တစ်ကြိမ်သယ်လျှင် ကျပ်နှစ်သိန်း ရယူသော အမျိုးသမီး ဖမ်းဆီးခံရ

2020-06-27 19:26:37


တစ်ကြိမ်သယ်လျှင် ကျပ်နှစ်သိန်း ရယူသော အမျိုးသမီး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံသာ-သံတံ လမ်းတွင် ဆိုင်ကယ်နောက် ထိုင်စီးနင်းလိုက်ပါသည့် အမျိုးသမီး တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစါတပ်ဖွဲ့စု (၁)ဗန်းမော်ထံမှ သိရသည်။


ဗန်းမော်မူယးစ်တပ်ဖွဲ့စု (၁ ) မြို့ပေါ် လှုပ်ရှားအဖွဲ့ မှ ရဲအုပ် ကျော်စိုးဝင်း ဦးစီးအဖွဲ့များ၊ မံစီမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ နှင့် သက်သေများက ဇွန် ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါး သတင်းအရ မံစီမြို့နယ်၊ မံသာကျေးရွာ အနီး မံသာနှင့်သံတံတား ကားလမ်မပေါ်တွင် စောင့်ဆိုင်းနေစဉ် သံတံတားရွာမှ မံသာကျေးရွာဘက်သို့ ဘရန်နူးအောင် မောင်းနှင်ပြီး မမွန်းဆန့်ဂျာ နောက်တွင် လိုက်ပါစီးနင်းလာသည့်

ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြရာ မမွန်းဆန့်ဂျာ ဝတ်ဆင်ထားသည့် အနွေးထည်နှင့် ရှေ့ဝမ်းဗိုက် ကိုယ်ကြားတွင် စိတ်ကြွဆေးပြား ၂၅၃၅ ပြား ကာလတန်ဘိုး ငွေကျပ် ၅၀၇၀၀၀၀ တို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။


၎င်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့အား စီခန်းကြီးနှင့် မံစီမြို့ကြားလမ်းမတွင် စည်သူဆိုသူက ပေးတယ်။ အမည်မသိ တစ်ယောက်အား ပို့ခိုင်းစေပြီး သယ်ပေးခ ကျပ်နှစ်သိန်း ရရှိကြောင်း၊ ငါးကြိမ် သယ်ပေးပြီးပြီ။ ယခု သွားရောက် သယ်ယူပို့ဆောင်ရာသို့ မောင်ဝမ်းကွဲ ဘရန်နူးအောင်အား ခေါ်ပြီး၊ စိတ်ကြွဆေးပြားများကို သယ်ယူလာစဉ် အဖမ်းခံရကြောင်း မွန်းဆန့်ဂျာမှ ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်တပ်ဖွဲ့စု ( ၁ ) ဗန်းမော်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မံစီမြို့မရဲစခန်းက မယ (ပ ) ၂၇ /၂၀၂၀ ၊မူ/းစိတ် ပုဒ်မ၁၉ (က)/၂၀ (က)/၂၁ (က ) အရ အမှုဖွင့်၍ ဘရန်နူးအောင် (၂၁ နှစ်)၊ နှင့် မမွန်းဆန့်ဂျာ (၂၆ နှစ်)တို့အား စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။


ရွှေခြံသား (ဗန်းမော်)

Top Phoenix Media Group