တရုတ်ပညာရှင်များကမြင်သော မြန်မာ ကိုဗစ် ၁၉ အခြေအနေ

2020-04-17 17:16:04


တရုတ်ပညာရှင်များကမြင်သော မြန်မာ ကိုဗစ် ၁၉ အခြေအနေ

တရုတ်ပညာရှင်များကမြင်သော မြန်မာ ကိုဗစ် ၁၉ အခြေအနေ


တရုတ်ပညာရှင်များကမြင်သော မြန်မာ့ COVID

———————————————————-

ယူနန်ပြည်မှ တရုတ်ပညာရှင်များသည် မြန်မာနိုင်ငံသို့ရောက်နေသည်မှာ ရက်သတ္တပတ် တခုကျော်နီးပါး ရှိပီဖြစ်သည်။ သူတို့သည် ဓာတ်ခွဲစမ်းသပ်ရန် လိုအပ်သည့်ပစ္စည်း အားလုံးကို ယူဆောင်လာခဲ့သည်။ တန်ကြေးအားဖြင့် ယွမ် သိန်း ၄၀၀၀ ကျော်ရှိပီး ၅.၃ တန်ရှိသည်။ N95 mask 8500, Surgical Mask 60000 နှင့် အကာအကွယ်၀တ်စုံပေါင်း ၅၅၀၀ ကျော် ယူဆောင်လာသည်။


ထိုအဖွဲ့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ ရောဂါကျွမ်းကျင်၊ သူနာပြုများ၊ ဓာတ်ခွဲပညာရှင်များနှင့် တရုတ်တိုင်းရင်းဆေးပညာရှင်များပါ၀င်သည်။ ရောက်ရှိချိန်က စပီး ၄ဖွဲ့ခွဲကာ မြန်မာ့ COVID တိုက်ဖျက်ရေးကို လေ့လာခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ရောဂါကူးစက်မှုထိန်းချုပ်ပုံ၊ ဓာတ်ခွဲမှုအပိုင်း၊ ရောဂါကုသမှုနှင့် ပြုစုမှုတို့ကို အဓိကလေ့လာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်နဲ့ မန္တလေးက ဆေးရုံတွေကိုလဲ သွားရောက်လေ့လာခဲ့ပီး မြန်မာဆေးပညာရှင်တွေနဲ့လဲ တွေ့ဆုံခဲ့ပါတယ်။ အဖွဲ့၀င်တဦးကတော့ မြန်မာဆရာ၀န်တွေဟာ စိတ်ပိုင်းဖြတ်မှုရှိကြပီး ရောဂါနဲ့ပတ်သက်ပီး သူတို့သိလိုတဲ့အချက်တွေကို အသေးစိတ်မေးမြန်းလေ့လာကြပါတယ်။ လို့ ဆိုပါတယ်။ WHO ရဲ့ Guideline အတိုင်း မြန်မာပြည်က လူနာတွေကို ကုသပေးနေပီး တရုတ်ကတော့ ပိုအသေးစိတ်ကျတဲ့ အချက်အလက်တချို့ကို ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပီး Fever Clinics တွေကို ဘယ်လိုချိန်ညှိရမလဲ။ စောင့်ကြည့်လူနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သူတို့ရဲ့ ရောဂါတိုက်ဖျက်ချိန်က အတွေ့အကြုံတွေနဲ့ ယှဉ်ပီး ပြောပြခဲ့ကြပါတယ်။


ဓာတ်ခွဲမှုအပိုင်းမှာတော့ မြန်မာနိုင်ငံဟာ အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်လို့ Quarantine ကာလကို ၂၁ ရက်အထိ တိုးမြှင့်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ခွဲစမ်းသပ်နိုင်မှုစွမ်းအားဟာ ဒီလို ကပ်ရောဂါမျိုးကြုံတွေ့ရချိန်မှာ အလွန်အရေးကြီးပါတယ်။ မြန်မာပြည်မှာတော့ NHL မှာပဲ ဓာတ်ခွဲနေပီး တနေ့ကို နမူနာ ၂၀၀ ကနေ ၃၀၀ အထိ ဓာတ်ခွဲနိုင်ပီး နာရီပေါင်း ၁၆-၁၇ နာရီ ကြာမြင့်ပါတယ်။ တရုတ်အဖွဲ့၀င်တဦးက ပြောကြားရာမှာ ဓာတ်ခွဲနိုင်တဲ့အရေအတွက်ဟာ တိုင်းပြည်အတွက် လိုအပ်သလောက် ဓာတ်ခွဲနိုင်ခြင်းမရှိသေးပါဘူး။ လိုအပ်နေပါသေးတယ်။ အထူးသဖြင့် မန္တလေးမှာ နောက်ထပ် ဓာတ်ခွဲခန်းအသစ် ဆောက်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဓာတ်ခွဲနိုင်စွမ်းတိုးတက်လာဖို့ ဓာတ်ခွဲခန်းတခုစာ ပစ္စည်းအပြည့်အစုံကို ယူနန်အစိုးရက ပေးပို့လှူဒါန်းတယ်လို့ သိရပါတယ်။


သူက Global Times ကို ဆက်လက်ပြောကြားရာမှာ မြန်မာအစိုးရဟာ COVID ကို တိုက်ဖျက်ဖို့ အားထုတ်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒါတွေကတော့ မြို့တွေကို အကန့်အသတ်နဲ့ပိတ်တာ။ လူစုလူဝေးပွဲတွေဖြတ်တာ။ အသွားအလာကန့်သတ်မှုနဲ့ ပွဲတော်တွေကို ဖျက်သိမ်းလိုက်တာတွေပါပဲ။ ဒီလုပ်ရပ်တွေက အကျိုးရှိပါတယ်လို့ သူက ဆိုပါတယ်။ မြန်မာပြည်က ရောဂါတိုက်ဖျက်ဖို့ တက်တက်ကြွကြွ လုပ်နေပေမယ့် လိုအပ်တာတွေရှိပါသေးတယ်။Quarantine center တွေမှာ တခန်းကို လူ ၁ယောက်ထက် ပိုထားနေရတာမျိုးတွေနဲ့ စည်းကမ်းတွေကို တရုတ်ပြည်လောက် မတင်းကြပ်သေးတာတွေပါလို့ ထောက်ပြပါတယ်။


မြန်မာနိုင်ငံမှာ ဧပြီ ၁၁ မှာ ၁၀ယောက်၊ ၁၃ ရက်နေ့မှာ ၂၁ ယောက်နဲ့ ၁၄ ရက်နေ့မှာ ၁၂ ယောက် တွေ့ရပီး စုစုပေါင်း ၈၅ ယောက်ဖြစ်တဲ့အထိ မြင့်တက်လာနေပါတယ်။ ဒီအတွက် မြန်မာပြည်မှာ မကြာခင် Out Break ဖြစ်တော့မလားဆိုတာကိုတော့ သူက ဓာတ်ခွဲစစ်ဆေးနိုင်စွမ်းမြင့်တက်လာတာနဲ့ ရောဂါကူးစက်မှုတအားများလာတယ်ဆိုတာ သက်ဆိုင်တဲ့အရာ မဟုတ်ပါဘူး။ တခြားစီပါ။


ကျနော်တို့လေ့လာခဲ့ရသလောက်တော့ မြန်မာပြည်မှာ Outbreak ဖြစ်ပွားနေတဲ့ အခြေအနေမရှိပါဘူး။ လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။

Credit Nay Thway

Ref ; Global Times