နှစ်ဦးနှစ်ဖက် ထိပ်တိုက်ဆွေးနွေးမှု အပြီးမှာ ပြန်လည်အဆင်ပြေသွားကြပြီဖြစ်တဲ့ သံစဥ်မောင် နဲ့ နေဒွေး

2020-06-08 18:26:33


နှစ်ဦးနှစ်ဖက် ထိပ်တိုက်ဆွေးနွေးမှု အပြီးမှာ ပြန်လည်အဆင်ပြေသွားကြပြီဖြစ်တဲ့ သံစဥ်မောင် နဲ့ နေဒွေး

နှစ်ဦးနှစ်ဖက် ထိပ်တိုက်ဆွေးနွေးမှု အပြီးမှာ ပြန်လည်အဆင်ပြေသွားကြပြီဖြစ်တဲ့ သံစဥ်မောင် နဲ့ နေဒွေး


မကြာသေးခင်က သရုပ်ဆောင် နေဒွေးနဲ့ သံစဥ်မောင်တို့ရဲ့ ဂယက်ဟာ ပရိတ်သတ်တွေ အကြားမှာ အတော်လေး ရိုက်ခက်သွားပါတယ်…


သရုပ်ဆောင် သံစဥ်မောင်ရဲ့ မျက်နှာက ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ အဝတ်မဲ့ ဓာတ်ပုံတွေ ပျံ့နှံ့ လာခဲ့ အချိန်မှာတော့ ပြဿနာ ဟာ ပိုမိုကြီးထွား လာခဲ့ပြီး အမှုကိစ္စတွေပါ ဖြစ်ခဲ့တာကို ပရိတ်တွေ အားလုံးသိကြမှာပါ


အခုအချိန်မှာတော့ သူတို့ နှစ်ဦးဟာ အချင်းချင်း တွေ့ဆုံပြီး ညှိနှိုင်းခဲ့ရာမှ သရုပ်ဆောင် နေဒွေးဘက်က သူရဲ့ အမှားတွေကို တောင်းပန်ခဲ့တာ ဖြစ်လို့ ပြန်လည်အဆင်ပြေသွားကြပြီလို့သိရပါတယ်


ဒီကိစ္စဟာ နှစ်ဦးနှစ်ဖက် နားလည်မှု လွဲခဲ့ကြတာ ဖြစ်တယ် လို့ ဆိုပါတယ်… သူတို့ နှစ်ဦးရဲ့ ကြားမှာ သွေးထိုးတဲ့ သူတွေ ရှိနေလို့ တစ်ယောက်နဲ့တစ်ယောက် ဒေါသ ထွက်ခဲ့ရာကနေ ပိုဆိုးသွားခဲ့တာပါလို့ မီဒီယာတွေရဲ့ အင်တာဗျုး မှာ ပြောကြားခဲ့ပါတယ်…


သရုပ်ဆောင် နေဒွေးကလည်း သံစဥ်မောင်ကို ညီမလေး အရင်းလို သဘောထားပြီး သူမှားခဲ့တာတွေအတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်…


အပြည့်အစုံကို အောက်က ဆယ်လီကမ္ဘာ ရဲ့ အင်တာဗျုး Video ဖိုင်မှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ