မွေးနေ့မှာရက်ရက်ရောရောနဲ့အလှူအတန်းများစွာလုပ်ခဲ့တဲ့ ခန့်စည်သူ

2020-06-13 10:12:17


မွေးနေ့မှာရက်ရက်ရောရောနဲ့အလှူအတန်းများစွာလုပ်ခဲ့တဲ့ ခန့်စည်သူ

မွေးနေ့မှာရက်ရက်ရောရောနဲ့အလှူအတန်းများစွာလုပ်ခဲ့တဲ့ ခန့်စည်သူ


မင်းသားချောခန့်စည်သူက သရုပ်ဆောင်ကောင်းရုံသာမက စိတ်သဘောထားပြည့်ဝပြီးကူညီတတ်တဲ့သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားသူပါ။အခက်အခဲဖြစ်နေတဲ့ အနုပညာရှင်များနဲ့ နွမ်းပါးသူအချို့ကိုလည်း ကိုယ်တိုင် လိုက်လံကူညီပေးလျက်ရှိပါတယ်။မင်းသားချော အကယ်ဒမီ ခန့်စည်သူကတော့ အလှူအတန်း ရက်ရောလွန်းလို့ နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားသူပါ။




ဇွန်လ (၁၁) ရက်နေ့ကတော့ ခန့်စည်သူရဲ့ မွေးနေ့လေးပဲ ဖြစ်ပြီး ခန့်စည်သူက မွေးနေ့မှာ ကောင်းမှူကုသိုလ်တွေ ပြုလုပ်ရင်းသာ ဖြတ်သန်းနေလျက်ရှိပါတယ်။”ယနေ့ မွေးနေ့ မွေးရက်တိုက်ဆိုင်ပါသဖြင့်ထူးထူးခြားခြား အလှူလေးများလုပ်ပြီး ကုသိုလ်ယူခဲ့ပါတယ်။

 

-မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးထံတွင် ညရုံတော်သင်္ကန်း+ရေခံတော်သင်္ကန်း+ရွှေသင်္ကန်း+မျက်နှာတော်သုတ်ပုဝါ+သစ်သီးဆွမ်းကပ်လှူခြင်း။

-ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် မဂ္ဂင်ဓါတုစေတီတော်၏ထီးတော်နှင့်အရံစေတီ(၈)ဆူ၏ထီးတော်များကိုလှူဒါန်းခြင်း။(၁၂သိန်း ၆ သောင်းကျပ်)




-ဓမ္မဝိဟာရပထမကျော် စာသင်တိုက်တွင်သီတင်းသုံးတော်မူနေကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။

-တည်ဆောက်ပြီးစီးခဲ့သောပိဋိကတ်တိုက်တော်(၃)ထပ်ဆောင်တွင် မ,တည်ခဲ့သော အလှူငွေ ကျပ်သိန်း(၅၀၀) အတွက်ရေစက်ချခြင်း။


-စာသင်တိုက်အတွင်းရှိသိမ်တော် အထပ်မြှင့်တင်ပြန်လည်ပြင်ဆင်ရန်အတွက် ပထမအကြိမ် မ,တည်အလှူငွေ ကျပ်သိန်း(၁၀၀)လှူဒါန်းခြင်း။

-ဘုန်းတော်ကြီး သင်ပညာရေး (မူလွန်၊ဘ/က)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူလေးများနှင့် နွမ်းပါးအိမ်ထောင်စု (၂၆၀)အတွက် ဆန်၊ဆီ၊ဆား၊ပဲ၊အာလူး၊ကြက်သွန်၊ခေါက်ဆွဲခြောက်၊ကြာဆန်၊ဆပ်ပြာမှုန့်၊ထမင်းကြော်၊မုန့်များနှင့်ခေါက်ဆွဲများ လှူဒါန်းခဲ့ခြင်း။လှူဒါန်းမှုအစုစုတို့ကို ကျေးဇူးရှင်ခင်ပွန်းကြီး(၁၀)ပါးဦးထိပ်ထားလျှက် (၇)ရက် သား၊သမီးအပေါင်းတို့အား မိမိနှင့်ထပ်တူထပ်မျှကုသိုလ်များရ၍ သာဓုခေါ်ဆိုနိုင်ပါရန် မျှဝေပါတယ်။




သာဓု-သာဓု-သာဓုကျန်းမာ၊ချမ်းသာ လိုရာဆန္ဒများပြည့်ဝကြပါစေ။ ဝိုင်းဝန်းကူညီကြ၊လှူဒါန်းပေးကြသူများအားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။”လို့ ကြည်နူးဝမ်းမြောက်စွာဖြင့်ပရိသတ်တွေကိုအသိပေးပြောကြားထာပါတယ်။ Celepedia ပရိသတ်တွေလည်းမွေးနေ့ဆုတောင်းပေးရင်းနဲ့ ခန့်စည်သူရဲ့အလှူလေးကိုသာဓုခေါ်သွားကြဦးနော်။


Source-kyaw soe win’s fb