အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်မှပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား

2020-06-26 21:18:24


အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်မှပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား

အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်မှပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား


မွန်ပြည်နယ် သထုံမြို့ သိမ်ဆိပ်ရပ်ကွက် ရတနာလမ်းရှိ ထရမ်စဖော်မာ ဓါတ်တိုင်ပေါ်သို့ ဇွန် ၂၅ ရက် နေ့လည် ၁၁ နာရီခွဲအချိန်ခန့်၌ အမျိုးသားတစ်ဦး တက်ရောက် မီးပြုပြင်ရာမှ ပြုတ်ကျသေဆုံးခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ သထုံမြို့ တမံကြီးပိုင်း ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့နေထိုင်သူ လျှပ်စစ်စက်ရုံလုပ်အားပေး စောကလို ၃၆ နှစ် (ဘ)ဦးဘချစ်ဆိုသူမှ သိမ်ဆိပ်ရပ်ကွက် ရတနာလမ်းရှိ 200KV ဓါတ်အားရှိ ထရမ်စဖော်မာ ဓါတ်တိုင်ပေါ်သို့တက်ရောက်မီးပြုပြင်ရာမှ ဓါတ်တိုင်ပေါ်တွင်ဓါတ်လိုက်၍ပြုတ်ကျပြီး ဦးခေါင်းယာဘက် ဂျိုစောင်းပေါက်ပြဲ နားသွေးထွက်ဒဏ်ရာ ယာလက်မောင်းအပူလောင်ဒဏ်ရာများရရှိပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့တာဝန်ရှိသူများမှပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်းသိရသည်။


သမိန်ဗြတ်စ