ပွဲငှားပြီး ပိုက်ဆံမပေးပဲ လူမိုက်ဆန်ဆန် ဆက်ဆံခဲ့တဲ့ လှိုင်သာယာကတစ်ယောက်ကို သတိပေးခဲ့တဲ့ ဒိန်းဒေါင်

2020-06-13 08:45:14


ပွဲငှားပြီး ပိုက်ဆံမပေးပဲ လူမိုက်ဆန်ဆန် ဆက်ဆံခဲ့တဲ့ လှိုင်သာယာကတစ်ယောက်ကို သတိပေးခဲ့တဲ့ ဒိန်းဒေါင်

ပွဲငှားပြီး ပိုက်ဆံမပေးပဲ လူမိုက်ဆန်ဆန် ဆက်ဆံခဲ့တဲ့ လှိုင်သာယာကတစ်ယောက်ကို သတိပေးခဲ့တဲ့ ဒိန်းဒေါင်


ဟာသ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်ကတော့ ကျန်းမာရေးအခြေနေအရ အနုပညာအလုပ်တွေ ခေတ္တရပ်နားထားခဲ့ပေမယ့် အခုချိန်မှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး အနုပညာအလုပ်တွေကို အရင်လိုပြန်လည်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ လတ်တလောမှာတော့


” ကျိုက်လတ်မှာပွဲသွားကပြီး ပွဲပြီးချိန်မှာ ကျန်တဲ့ငွေကို လူမိုက်ဆန်ဆန်မပေးဘူး သည်းခံတယ်စောင့်ပေးတယ် မနက်ဖြန်မရရင်နာမည်နဲ့တကွတင်မယ်လှိူင်သာယာကပါ တစ်ညလုံးကပေးခဲ့တဲ့ မျက်နှာကိုထောက်ပါချွေးနည်းစာကိုစားရက်တယ် ” ဆိုတဲ့ စာသားလေး

 

နဲ့အတူ လှိုင်သာယာက ပွဲငှားအချို့ရဲ့ လိမ်လည်မှုကြောင့် ပွဲခငွေတွေ မရရှိတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို ပြောပြလာခဲ့တာဖြစ်ပါတယ်။ ဒိန်းဒေါင်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကတော့ သူ့ရဲ့အားနာတတ်တဲ့


အကျင့်ကို ဖျောက်သင့်ပြီလို့အကြံပေးထားကြပြီး ပွဲငှားခတွေ အမြန်ဆုံးပြန်လည်ရရှိဖို့ အတွက်ဆုတောင်းပေးနေကြတာတွေ့ရပါတယ် ။ ပရိသတ်တွေကလည်း သည်းမခံဖို့နဲ့ ပွဲငှားခကို ရအောင်ပြန်တောင်းဖို့အတွက် တိုက်တွန်းထားကြပါသေးတယ်။


Source : Dain Daung | Reference & Credit : Cele Gabar