ဇွဲကပင်တောင်မှာပျောက်ဆုံးသွားတဲ့ ကျောင်းသူလေးကို ရာသီဥတုအခက်အခဲကြားမှာ ဒရုန်းဖြင့်တွေ့အောင်ရှာပေးခဲ့သူ

2020-06-28 12:54:03

ယခု သတင်းကို ( Saw Myint Zaw ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

ကရင်ပြည်နယ်ဓာတ်ပုံအသင်းသား စောဒီးကူအား ဂုဏ်ပြုပါ၏

ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသော သမီးငယ်ကို ရှာဖွေရန်အတွက် လူမှုကူညီရေးအဖွဲ့မှ ဒရုန်းရှိသူများကို အကူအညီတောင်းဆိုရာ စောဒီးကူ က ဒရုန်းဖြင့် ကူညီရှာဖွေရာတွင်

ရာသီဥတုအခြေအနေကြောင့် ခက်ခဲသည်ကတစ်ကြောင်း မောင်းနှင်မှုအထာမနပ်လျှင် မိမိအသက်မွေးသည့်ဒရုန်းပါ ပျက်စီးပျောက်ကွယ်နိုင်သည်က တစ်ကြောင်းသိသော်လည်း ရာသီဥတုအပြောင်းအလဲကို စက္ကန့်မိနစ်ပိုင်းကိုအသုံးချ၍ ရှာဖွေတွေ့ရှိခဲ့သည့်အပေါ် ကရင်ပြည်နယ်ဓာတ်ပုံအသင်းအနေဖြင့် များစွာဂုဏ်ယူဝမ်းသာပါကြောင်း မှတ်တမ်းတင်အပ်ပါသည်

သေချာတဲ့အဖြေတစ်ခု ရရှိဖို့အတွက် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ပေးကြသော

#ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့ #မာဃလူမှုကယ်ဆယ်ရေးအဖွဲ့ #မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ဝိုင်ဝန်းကူညီပေးကြသူများ အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။

Crd-Saw Myint Zaw/Sayalone