မိခင်ကို ကပြနေစဉ် ဘယ်ကမှန်းမသိပစ်လိုက်တဲ့ ကျည်ဆံသင့် ခဲ့ရတဲ့ ကလေးမလေး

2020-06-25 22:56:10


မိခင်ကို ကပြနေစဉ် ဘယ်ကမှန်းမသိပစ်လိုက်တဲ့ ကျည်ဆံသင့် ခဲ့ရတဲ့ ကလေးမလေး

မိခင်ကို ကပြနေစဉ် ဘယ်ကမှန်းမသိပစ်လိုက်တဲ့ ကျည်ဆံသင့် ခဲ့ရတဲ့ ကလေးမလေး


အမေရိကန် ချီကာဂိုမြို့မှာ နေထိုင်တဲ့ ကလေးမလေးတစ်ယောက်ဟာ နေအိမ်မှာ ရှိနေစဉ် ပြင်ပတစ်နေရာက တစ်စုံတစ်ယောက် ပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကျည်ဆံလာရာ လမ်းကြောင်းကို စိစစ်နေရဆဲပါ။


ကလေးမလေးရဲ့အမည်ကတော့ Amaria Jones ဖြစ်ပြီး၊ အသက်(၁၃)နှစ်သာ ရှိပါသေးတယ်။ မိခင်ရဲ့ အဆိုအရတော့ သေနတ်ပစ်ခတ်သံလည်း မကြားလိုက်တာကြောင့် ကျည်ဆံဟာ အတော် ခမ်းလှမ်းလှမ်းကနေ လာတာဖြစ်နိုင်တယ်လို့ ရဲက သုံးသပ်နေပါတယ်။


Amaria ဟာ မိခင်ဖြစ်သူ Lawanda Jones ကို TikTok ဗွီဒီယိုရိုက်ကူးခံရင်း ကပြနေစဉ်မှာပဲ ကျည်ဆံက ရုတ်တရက် ထိမှန်ခဲ့တာလို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ချီကာဂိုအနောက်ပိုင်း ဇွန်လ(၂၀)ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ရာ လူနေတိုက်ခန်းကတော့ North Leclaire Avenue မှာ တည်ရှိပါတယ်။


အခင်းဖြစ်လျှင်ဖြစ်ချင်းပဲ မိခင် Lawanda က အရေးပေါ်အဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ကလေးမလေးကို Cook ကောင်တီက Stroger Hospital ဆေးရုံထံ အမြန်ပို့ပေးခဲ့သော်လည်း တစ်နာရီခွဲလောက်အကြာမှာ Amaria သေဆုံးခဲ့တာပါ။


အခင်းဖြစ်အဆောက်ဦမှာ အခြားဆယ်ကျော်သက်နှစ်ဦးဖြစ်တဲ့ အသက်(၁၆)နှစ်နဲ့ (၁၅)နှစ် ကလေးနှစ်ယောက်လည်း သေနတ်ဒဏ်ရာ ရရှိခဲ့သေးပြီး၊ တစ်ဦးမှာ ပေါင်ကို ထိမှန်ကာ၊ တစ်ဦးမှာတော့ နောက်ကျောကို ထိမှန်ခဲ့တာလို့ သိရပါတယ်။


CBS ရဲ့အဆိုအရတော့ သေနတ်သမားဟာ ရည်ရွယ်ချက်ရှိရှိ ပစ်တာလို့ ဆိုပါတယ်။ အကြောင်းကတော့ အခင်းဖြစ် နေအိမ်တွေမှာ ချိတ်ဆွဲထားတဲ့ Black Lives Matter ဆိုင်းဘုတ်တွေကို သေနတ်ကျည်ဆံရာ တွေ့ရှိရပြီး၊ လူဖြူဝါဒ ကိုင်စွဲသူတွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့ပုံရပါတယ်။


လင်းဇော်ကို (D Nae Khit)