို ခြာခြာလည်သွားတယ်လို့ ဆိုပါတယ်။


ကားဝယ်သူအနေနဲ့ ယာဉ်အန္တရာယ် အာမခံထားရှိရင်တော့ အရှုံးမရှိနိုင်ပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ ကားဝယ်တဲ့နေ့မှာ ယာဉ်အာမခံလုပ်ကြလေ့ မရှိကြပါဘူး။ တစ်လကောင်းကောင်း နှစ်လကောင်းကောင်းလောက် စီးပြီးမှ ယာဉ်အာမခံ လုပ်လေ့ရှိပါတယ်။ ပိုင်ရှင်အသစ်အနေနဲ့ ဒါကို ကြိုသိပြီး အာမခံလုပ်ခဲ့ရင်တော့ ခံသာပါလိမ့်မယ်။


လင်းဇော်ကို (D Nae Khit)