အုပ်စုဖွဲ့အဓမ္မကျင့်စဉ်၊ အားရှိသလောက် ပြန်လည်တိုက်ခိုက်တဲ့ ကလေးမလေးရဲ့ ကံကြမ္မာ

2020-06-28 11:34:14


အုပ်စုဖွဲ့အဓမ္မကျင့်စဉ်၊ အားရှိသလောက် ပြန်လည်တိုက်ခိုက်တဲ့ ကလေးမလေးရဲ့ ကံကြမ္မာ

အုပ်စုဖွဲ့အဓမ္မကျင့်စဉ်၊ အားရှိသလောက် ပြန်လည်တိုက်ခိုက်တဲ့ ကလေးမလေးရဲ့ ကံကြမ္မာ


အသက်(၁၄)နှစ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမကို လူနှစ်ယောက်က အုပ်စုဖွဲ့အဓမ္မကျင့်စဉ်မှာ အားရှိသလောက် ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့်၊ အဓမ္မသမားတွေက သူမကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း သိရပါတယ်။


ဒီအဖြစ်အပျက်ဟာ အလွန်ရက်စက်တဲ့ အဓမ္မမှုတွေအဖြစ်များတဲ့ အိန္ဒိယမှာပဲ မလွဲမသွေ ဖြစ်ခဲ့တာမို့ အာဏာပိုင်တွေအနေနဲ့ ဆယ်စုနှစ်တစ်စုနီးပါး ကလေးသူငယ် မုဒိမ်မှုပပျောက်ရေး ဆောင်ရွက်ခဲ့တဲ့ကိစ္စဟာ မအောင်မမြင် အကြောင်းမထူးပဲ၊ Data တွေအရ ပိုဆိုးလာခဲ့တယ်လို့တောင် ဆိုကြပါတယ်။




ဒီကောင်မလေးကတော့ ခန္ဓာကိုယ်ရဲ့ (၈၀)%အထိ မီးလောင်ကျွမ်းခံရပြီး၊ ဆေးရုံမှာ သေဆုံးခဲ့ရပါတယ်။ သူမဟာ အခင်းဖြစ်တဲ့နေ့ ဇွန်လ(၂၂)ရက်နေ့က နေအိမ်နဲ့ ပေ(၆၅၀)အဝေးမှာ ဆိတ်ကျောင်းနေစဉ် လူနှစ်ယောက်ရောက်လာပြီး၊ သူမကို ဗလက္ကာယ ပြုခဲ့တာပါ။


Bemetara Superintendent of Police အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ Divyang Patel က ကလေးမလေးကို တစ်ယောက်ကချုပ်ပြီး၊ တစ်ယောက်က ဝင်လုံးစဉ်မှာ ကလေးမလေးက ကိုက်ခြင်း၊ ခြေထောက်နဲ့ကန်ခြင်း၊ အော်ဟစ်အကူအညီတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။


နောက်ဆုံးတော့ မုဒိမ်းသမားနှစ်ဦးဟာ စိတ်ကူးပြောင်းသွားပြီး၊ ကလေးမလေးကို ရက်ရက်စက်စက် ထိုးကြိတ်ကန်ကျောက်ပြီး ရေနံဆီနဲ့လောင်းကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပါတယ်။ ကလေးမလေးဟာ ဇွန်လ (၂၅)ရက်မှာ ရရှိထားတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။




ကလေးမလေးဟာ အလယ်တန်းကျောင်းသူတစ်ယောက် ဖြစ်ပြီး၊ အဓမ္မသမားနှစ်ဦးကတော့ တစ်ဦးမှာ အသက်(၁၄)နှစ်သာ ရှိသေးပြီး၊ တစ်ဦးကတော့ အသက်(၂၂)နှစ် ဖြစ်ပါတယ်။ အဲဒီလူရဲ့အမည်ကတော့ Sharad Jaiswal လို့ သိရပါတယ်။ လောလောဆယ် နှစ်ဦးစလုံး ထွက်ပြေးတိမ်းရှောင်နေပါတယ်။


လင်းဇော်ကို (D Nae Khit)