ရေနစ်တဲ့ သူငယ်ချင်းကို လိုက်ဆယ်ရာမှ ကျောင်းသူ(၇)ဦးနဲ့ ရေနစ်သူအပါအဝင် (၈)ဦးစလုံးသေဆုံး

2020-06-25 00:02:23


ရေနစ်တဲ့ သူငယ်ချင်းကို လိုက်ဆယ်ရာမှ ကျောင်းသူ(၇)ဦးနဲ့ ရေနစ်သူအပါအဝင် (၈)ဦးစလုံးသေဆုံး

ရေနစ်တဲ့ သူငယ်ချင်းကို လိုက်ဆယ်ရာမှ ကျောင်းသူ(၇)ဦးနဲ့ ရေနစ်သူအပါအဝင် (၈)ဦးစလုံးသေဆုံး


တရုတ်နိုင်ငံ၊ ဖူမြစ်အနီးမှာ တည်ရှိတဲ့ မူလတန်းကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသူ(၇)ဦးဟာ သူတို့သူငယ်ချင်း ရေနစ်တာကို လိုက်ဆယ်ကြရင်းနဲ့ (၈)ဦးစလုံး ရေနစ်သေဆုံးခဲ့ကြောင်း သိရပါတယ်။ မူလတန်းကလေးတွေ ဖြစ်တဲ့အတွက် ရေလည်း ကျွမ်းကျွမ်းကျင်ကျင် မကူးနိုင်ကြသေးပါဘူး။


ဇွန်လ(၂၂)ရက်က မနက်(၇)နာရီဝန်းကျင်မှာ နောက်ဆုံးပိတ်အလောင်းကို သက်ဆိုင်ရာနဲ့ ရွာသူရွာသား ရှာဖွေရေးအဖွဲ့တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကလေးအကုန်လုံးဟာ မူလတန်းကျောင်းတစ်ခုတည်းမှာ အတူတက်နေပြီး၊ ကျောင်းသွားကျောင်းပြန်လည်း အတူတူဖြစ်ကြပါတယ်။


ပထမဆုံးရေနစ်သူမှာ ကောင်လေးဖြစ်ပြီး၊ သူ့ကို လိုက်ဆယ်တဲ့ ကျန်(၇)ဦးက မိန်းကလေးဖြစ်ပါတယ်။ သူတို့တစ်တွေဟာ Mixin Town Primary School မှာ တက်ရောက်ကြပြီး၊ ကျောင်းတာဝန်ရှိသူတွေကလည်း အခုုဖြစ်စဉ်အတွက် အတော်လေး စိတ်မကောင်းဖြစ်နေပါတယ်။


ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်စဉ်ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ အလောင်းတွေကို ဆယ်ဖို့အတွက် အင်အား (၂၀၀)လောက်က လုပ်အားပေးအဖြစ် ပါဝင်ခဲ့ပါတယ်။ သတင်းအရ ကလေးတွေရဲ့အလောင်းကို (၈)ရက်ကြာ ရှာဖွေခဲ့ရတာလို့ သိရပါတယ်။


ပထမဆုံး ရေနစ်တဲ့ ကောင်လေးအနေနဲ့ ဘယ်လိုဘယ်ပုံကြောင့် ရေနစ်တယ်ဆိုတာ သတင်းမှာ ရှင်းရှင်းလင်းလင်း ရေးမထားပါဘူး။ ဒါပေမယ့် ကလေးသဘာဝ မြစ်ထဲကို ဆင်းပြီး ရေဆော့ရင်းကနေ မတော်တဆ ရေနစ်ခဲ့တာလို့ ယူဆရပါတယ်။


လင်းဇော်ကို (D Nae Khit)