ကလေးသူငယ်တရား၌ရုံးစစ်ဆေးဆဲ တရားခံတစ်ဦးသေဆုံး

2020-06-27 18:44:47


ကလေးသူငယ်တရား၌ရုံးစစ်ဆေးဆဲ တရားခံတစ်ဦးသေဆုံး

ကလေးသူငယ်တရား၌ရုံးစစ်ဆေးဆဲ တရားခံတစ်ဦးသေဆုံး


မော်လမြိုင်လူငယ်သင်တန်းကျောင်း၌ထားရှိ ထားသော တရားရုံးစစ်ဆေးဆဲ မူးယစ်ဆေးအမှုမှတရားခံတစ်ဦးသေဆုံးကြောင်း အကြောင်းကြားလာသဖြင့် တရားခံသေဆုံးမှုအရအမှုပိတ်သိမ်းခဲ့ကြောင်းသိရသည်


“ဇွန်လ ၂၄ ရက် ညနေ ၄နာရီက မော်လ မြိုင်ဆေးရုံမှာ သေသွားတယ် ဆိုပြီး လူ ငယ် သင်တန်းကျောင်းကစာနဲ့တင်ပြလာလို့ ဇွန် ၂၅ ရက်နေ့မှာ အမှုပိတ်သိမ်းခဲ့တာပါ “ဟု ပေါင်မြို့နယ်တရားသူကြီး ဒေါ် အေးမိသူ ကပြောသည်


သေဆုံးသူမှာ ပေါင်မြို့ ကဒါရပ်ကွက် မြို့သစ် ၄လမ်းမှ စိုးပိုင်ဦး ၁၇ နှစ် (ဘ)ဦးကျော်မိုးအောင်ဖြစ်ပြီး(၂၇ . ၂.၂၀၂၀ ) ရက်နေ့ ကမုပွန်ရဲစခန်းအပိုင်တွင် wyဆေးပြား ၁၂၀၀ နှင့်အတူ

အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု မော်လမြိုင်မှ ဒုရဲမှုး စောမိုးအောင်နှင့်အဖွဲ့ မှ ဖမ်းဆီးထားခြင်းခံရပြီး


ကွင်းဆက်အမှုဖြင့်ပေါင်မြို့တွင်လည်း မူးယစ်ဆေးဝါးများ ထပ်မံဖေါ်ထုတ် ဖမ်းဆီးရမိသဖြင့် ပေါင်ရဲစခန်း မယ(ပ)၆/၂၀၂၀ မူးယစ်စိတ်ပြောင်းဆေးဝါးဥပဒေပုဒ်မ ၁၉(က)/၂၁ဖြင့် ထပ်မံအရေးယူခြင်းခံရသူလည်းဖြစ်သည်


အသက်၁၈နှစ်မပြည့်သေးသူ စိုးပိုင်ဦးအား ပေါင်မြို့နယ် ကလေးသူငယ်တရားရုံးက ရာကြီးမှုအမှတ် ၂၁/၂၀၂၀ ဖြင့် လက်ခံစစ်ဆေးဆဲတွင် မော်လမြိုင် မြို့ရှိလူငယ်သင်တန်းကျောင်း၌ထိမ်းသိမ်းထားခဲ့ရာမှ ဇွန် ၂၄ ရက်က မော်လမြိုင် မြို့ ပြည်သူ့ဆေးရုံကြီးဖျားနာဆောင် ၂တွင်သေဆုံးခြင်းဖြစ်ကြောင်းသိရသည်


ဝရဇိန် ပေါင်