စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်

2020-06-27 19:28:06


စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်

စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်


အချစ်၊ အလွမ်းနဲ့ ရသစာပေများရေးသားတဲ့ စာရေးဆရာ နွမ်ဂျာသိုင်းဟာ ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ ဒီကနေ့ ဇွန် ၂၇ ရက်မွန်းလွဲပိုင်းက ကွယ်လွန်သွားပြီဖြစ်ပါတယ်။


စာရေးဆရာနွမ်ဂျာသိုင်း(ခ) ဦးဝင်းမြင့်မောင်ဟာ “ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်”၊ “တစ်ခါ တုန်းက တက္ကသိုလ်မှာ” ၊ “တစ်ပင်တည်း ရင်ထဲကနွယ်”၊ “နှစ်နားကပ်လို့ တိုင်ပင်ချင်တယ်”၊ “ယုံအောင်လည်းပြောတတ်တယ် လွမ်းအောင်လည်း ချွဲတတ်တယ်” စတဲ့ နာမည်ကြီးဝတ္ထုတွေအပါအဝင် လုံးချင်းဝတ္ထုနဲ့ ဝတ္ထုတိုများစွာရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ဦးဖြစ်ပါတယ်။


စာပေဟောပြောပွဲမြောက်မြားစွာလည်း ဟောပြောခဲ့သူဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းတော်တော်များများဟာ ၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေမှာ ရုပ်ရှင်ဗီဒီယိုတွေအဖြစ် ပြန်လည် ရိုက်ကူးအောင်မြင်ခဲ့ပါတယ်။


ဓာတ်ပုံ-မေမြတ်ဝါဆိုဖေ့စ်ဘွတ်ခ်


BBC Burmese