မန္တလေးမြို့လယ်ခေါင်ဆိုင်ကယ်စီးလာသည့် စုံတွဲ သေနတ်ပစ်ခတ်ခံရ

2020-06-28 15:21:19


မန္တလေးမြို့လယ်ခေါင်ဆိုင်ကယ်စီးလာသည့် စုံတွဲ သေနတ်ပစ်ခတ်ခံရ

မန္တလေးမြို့လယ်ခေါင်ဆိုင်ကယ်စီးလာသည့် စုံတွဲ သေနတ်ပစ်ခတ်ခံရ


ကိုယ်ဝန်သည်အမျိုးသမီးငယ်ကို ဖမ်းချုပ်ပြီး၊ ဗိုက်ထဲက,ကလေးကို အတင်းခွဲယူခဲ့တဲ့ အမျိုးသမီး

သူငယ်ချင်းတွေနဲ့ တောင်တက်ခရီးစဉ် လိုက်ပါခဲ့တဲ့ ကျောင်းသားလေး၊ စပါးအုံးမြေ အမျိုခံရပြီး သေဆုံး

မန္တလေးမြို့လယ်ခေါင်ဖြစ်သည့် ၂၆လမ်း၊၇၈လမ်း နှင့် ၇၉လမ်းတွင် မီးနီရပ်စောင့်နေသော သမီးရည်းစားစုံတွဲ ဆိုင်ကယ်အား အမည်မသိ နှစ်ဦးက နောက်မှ သေနတ်ဖြင့် ပစ်ခတ်မှု ဇွန်(၂၇) ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။


အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူထဲက တစ်ဦးကို မဟာအောင်မြေမှာ ဖမ်းဆီးမိရပြီး၊ အဓိက သေနတ်ဖြင့် ပစ်ခတ်က လွတ်မြောက်နေကြောင်း သိရသည်။

ဖမ်းဆီးရမိသူကို အမှတ်(၉)မှာ စစ်ဆေး နေကြောင်း သိရသည်။


အသက် ၁၇နှစ်အရွယ်၊ စက်မှု(၁)၊ ပြည်ကြီးတံခွန်မြို့နယ် တွင် နေထိုင်သည့် လူငယ်တစ်ဦးက ၎င်း၏ ရည်းစားနှင့် အတူ ဆိုင်ကယ်ဖြင့် ကျုံးတောင်ဘက်ခြမ်း အရှေ့မှ အနောက် ၂၆လမ်းအတိုင်း မောင်းနှင်လာစဉ် ၇၈ လမ်းနှင့် ၇၉လမ်းကြားအရောက် မီးပွိုင့်တွင် မီးနီ၍ ရပ်စောင့်နေစဉ် အမည်မသိအမျိုးသားနှစ်ဦးစီးနှင်းလာပြီး ဆိုင်ကယ် တစ်စီး ၎င်းတို့နောက်မှရောက်ရှိလာကာ သေနတ်ဟု ယူဆရသောအရာဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။


ပစ်ခတ်ခံရခြင်းကြောင့် အသက်(၁၇)နှစ် အရွယ် အမျိုးသားတွင် နံဘေးဖောက်ဝင် ထိခိုက်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရသူ၏ ဖခင်က တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၁၁၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၀၇/၃၂၆ တို့ဖြင့် အမှုဖွင့်၍ စစ်ဆေးလျှက်ရှိပြီး၊ ထွက်ပြေး လွှတ်မြောက်နေသည့် ကျူးလွန်သူကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။


Top Phoenix Media Group