တောင်ကိုရီးယားကို စစ်ရေးအရ အရေးယူမည့်အစီအစဉ် မြောက်ကိုရီးယား ယာယီရပ်ဆိုင်း

2020-06-24 22:57:03


တောင်ကိုရီးယားကို စစ်ရေးအရ အရေးယူမည့်အစီအစဉ် မြောက်ကိုရီးယား ယာယီရပ်ဆိုင်း

တောင်ကိုရီးယားကို စစ်ရေးအရ အရေးယူမည့်အစီအစဉ် မြောက်ကိုရီးယား ယာယီရပ်ဆိုင်း


တောင်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေကို မြောက်ကိုရီးယားက ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ KCNA သတင်းဌာနက ဇွန် ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


နှစ်နိုင်ငံနယ်စပ်မှာ မကြာခင်က ပြန်တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေကိုလည်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ပြန်ဖြုတ်နေတယ်လို့ သတင်းက ဖော်ပြပါတယ်။


ဇွန် ၂၃ ရက်က ဗဟိုစစ်ကော်မရှင် ဗွီဒီယိုကွန်ဖရင့်အစည်းဝေးကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဦးစီးကျင်းပရာမှာ လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ပြီးနောက် စစ်ရေး အစီအမံတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ KCNA က သတင်းထုတ်ပြန်တာပါ။ ဒါ့အပြင် စစ်ပွဲရှောင်လွှဲနိုင်မယ့် အစီအမံတွေကို ဆွေးနွေးခဲ့တယ်လို့လည်း KCNA က အစီရင်ခံပါတယ်။


တောင်ကိုရီးယားမှာ ရှိနေတဲ့ မြောက်ကိုရီးယား ပြည်ပြေးအုပ်စုတွေက ဝါဒဖြန့်စာရွက်တွေ မြောက်ကိုရီးယားဆီ ပေးပို့တာကို အကြောင်းပြုပြီး တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေပါတယ်။