‘ခွေး’တောင် မအုပ်ချုပ်နိုင်သော အုပ်ချုပ်ရေးမှူးဟု ဆဲဆိုကာ လက်သီးဖြင့်ထိုးသူ နှစ်ဦးအား အမှုဖွင့်

2020-06-26 21:19:18


‘ခွေး’တောင် မအုပ်ချုပ်နိုင်သော အုပ်ချုပ်ရေးမှူးဟု ဆဲဆိုကာ လက်သီးဖြင့်ထိုးသူ နှစ်ဦးအား အမှုဖွင့်

‘ခွေး’တောင် မအုပ်ချုပ်နိုင်သော အုပ်ချုပ်ရေးမှူးဟု ဆဲဆိုကာ လက်သီးဖြင့်ထိုးသူ နှစ်ဦးအား အမှုဖွင့်


ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ပေါက်ကုန်းစွန်းအုပ်စု အုပ်ချုပ်ရေးမှူးတွင် ဇွန်လ ၂၄ရက်နေ့ ည(၇)နာရီခန့်က ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ပေါက်ကုန်းစွန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ၎င်းနေထိုင်သည့် ပျိုးခင်းချောင်ကျေးရွာ၏ နေအိမ်တွင်

အုပ်စုရပ်မိရပ်ဖဦးနိူင်ဝင်း၊ ရပ်ကျေးစာရေး ဦးဖြိုးတေဇာအောင်နှင့် လေးတူးအုပ်စု အုပ်ချုပ်ရေးမှူး တို့နဲ့အတူ စကားထိုင်ပြောနေစဉ် အိမ်ရှေ့လမ်းဘေး ခွေးများဟောင်နေ၍ သွားရောက် ကြည့်ရှုခဲ့ရာ နေမျိုးလင်းနှင့်ချစ်ကိုကို တို့ကို တွေ့ရတယ်။


ခွေးများမဟောင်စေရန် လိုက်လံကြိမ်းမောင်း၍ ၎င်းတို့နှစ်ဦးအား အိမ်ပြန် ရန်ပြောဆို ဆုံးမစဉ် နေမျိုးလင်းနှင့်ချစ်ကိုကိုတို့ နှစ်ဦးက “ခွေးတောင် မအုပ်ချုပ်နိူင်ဘဲ အုပ်ချုပ်ရေးမှူး လုပ်နေသေးတယ်။ ငါ-မသားစကားမရှည်နဲ့သတ်ပစ်လိုက်မယ်” ဟု ပြောဆိုပြီး၊ ၎င်းနေအိမ်ခြံဝန်းအတွင်း ကျူးကျော်ဝင်ရောက်ကာနေမျိုးလင်းနှင့်ချစ်ကိုကိုတို့မှ ခေါင်းနှင့်မျက်နှာတို့အား လက်သီးဖြင့် ဝိုင်းဝန်းထိုးခဲ့ကြောင်း ဆိုသည်။


လက်သီးဖြင့် ထိုးခံရခြင်းကြောင့် ဦးခေါင်းဖူးယောင် ကိုက်ခဲနာကျင်ဒဏ်ရာများနှင့် ဝဲဘက်ပါးဖူးယောင် ဒဏ်ရာများ ရရှိခဲ့ပြီး၊ မြေပြင်တွင် လဲကျသွားခဲ့ကြောင်း ဆိုသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်ခြံဝန်းအတွင်းသို့ ဝင်ရောက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ နေမျိုးလင်းနှင့်ချစ်ကိုကိုတို့အား ဥပဒေအရအရေးယူ ပေးပါရန် အုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်မှ ဇွန်လ ၂၅ ရက်နေ့ ကနောင်နယ်မြေရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ကနောင်နယ်မြေရဲစခန်းမှ နေမျိုးလင်း နှင့် ချစ်ကိုကို ညီကို နှစ်ဦးကို ၇/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၄၄၇/၅၀၆ ဖြင့်အမှု ဖွင့် စစ်ဆေးဆောင်ရွင်လျှက်ရဇိကြောင်း သတင်းရရှိသည်။


ဧရာဝတီ(တာတေ)

Top Phoenix Media Group