ကင်ဂျုံအန်ဟာ ကိုဗစ်ကြောင့်သေဆုံးခဲ့ဟန်ရှိကြောင်း သတင်းထွက်ပေါ်

2020-06-28 11:24:38


ကင်ဂျုံအန်ဟာ ကိုဗစ်ကြောင့်သေဆုံးခဲ့ဟန်ရှိကြောင်း သတင်းထွက်ပေါ်

ကင်ဂျုံအန်ဟာ ကိုဗစ်ကြောင့်သေဆုံးခဲ့ဟန်ရှိကြောင်း သတင်းထွက်ပေါ်


ဗြိတိန်အခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ The Sun သတင်းစာမှာတော့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်ဟာ ကိုဗစ်ကြောင့် သေဆုံးခဲ့ဟန်ရှိကြောင်း ဖော်ပြထားပါတယ်။ အဓိကအားဖြင့်တော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုရဲ့စကားကို ကိုးကားပြီး ကောက်ချက်ချတဲ့ သဘောပါ။ မြောက်ကိုရီးယားအနေနဲ့ သူတို့ဆီမှာ ကိုဗစ်ကူးစက်သူ တစ်ယောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဒါပေမယ့် မြောက်ကိုရီးယားရဲ့ထုတ်ပြန်မှုဟာ လူရယ်စရာဖြစ်ခဲ့ပြီး၊ မြောက်ကိုရီးယားအနေနဲ့ ကပ်ရောဂါရဲ့ပထမအဆင့် ကာလအတွင်းမှာတောင် တရုတ်နဲ့ ကူးချည်သန်းချည်လုပ်နေတဲ့ ကုန်တင်ကားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို တားမြစ် ပိတ်ပင်ခြင်း မရှိခဲ့ပါဘူး။ တောင်ကိုရီးယားအခြေစိုက် NK Daily မှာ သူတို့ သတင်းဖော်ပြစဉ်က လူ(၂၀၀)ကျော် တစ်နေ့တည်း သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။




ကင်ဂျုံအန်ဟာ ဧပြီလ(၁၁)ရက်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာပါ။ ယင်းနောက် ဧပြီ(၁၅)နေ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သူရဲ့အဖိုး ကင်အီဆောင်ရဲ့ မွေးနေ့ စစ်ရေးပြအခမ်းအနားကိုတောင် မတက်နိုင်တော့ဘဲ၊ ရက်သတ္တနှစ်ပတ်ကြာ ပျောက်ကွယ်နေပြီးနောက်၊ မေလ(၁)ရက်နေ့ မေဒေးအထိန်းအမှတ် ဓာတ်မြေသြဇာ စက်ရုံဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။




ဇွန်လ (၇)ရက်နေ့မှာတော့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို တက်ရောက်မိန့်ခွန်းပြောတဲ့ဓာတ်ပုံတွေ ပေါ်ထွက်လာပါသေးတယ်။ အဲဒီနေ့ကနေ အခုအချိန်ထိ ကင်ဟာ မြောက်ကိုရီးယား ရုပ်သံမြင်ကွင်းထက်မှာ ထူးထူးဆန်းဆန်း ပြန်လည်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီအတွက် ဂျပန်အစိုးရဘက်က အတော်လေးကို သံသယဝင်စရာကောင်းတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်လို့ မှတ်ချက်ပေးခဲ့တာပါ။




ဇွန်လ (၂၅)ရက် ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ကင်ဂျုံအန်သေဆုံးပြီလို့ တိုက်ရိုက်မပြောပေမယ့်၊ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေ ရင်ဆိုင်နေရဟန်ရှိတယ်လို့ မိမိတို့ သံသယဝင်မိကြောင်း၊ ကိုဗစ်ကြောင့် ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။ သူရဲ့စကားကြောင့် ကင်ဟာ ကိုဗစ်ကြောင့် သေဆုံးပြီလို့ ယတိပြတ် ကောက်ချက်ချသူတွေ ရှိခဲ့ပါတယ်။


တာရိုကိုနိုရဲ့အဆိုအရ ဂျပန်နဲ့ အမေရိကန်တို့ဟာ သတင်းအချက်အလက် လဲလှယ်ခြင်းတွေရှိပြီး၊ သူ့အနေနဲ့တော့ စုံစမ်းထောက်လှမ်းရေးက ရရှိတဲ့သတင်းအချက်အလက်တွေကို အပြည့်အဝ ပြောခွင့်မသာဘူးလို့ ဆိုပါတယ်။ ကင်ဟာ (၂၀၁၄)ခုနှစ်တုန်းကလည်း ရက်ပေါင်း(၄၀)ကြာ အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့ဖူးပြီး၊ ထိုစဉ်က ဒူးခေါင်း ခွဲစိတ်မှုခံယူခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


ဘာသာပြန်-လင်းသုတ


Ref ; The Sun