မဟာစည်ဆရာတော်ကြီး၏ ခန္ဓာဝန်ချပွဲတွင်.မင်းကွန်းဆရာတော်ကြီးမှဂါရဝပြုကန်တော့နေသောရှားပါး ဗီဒီယိုဖိုင်

2020-05-05 16:44:47


မဟာစည်ဆရာတော်ကြီး၏ ခန္ဓာဝန်ချပွဲတွင်.မင်းကွန်းဆရာတော်ကြီးမှဂါရဝပြုကန်တော့နေသောရှားပါး ဗီဒီယိုဖိုင်

မဟာစည်ဆရာတော်ကြီး၏ ခန္ဓာဝန်ချပွဲတွင်.မင်းကွန်းဆရာတော်ကြီးမှဂါရဝပြုကန်တော့နေသောရှားပါး ဗီဒီယိုဖိုင်


သင်္ဂါယနာတင်သမိုင်း


ပထမသင်္ဂါယနာကို သာသနာနှစ် (၁) ဘီစီ-၅၄၄ တွင် အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူမဏ္ဍပ်တော်၌ အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာ အပါး ၅ဝဝ တို့က အဇာတသတ်မင်းအထောက်အပံ့ ဖြင့် ခုနစ်လတိုင် နှုတ်တက်အက္ခရာ သင်္ဂါယနာတင်ခဲ့ သည်။


အောက်ဆုံးတွင် ရှားပါးဗီဒီယိုဖိုင်တင်ပေးထားပါသည်။


ဒုတိယအကြိမ် သင်္ဂါယနာကို သာသနာနှစ်(၁ဝဝ) ဘီစီ-၄၄၃ တွင် အိန္ဒိယနိုင်ငံ ဝေသာလီပြည် ဝါဠုကာ ရာမကျောင်းတိုက်၌ အရှင်ယသ၊ အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတအမှူးပြုသော ရဟန္တာအပါး ၇ဝဝ တို့က ကာလာသောကမင်း အထောက်အပံ့ဖြင့် ရှစ်လတိုင် နှုတ်တက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။


တတိယသင်္ဂါယနာကို သာသနာနှစ်(၂၃၅) ဘီစီ-၂၇၃ တွင် အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည် အသောကာရုံ ကျောင်းတိုက်၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၊ အရှင် မဇ္ဈန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာအပါး ၁ဝဝဝ တို့က သီရိဓမ္မာသောကမင်းကြီး အထောက်အပံ့ ဖြင့် ကိုးလတိုင် နှုတ်တက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။


စတုတ္ထသင်္ဂါယနာကို သာသနာနှစ်(၄၅ဝ) ဘီစီ-၉ဝ တွင် သီရိလင်္ကာနိုင်ငံ မလယဇနပုဒ် အာလောကလိုဏ်ဂူ၌ အရှင်မဟာဓမ္မရက္ခိတအမှူးပြုသော ရဟန္တာအပါး ၅ဝဝ တို့က ဝဋ္ဋဂါမဏိမင်း အထောက်အပံ့ဖြင့် တစ်နှစ်တိုင် ပေထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။


ပဉ္စမသင်္ဂါယနာကို သာသနာနှစ်-၂၄၁၅ ခရစ်နှစ်- ၁၈၇၁ တွင် မြန်မာနိုင်ငံ မန္တလေးတောင်ခြေရှိ လောကမာ ရဇိန် ကုသိုလ်တော်ဘုရားဝင်းအတွင်းရှိ စကျင်ကျောက် ဖြူ ၇၂၉ ချပ်ပေါ်တွင် ပိဋကတ်တော်များကို အက္ခရာ ရေးထွင်း၍ ခုနစ်နှစ် ခြောက်လ ၁၄ ရက်တိုင် ကျောက်ထက် အက္ခရာတင်ခြင်း၊ တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇာဂုရု ဘဒ္ဒန္တဇာဂရာဘိဝံသမဟာထေရ် အမှူးပြုသော သံဃာ တော်အပါး ၂၄ဝဝ တို့က ငါးလနှင့် သုံးရက်တိုင် နှုတ်တက် အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာတင်ခဲ့သည်။


ဆဌသင်္ဂါယနာကို သာသနာနှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် (၁၃၁၆ မှ ၁၃၁၈) (အေဒီ ၁၉၅၄ မှ ၁၉၅၆)၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တော် ဆဋ္ဌသိင်္ဂ ီမဟာပါသဏဂုဟာ ကျောက်လိုဏ်ဂူတော်ကြီးတွင် ပိဋကတ်တော်များ သန့်ရှင်းစင်ကြယ်၍ ကမ္ဘာအရပ်ရပ်သို့ ပိုမိုပျံ့နှံ့ကာ အဓွန့်ရှည်ကြာစိမ့်သောငှာ ညောင်ရမ်းဆရာတော်ဘုရား၊ နောင်တွင် မစိုးရိမ်ဆရာတော်ဘုရားတို့က သံဃနာယကပြုပြီး မဟာစည်ဆရာတော်က မေး၍ မင်းကွန်း တိပိဋကဓရ ဆရာတော်က ဖြေဆိုတော်မူကာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ်းပူးချားနိုင်ငံ၊ လောနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ စသော ထေရဝါဒနိုင်ငံ ၅-နိုင်ငံမှ သံဃာတော်များအပါအဝင် သံဃာတော်ပေါင်း ၂၆၁၇-ပါး တို့နှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူသည်။


နောက်ဆုံး ဆဋ္ဌသင်္ဂါယနာမှ သာသနာ့အာဇာနည်အရှင်မြတ်ကြီးနှစ်ပါးမှ မဟာစည်ဆရာတော်ဘုရားကြီး၏နောက်ဆုံးခန္ဓာဝန်ချပွဲတွင်.မဟာစည်ဆရာတော်ကြီး၏ညီတော်ဖြစ်သော..မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီးမှလာရောက်ဂါရဝပြု ကန်တော့နေသောရှားပါး ဗီဒီယိုဖိုင်ပါ (၁) မိနစ်ခန့်သာကြာသည်။ဖူးမျှော်ကြည်ညိုခွင့်ရအောင် တင်ပေးလိုက်ပါသည်။