ကမ္ဘာစစ်ဖြစ်စေနိုင်တဲ့ တရုတ်-အိန္ဒိယ နယ်စပ်ပဋိပက္ခအတွက် နှစ်ဖက်ညှိနှိုင်းမှု ပြေလည်ပြီ

2020-06-25 00:00:25


ကမ္ဘာစစ်ဖြစ်စေနိုင်တဲ့ တရုတ်-အိန္ဒိယ နယ်စပ်ပဋိပက္ခအတွက် နှစ်ဖက်ညှိနှိုင်းမှု ပြေလည်ပြီ

ကမ္ဘာစစ်ဖြစ်စေနိုင်တဲ့ တရုတ်-အိန္ဒိယ နယ်စပ်ပဋိပက္ခအတွက် နှစ်ဖက်ညှိနှိုင်းမှု ပြေလည်ပြီ


အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ မကြာသေးခင်က ဂယ်ဝမ်နယ်စပ်မှာ အငြင်းပွားစရာ ရန်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ရာကနေ ကမ္ဘာစစ် ဖြစ်စေနိုင်တဲ့အထိ ပဋိပက္ခက ကြီးထွားခဲ့ပါတယ်။


တရုတ်ကလည်း မိမိတို့ကို အိန္ဒိယက ဖက်ပြိုင်လာပါက အိန္ဒိယအတွက် အဆိုးတရားတွေသာ ဆက်လက်ကြုံတွေ့ရမယ်လို့ သတိပေးခဲ့သလို၊ အိန္ဒိယဘက်ကလည်း နိုင်ငံနယ်နိမိတ်ကို ကာကွယ်ဖို့ စစ်တပ်က အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်


ဒီလို ပဋိပက္ခသတင်းတွေကြားမှာ ပါကစ္စတန်ကပါ နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေခဲ့တာကြောင့် အိန္ဒိယဟာ ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါတယ်။


ဒါပေမယ့် အခုအခါမှာတော့ အိန္ဒိယနဲ့တရုတ်တို့ဟာ ရက်အတန်ကြာ စစ်ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရာ ပြေလည်မှု ရရှိခဲ့ပြီလို့ Time Of India သတင်းစာက ဖော်ပြခဲ့ပါတယ်။


အခု သဘောတူညီချက်မှာ နှစ်နိုင်ငံလုံခြုံရေးတွေအနေနဲ့ နယ်စပ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ရန်လိုအပ်ချက်တွေကို စိတ်အေးလက်အေး ဖြေရှင်းရန်နဲ့၊ လက်ရှိ အခြေအနေ တင်းမာမှုကို ပိုဆိုးစေမယ့် အပြုအမူတွေကို ရှောင်ရှားကြဖို့ သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။


ဒီအတည်ပြုမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အင်္ဂါနေ့က အတည်ပြုခဲ့တာမို့ ပြေလည်မှုရတဲ့သတင်းဟာ အမှန်ပဲလို့ ယူဆရပါမယ်။


ပြီးခဲ့တဲ့ရက် တနင်္လာနေ့တုန်းက အိန္ဒိယတပ်မတော် အမှတ်(၁၄)တပ်မရဲ့တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Harinder Singh ဟာ တရုတ်နိုင်ငံ၊ တိဘတ်ခရိုင်စစ်ဆင်ရေးအဖွဲ့မှ ဗိုလ်ချုပ်လျှူလင်းနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်၊ နှစ်နိုင်ငံ အကျိုးရှိစေမယ့် သဘောတူညီမှုတွေကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နဲ့အတူ တပ်မတော်ထိပ်သီးပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။


ဇွန်လ(၂၂)ရက်က သဘောတူညီမှုတွေထဲမှာတော့ လက်ရှိ တင်းမာမှုအခြေအနေကို ဖြေလျှော့ကြဖို့ အပြန်အလှန် လက်ခံခဲ့ကြပါတယ်။


နှစ်ဘက်အမြင်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ စစ်ခေါင်းဆောင်တွေအနေနဲ့ မိမိတို့ တာဝန်ယူရတဲ့ နယ်မြေရဲ့ လက်အောက်ခံ စစ်သည်တွေအပေါ်ကို နိုင်နင်းစွာ အုပ်ချုပ်ဖို့နဲ့ တာဝန်ခံဖို့လည်း ပါဝင်ပါတယ်။


နောက်ပြီး နှစ်ဘက်စစ်တပ်အတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အတူတက ပါဝင်ဖို့၊ အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်းတွေ၊ အပြန်အလှန် လေးစားခြင်းတွေ ထားရှိကြဖို့ ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။


ဒီသတင်းဟာ အိန္ဒိယ-တရုတ်နယ်စပ်အနီးမှာ နေထိုင်ကြတဲ့ သက်ဆိုင်ရာ ဒေသခံပြည်သူပြည်သားတွေအဖို့ အလွန်ဝမ်းမြောက်စရာ သတင်းဖြစ်ခဲ့ပြီး၊ ငြိမ်းချမ်းမှုရဲ့သင်္ကေတလည်း ဖြစ်ပါတယ်။


ဘာသာပြန်-လင်းသုတ. Ref ; TimeOfIndia/Chinese Foreign Ministry