သေခါနီး လူကို အားပေးစကားပြောနည် း(၄)နည်း

2020-06-18 01:02:58


သေခါနီး လူကို အားပေးစကားပြောနည် း(၄)နည်း

သေခါနီး လူကို အားပေးစကားပြောနည် း(၄)နည်း


လူတွေဟာ အနေတတ်ဖို့ လိုသလို အသေတတ်ဖို့ လိုသေးတယ်တဲ့။


ဒါကြောင့်”မြတ်စွာဘုရား”က ဒီ”သုတ္တန်”မှာ”အနေတတ်ဖို့ လိုသလို အသေတတ်ဖို့ လိုသေးတယ်တဲ့။


အေး•••••••နေမကောင်း ထိုင်မသာဖြစ်ပြီးတော့ရောဂါ ဝေဒနာဖြစ်နေတဲ့ပညာရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကိုပညာရှိတဲ့ မိတ်ဆွေ တစ်ယောက်ကအားပေးစကား ပြောသင့်တယ်။အကျိုးရှိလို့ ပြောတာအားပေးစကား ပြောရမှာ။


မြန်မာပြည်မှာ တချို့သေငယ်ဇောနဲ့ မျောနေတဲ့ လူ တစ်ယောက်ကို အားပေးစကားမပြောပဲနဲ့။”ဘဏ်စာအုပ်ဘယ်နားထားခဲ့လဲလို့ မေးတယ်။လက်ကောက်တို့ စိန် နားကပ်တို့ဘယ်နားမှာ ထားတုန်းလို့ မေးရင်သေတဲ့လူ အသေဖြောင့်ပါ့မလား?


ဘုန်းကြီးတွေလည်းပျံလွန်တော်မူခါနီးရင် ကျောင်းကိုဘယ်သူ့အပ်ခဲ့မှာတုန်းက လာသေးတာ။အဲဒါ အားပေးစကားဖြစ်ပါ့မလားမတူဘူး တွန်းလွှတ်တာနဲ့တူနေတယ်အဲ့ဒါမျိုး မဖြစ်သင့်ဘူး”တဲ့။တကယ်က”အားပေးစကား”ပဲပြောရမယ်။


ဒါဖြင့်…အားပေးစကားပြောရမယ်ဆိုရင်ဘယ်လို အားပေးစကားပြောရမလဲ?ဆိုတော့…အချက် (၄)ချက်နဲ့ပြောရမယ်။လူ ဥပသကာကိုဒီ အချက် (၄)ချက်နဲ့ ပြောရမယ်။


(၁)မင်းမှာ ဘုရားအပေါ်မှာနှစ်နှစ်ကာကာ အသိဉာဏ်နဲ့ဘုရားအပေါ်မှာ ယုံကြည်တဲ့သဒ္ဓါတရားတွေရှိနေတယ်ဘာမှ ကြောက်စရာမလိုဘူး။စိတ်အေး လက်အေး နေနိုင်တယ်မကောင်းတဲ့ဘဝ ဘယ်တော့မှမရောက်ဘူး။အဲဒါတွေကကယ်သွားလိမ့် မယ်ဒါလေးကို အားကိုး။


ဘယ်လိုအားပေးတာလဲဆိုတော့…”မြေအိုးကိုခွဲ၍ရွှေအိုးကြီးကို ရယူသလိုပဲ”တဲ့။


၂။ နောက်တစ်ချက်က…”ဘာမှအားမငယ်နဲ့မင်းမှာ ဓမ္မအပေါ်မှာ ယုံကြည်တဲ့အသိဉာဏ်သက်ဝင်တဲ့သဒ္ဓါတရား”တွေရှိတယ်။ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည်တယ်မြတ်စွာဘုရား ဟောတဲ့ တရားသည် ဘယ်တော့မှ လွဲမှားတာ မရှိဘူး။ကုသိုလ်ကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်ဟာအားငယ်စရာ ဘာတစ်ခုမှ မရှိဘူး။


ကုသိုလ်တွေက ကြိုနေကြမှာဘယ်ဘုံကို သွားသွား ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ စိတ်ဓာတ်ထဲမှာ ဖြူစင်ပြီးတော့ကုသိုလ်တွေက ကိုယ့်ကို ကြိုနေကြမှာ။ကောင်းတာတွေ လုပ်တဲ့အချိန်ကစပြီးတော့နှလုံး သွင်းလိုက်မယ် ဆိုရင်စိတ်ဟာ ကြည်နူးဖွယ် ဖြစ်တယ်။


၃။နောက်တစ်ခု အားပေးစကားက…ဘာမှ မပူနဲ့စိတ်ထဲမှာ အားတင်းထားမင်းမှာ ကိုယ်ကျင့်တရားတွေရှိနေတယ်ငါးပါးသီလဘယ်တော့မှမဖောက်ဖျက်ဘူး လုံခြုံတယ်။ဟိုတုန်းက မလုံခြုံတောင်ခုဆောက်တည် လိုက်ရင် လုံခြုံသွားပြီ။ဟိုတုန်းက မလုံခဲ့လို့ခု အိပ်ယာထဲ လှဲနေချိန်မှာငါးပါးသီလ ဖောက်ဖျက်တာ ရှိသေးလား?


ကိုယ်မှ သေငယ်ဇောနဲ့ မျောနေတာခြင်လေးတွေ ဘာတွေ သတ်ဦးမလား?စိတ်ဟာ မကောင်းတာတွေနဲ့ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီး ဆောက် တည် လိုက်မယ်ဆိုရင်စိတ်ဟာကြည်နူးဖွယ်ဖြစ်တယ်။ကိုယ့်သီလ လေးကို အာရုံပြုတစ်ချိန်တစ်ခါတုန်းက”ငါးပါးသီလ”လေးချိုး ဖောက်ခဲ့ ပေမယ့်လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့

နှလုံး သွင်းလိုက်မယ်”ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်း ကုသိုလ်က ဖြစ်လာတာ။


၄။ဘာဆက်ပြောရမလဲဆိုတော့…လူတွေဆိုတာအတွယ်အတာလေးတွေ ရှိတတ်တယ်။ဥပမာ မယ်….မိဘတွေ ဆို ရင်

သားသမီးတွေ အပေါ်မှာ တွယ်တာတယ်။အိမ်ထောင်ဦးစီးတွေဆိုရင်သား မယားတွေ အပေါ်မှာ တွယ်တာတယ်။


အဲဒီအခါ ကျရင်ပြောတဲ့မိဘတွေ အပေါ်မှာ တွယ်တာသလားမတွယ်တာဘူးလား ဆိုတဲ့စိတ်ရှိသလား၊မရှိဘူးလားမေးတဲ့။ရှိနေသေးတယ်ဆိုရင်အဲဒီ တွယ်တာတဲ့စိတ်ကို မထားပါနဲ့တဲ့။


“သတ်တဝါ”ဆိုတာ-ကိုယ့်ကံနဲ့ ကိုယ့် လာတာ။တွယ်တာပြီးတော့ မနေပါနဲ့တဲ့။တွယ်တာနေလဲ သေမှာပဲ။မတွယ်တာနေလဲ သေမှာပဲတဲ့။သေမှာ အတူတူတော့တွယ်မနေပါနဲ့လို ပြောရမယ်•••••။။။


ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ {ပဋ္ဌာန်းပူဇော်ကြသူများ}