ဆေးစွဲနေတဲ့ မိဘနှစ်ဦးက ဆေးချစရာမရှိလို့ မွေးကင်းစကလေးကိုရောင်းပြီး ငွေရှာ

2020-06-25 00:01:27


ဆေးစွဲနေတဲ့ မိဘနှစ်ဦးက ဆေးချစရာမရှိလို့ မွေးကင်းစကလေးကိုရောင်းပြီး ငွေရှာ

ဆေးစွဲနေတဲ့ မိဘနှစ်ဦးက ဆေးချစရာမရှိလို့ မွေးကင်းစကလေးကိုရောင်းပြီး ငွေရှာ


တရုတ်နိုင်ငံသား မူးယစ်ကျေးကျွန် မိဘနှစ်ဦးဟာ မူးယစ်ဆေးအတွက် ပိုက်ဆံမရှိလို့၊ မွေးကင်းစ ကလေးငယ်လေးကို ရောင်းချပြီး ငွေရှာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မိဘနှစ်ဦးဟာ လူငယ်စုံတွဲဖြစ်ပြီး၊ နှစ်ယောက်သား မူးယစ်ကျေးကျွန်ဘဝမှာ အလုပ်လည်း မယ်မယ်ရရမရှိကြပါဘူး။


သူတို့စုံတွဲဟာ ကလေးငယ်ကို ပေါင် (၆၈၀၀)တန်ဖိုးရှိ တရုတ်ငွေနဲ့ ရောင်းချခဲ့တာပါ။ ကလေးကတော့ ယောက်ျားလေးဖြစ်ပြီး၊ သူတို့ဟာ ရတဲ့ပိုက်ဆံနဲ့ အကြွေးအချို့ကို ဆပ်ခဲ့သလို၊ ကျန်ရှိငွေကိုတော့ မူးယစ်ဆေးအတွက် အကုန်လုံး ဖြုန်းတီးခဲ့တာ ဖြစ်ပါတယ်။


ဒီဖြစ်စဉ်ကို Neijiang Police က စုံစမ်းစစ်ဆေးခဲ့ပြီး၊ ကလေးကိုလည်း ဝယ်သူလက်ကနေ ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ အခုဆို ကလေးဟာ အဖိုးအဖွားအရင်းတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ဘေးကင်းလုံခြုံလျှက် ရှိပါတယ်။ သူတို့နာမည်တွေကိုတော့ သတင်းမှာ Mr Wang နဲ့ Ms Zhong လို့သာ ဖော်ပြထားပါတယ်။


Mr Wang နဲ့ Ms Zhong တို့ဟာ လူမှုကွန်ရက်ကနေ ရရှိတဲ့အဆက်အသွယ်မှတစ်ဆင့် သူတို့ရင်သွေးလေးကို ရောင်းချခဲ့တာပါ။ ဒီအဖြစ်အပျက်စာ Neijiang မြို့မှာဖြစ်ခဲ့တာပါ။ သူတိုစုံတွဲဟာ ကနဦးတုန်းက ကလေးအတွက် ပေါင်(၇)ထောင်လောက်အထိ တောင်းခဲ့ပါတယ်။


ကလေးကိုတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၁၁)ရက်မှာ မွေးခဲ့တာဖြစ်ပြီး၊ မွေးပြီးလို့ နောက်ထပ်နာရီအနည်းငယ်အကြာမှာ ကလေးကို ရောင်းစားခဲ့တာပါ။ Mr Wang နဲ့ Ms Zhong တို့ကို ရဲက ဖမ်းဆီးခဲ့ပြီး၊ Wang ကတော့ ထောင်(၅)နှစ်အထိ ချမှတ်ခံရနိုင်သလို၊ Zhong ကတော့ ထောင်(၆)နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။


လင်းဇော်ကို (D Nae Khit)