ထောင်က ပြန်လွတ်လို့ နာရီအနည်းငယ်သာရှိသေးတဲ့ ရာဇဝတ်သားက လူသတ်မှု ထပ်မံကျူးလွန်ခဲ့

2020-06-28 15:24:06


ထောင်က ပြန်လွတ်လို့ နာရီအနည်းငယ်သာရှိသေးတဲ့ ရာဇဝတ်သားက လူသတ်မှု ထပ်မံကျူးလွန်ခဲ့

ထောင်က ပြန်လွတ်လို့ နာရီအနည်းငယ်သာရှိသေးတဲ့ ရာဇဝတ်သားက လူသတ်မှု ထပ်မံကျူးလွန်ခဲ့


အသက်(၇)နှစ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်ဟာ ထောင်က ပြန်လွတ်လို့ နာရီအနည်းငယ်သာရှိသေးတဲ့ ရာဇဝတ်သားက သေနတ်နဲ့ပစ်သတ်လို့ သေခဲ့ရပါတယ်။ အဆိုပါ ကလေးမလေးအမည်ကတော့ Aaliyah Norris ဖြစ်ပါတယ်။


လူသတ်သမားအမည်မှာ Shaquille Francis ဖြစ်ပြီး၊ ထောင်ကလွတ်လို့ (၄)နာရီအကြာမှာပဲ လူသတ်မှု ကျူးလွန်ခဲ့တာပါ။ Francis ဟာ Norris ရဲ့ဦးခေါင်းကို သေနတ်နဲ့ ရက်စက်စွာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ Francis ကိုတော့ ပြစ်မှုကျူးလွန်ပြီး နာရီပိုင်းအကြာမှာပဲ ရဲက ဖမ်းဆီးနိုင်ခဲ့တာပါ။


ကလေးမလေး Norris ကိုတော့ သက်ဆိုင်ရာက ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် ရောက်ပြီးသိပ်မကြာမီမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ Forest City Police ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ Chris LeRoy က လူသတ်တရားခံကို ဖမ်းဆီးထားပြီဖြစ်ကြောင်း၊ အသေးစိတ် စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုပါတယ်။


အခြားသတင်းတစ်ရပ်မှာတော့ Francis ကိုယ်တိုင် ရဲစခန်းကို လာရောက်အဖမ်းခံခဲ့တာလို့ ဆိုပါတယ်။ ဘာကြောင့် Norris ကို သတ်ဖြတ်ခဲ့တာလဲဆိုတာကိုတော့ သူက ဖြောင့်ချက်မပေးသေးပါဘူး။ Francis ဟာ (၂၀၁၇)ခုနှစ်တကည်းက ပြစ်မှုမှတ်တမ်း ရှိခဲ့သူပါ။


သူဟာ အကြမ်းဖက်တိုက်ခိုက်မှု သုံးကြိမ်၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတစ်မှု၊ လူတစ်ယောက်ကို သေစေလိုတဲ့သဘောနဲ့ သတ်ရန်ကြိုးစားအားထုတ်မှုစတဲ့ ပြစ်မှုတွေနဲ့ အဖမ်းဆီးခံခဲ့ရပြီး၊ လက်ကျန်သက်တမ်း အနည်းငယ်အကြာမှာ အာမခံငွေ ပေးသွင်းပြီး လွတ်မြောက်လာခဲ့သူလို့ သိရပါတယ်။


လင်းဇော်ကို (D Nae Khit)