၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ၁၆.၄.၂၀၂၀ မှ ၂၂.၄.၂၀၂၀ အထိ

2020-04-16 12:47:39


၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ၁၆.၄.၂၀၂၀ မှ ၂၂.၄.၂၀၂၀ အထိ

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ၁၆.၄.၂၀၂၀ မှ ၂၂.၄.၂၀၂၀ အထိ


တနင်္ဂနွေ


ဒီအပတ်အတွင်းရာထူးမတတ်သော်လည်းဘဝတစ်ဆင့်မြင့်လုပ်ငန်းတာဝန်များထမ်းဆောင်ရလိမ့်မည်။ ခရီးသွားရန်ကြံရွယ်ထားပြီးမှ ပျက်သွားတတ်သည်။ စီးပွားရေးတွင် စက်ပစ္စည်းပျက်များ ပြင်နေရချိန်ဖြစ်ပါတယ်။ ရောင်းကုန်များ ဈေးကောင်းမရသလို ရောင်းမထွက်ဘဲ ဖြစ်နေလိမ့်မည်။ အခြားသူအလုပ် အတွက် ငွေစိုက်ထုတ် ပေးရခြင်းမျိုးကြုံရတတ်ပါတယ်။ မင်းစိုးရာဇာတို့၏ချီးမြှောက်မှု၊ဋ္ဌာနဆိုင်ရာနှင့်စီးပွား တွဲဖက်လုပ်ကိုင်ခြင်းများ ကြုံ မည်။


အလုပ်သစ်ချဲ့ခြင်းတွေရှောင်သင့်တဲ့နေ့ရက်တွေပါပဲ။ အလှူအတန်းတွေကို အားပါးတရလုပ်ခွင့်ရပါလိမ့် မယ်။ ပစ္စည်းဟောင်းတစ်ပတ်ရစ်များ ဝယ်ယူခြင်းမျိုးဒီအပတ်မှာရှောင်စေချင်ပါတယ်။ အချစ်မရှိသေးသူများ အတွက် အချစ်သစ်မရှာသင့်ဆုံးကာလတစ်ခုဖြစ်နေပါတယ်။


ချစ်မိလျှင် သူငယ်ချင်း အဖြစ်မှရပ်တန့်သွားမည်။ အိမ် ထောင်ဖက်သည် သူအလုပ်နဲ့သူများနေတတ်သည်။ အိမ်တွင်းရေးမှာ အေးစက်နေသော်လည်း အေးချမ်းသာယာမှု၊ နားလည်မှု များရှိနေမည်။ ကျန်းမာရေးတွင်တော့ လည်ချောင်းနာ၊ အစားပျက်နှင့် ဝမ်းလျှော၊ ဝမ်းပျက်များ ဖြစ်တတ် သည်။ အလွန်အကျွံအိပ်ခြင်းကြောင့် ရောဂါရနိုင်သည်။ ပညာရေးတွင် ပညာသင်ကြားရန် ရည်ရွယ်ထားပြီးမှ အနှောက်အယှက်ကြုံမည်။


အကျိုးပေးဂဏန်း ၁/၅/၂

အထူးဟော ကံအကောင်းအဆိုးမျှနေသည်။

ယတြာ ဖီးကြမ်းငှက်ပျော်သီး တစ်ဖီး ရဟန်းတစ်ပါးကိုလှူလိုက်ပါ။


တနင်္လာ


ဒီကာလအတွင်းပစ္စည်းပျောက်ရှာမရတာမျိုးတွေကြုံရတတ်ပါတယ်။မီးဘေး အန္တရာယ်၊ ဓါတ်လိုက်မှုမျိုး များလည်း ကြုံနိုင်ပါတယ်။စက်ပစ္စည်းအဟောင်းများကိုရောင်းဝယ်ခြင်းတို့၊ ခရီးများလာခြင်းတို့ကြောင့် ငွေများစွာရနေမည်။ ပြည်ပသွား၍လုပ်ကိုင်လိုသူများ အမြန်သွားမှဖြစ်မည်။


အချို့စာရွက်၊ စာတမ်း အလိမ်အညာရှိသော်လည်း ပြေလည်ပြီးသွားရမည်။ ခရီးသွားလုပ်ငန်းများ ယာယီအားဖြင့် ကောင်းသော်လည်း အခက်အခဲအနည်းငယ်ကြုံနိုင်ပါတယ်။ မိသားစုဝင်များနှင့်ပတ်သက်၍ တကျက်ကျက်ရန်ဖြစ်နေရမည်။အိမ်ထောင်ရေးမှာညှိမရတွေဖြစ်တတ် သည်။


သားသမီးတို့၏ပညာရေးကို ဂရုမစိုက် နိုင်ပဲ ဖြစ်နေမည်။ ဘွဲ့လက်မှတ်၊ ဂုဏ်ထူးနှင့်ဆိုင်သော ပညာရပ်များကို သင်ယူရာ၌ များစွာအခက်အခဲဖြစ်စေလိမ့်မည်။ အချစ်မရှိ သူများအတွက် အသက်ကြီးသူ၊ မလွတ်လပ်သူကိုမှ ချစ်နေပါမည်။ အချစ်ရေးမှာ အေးတိအေးစက်နှင့် ထုံပေပေ ဘာမျှမသိ၊ နားလည်ရခက်သော အချစ်ဖြစ်နေမည်။


ကျန်းမာရေးတွင် အစားအသောက်ပျက်ခြင်းများ၊ဝမ်းနူးစာများစားမိ၍ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါရတတ်ပါတယ်။ ခါးနာရောဂါဖြစ်လွယ်သည်။ပစ္စည်းပျောက်ရှာမရတာမျိုးတွေကြုံရတတ်ပါတယ်။မီးဘေး အန္တရာယ်၊ ဓါတ်လိုက်မှု မျိုး များလည်း ကြုံနိုင်ပါတယ်။


အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော အလုပ်တွေကောင်းပေမယ့် အလိမ်အညာခံရတတ်ပါတယ်။

ယတြာ သဇင်ပန်း/သစ္စာပန်း ဘုရားကပ်လှူပေးပါ။


အင်္ဂါ


ဒီအပတ်အတွင်း စီးပွားရေးပြန်လည်ကောင်းမွန်လာသောအချိန်ဖြစ်ပါတယ်။ အကျိုးဆောင်အလုပ်နှင့် နှုတ် အပြောဆိုင်ရာ လုပ်ငန်းများမှ ငွေဝင်မည်။ ယာဉ်နှင့်စိန်ရောင်းဝယ်မှုများ အလုပ်ဖြစ်မည်။ စာပေဆိုင်ရာများ ဆက်သွယ်ရေးလုပ်ငန်း များလည်း အကျိုးပေးနေမည်။


စက်ပျက်စီးမှုနှင့် လျှပ်စစ်ဓါတ်အား မလုံလောက်မှုများ တွေ့ကြုံရမည်။ ၎င်းတို့နှင့် ဆိုင်သောလုပ်ငန်းများ နှေးကွေးနေမည်။ ဖြေရှင်း ရန်ခက်ခဲသော ထူးခြားဖြစ်ရပ်များ ကြုံမည်။ အလွယ်တကူ ရသည်ဟူ၍ မရှိ၊ ဦးတည်လိုက်တိုင်း နေရာတိုင်း၌ အခက်အခဲရှိမည်။


တိုးချဲ့သော လုပ်ငန်း များ ရပ်တန့်သွားခြင်းများ ရှိမည်။ ခရီးသွားရန် ရည်ရွယ်ထားလျှင် အရှေ့အရပ် သို့သွားပါ။ အိမ်ထောင်ရေးကတော့ သာယာချမ်းမြေ့မှုများ ပြည့်နေပေမည်။ မိဘလိုအချစ်၊ မောင်နှမလိုအချစ်မျိုးဖြင့် နေထိုင်ဖြစ်မည်။ ပညာရေးတွင် ဘာသာရေးနှင့် ဒဿန ဆိုင်ရာပညာများ၊ နိုင်ငံရေးရာပညာရပ်များကိုလည်းစာပေကနေသင်ယူခွင့်ရမည်။


အချစ်ရေး တွင် အမိန့်ပေးတတ် သောသူကိုမှ ချစ်မြတ်နိုးနေမည်။ချစ်သူက ကိုယ့်ကိုနိုင်စားပါလိမ့်မယ်။ ကျန်းမာရေးတွင် အကြောတတ်၊ အညောင်း ကိုက် နေမည်။ ဆေးစားမှား တတ်သည်။ မတည့်သော အစားအသောက် စားမိသဖြင့် ရောဂါရနိုင်ပါတယ်။


အကျိုးပေးဂဏန်း ၄/၇/၀

အထူးဟော တစ်ခုခုလုပ်မယ်ဆို အဖုအထစ်လေးတွေကြုံပြီးမှအဆင်ပြေမည်။

ယတြာ ထန်းလျက် ၁၁လုံးခန့် ဘုရားကပ်လှူပါ။


ဗုဒ္ဓဟူး/ရာဟု


ဒီကာလအတွင်း ကိုယ်တိုင်အရောင်းအဝယ်၌ ဈေးကစားနေမိသောအချိန်ဖြစ်သည်။ အိမ်၊ ခြံ၊ မြေအတွက် ရောင်းဈေး၊ ဝယ် ဈေးနှင့် ချိန်နေရင်း ဆွေမျိုးများနှင့် ဈေးတည့်သွားလိမ့်မည်။ အောက်လက်ငယ်သားဝန်ထမ်းများ အလွန်နှေး ကွေး နေ၍ဆူပူနေရပါလိမ့်မယ်။


စပ်တူရှယ်ယာများအချင်းချင်း ရန်ဖြစ်ပြီးရှယ်ယာခွဲတာမျိုးတွေထိဖြစ် တတ်ပါ တယ်။ အိမ်ထောင်‌ရေး တွင် အိမ်ထောင်ဖက်က နေရာတိုင်းမှာ ဝင်ပါနေမည်။ အိမ်ထောင်ဖက်ကြောင့် လူမှုရေး၊ အလုပ် အကိုင်များ ပျက်တတ်ပါတယ်။ မနာလိုသူတွေရဲ့ထိုးနှက်တဲ့စကားကို ဥပေက္ခာပြုနိုင်လျှင် အေးချမ်း သောဘဝ ရရှိ လိမ့်မည်။


ပန်းချီ၊ ပုံဆွဲ၊ဂစ်တာတီး၊ဂရပ်ဖစ်ဒီဇိုင်းစတဲ့ အနုပညာနှင့်ဆိုင်သော ပညာရပ်များကို ပျော်ရွှင် စွာသင်ယူ ဖြစ်မည်။ ကွန်ပျူတာ ဆက်သွယ်ရေးပစ္စည်းများမိဘလူကြီးတွေဝယ်ပေးတာမျိုးကြုံရတတ် ပါတယ်။ အချစ်ရေး တွင် လုပ်ဖေါ်ကိုင်ဖက်တစ်ဦး၏အချစ်ကိုရရှိလိမ့်မည်။ ချစ်သူနှင့် ခရီးသွားရန် ကြံရွယ်ပြီးမှ ပျက် သွားလိမ့်မည်။ ကျန်းမာရေးတွင် ကိုယ်လက်လှုပ်ရှားမှုနည်းသဖြင့် ကိုယ်လက်မအီမသာဖြစ်ပါ လိမ့်မယ်။ အမျိုးသမီးများ ဓမ္မတာသွေးလွန်မည်။


အကျိုးပေးဂဏန်း ၁/၅/၈

အထူးဟော ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပေးပါ။

ယတြာ ပဲကပ်ကြော်ဘုရားကပ်လှူပေးပါ။


ကြာသပတေး


ဒီကာလအတွင်း ဟောင်းနွမ်းနှစ်ကြာသော ကုန်ပစ္စည်းများဒိတ်လွန် ပျက်စီးမှု၊ ဆုံးရှုံးမှုများရှိနေမည်။ ဆရာ မိဘနှင့် ဆက်နွယ်သောအလုပ်များ၊ နိုင်ငံရပ်ခြားနှင့်ဆက်နွယ် သောအလုပ်များလုပ်ကိုင်၍ ငွေဝင်မည်။ အကျိုး ဆောင်လုပ်ငန်းများ လုပ်ဖြစ်မည်။ အလုပ်အကိုင်များ ပြန်လည်ကောင်းမွန်လာချိန် ဖြစ်ပေမယ့်အလုပ်သမား တပည့် များ၏အလုပ်ထွက်မှုနှင့်ရန်ပြဿနာကြောင့်အနည်းငယ်အခက်အခဲကြုံမည်။


သတင်းအမှားများကို နားထောင်မိရာမှ အရှုံးပေါ်တတ်သည်။ စားသောက်ကုန်နှင့် အဝတ်အထည်၊ ငွေကြေးဖလှယ်မှုများမှ အကျိုးအမြတ်ရလိမ့်မည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ အသုံးအဖြုန်းကြီးမှု ကြောင့် စကားများရဖွယ်ရှိသည်။


မိသားစု၏အခက်အခဲ များကို သဘောထားကွဲလွဲစွာ အယူအဆကိုယ်စီဖြင့် ဖြေရှင်းဖြစ်လိမ့်မည်။ ပညာရေးတွင် အသက်မွေးဝမ်းကျောင်း မှုဆိုင်ရာပညာနှင့် ဆက်သွယ်ရေးဆိုင်ရာပညာရပ်များသင်ရမည်။ အချစ်ရေးတွင် ဘာသူမတူ၊ လူမျိုးခြားတစ်ဦးက လာရောက်ချစ်ခွင့်ပန်ခြင်းကိုခံရတတ်သည်။အတိတ်က အချစ်ဟောင်းကို ပြန်လည်တွေ့ရှိရလိမ့်မည်။ ကျန်းမာရေး တွင် သွေးတိုး‌၊ သွေးကျ၊ သွေးနှင့်ဆိုင်သော ရောဂါ များဖြစ်လိမ့်မည်။


အကျိုးပေးဂဏန်း ၂/၆/၉

အထူးဟော အလှူအတန်းနှင့်ဘာသာရေးအလုပ်များအဆင်ပြေမည်။

ယတြာ သစ်ခွပန်းဘုရားလှူပါ။


သောကြာ


ဒီကာလအတွင်းရပ်နေသောအလုပ်များ ပြန်လည်လှုပ်ရှားလာမည်။ ဝင်ငွေများသိသာလာသော်လည်း ဆရာမိဘများကို ပေးကမ်းရမှုများကြောင့် မစုမိဖြစ်နေမည်။ အကျိုးဆောင်နှင့် စပ်တူရှယ်ယာများမှ ဝင်ငွေတဖြည်းဖြည်း ကောင်းလာ မည်။ အလုပ်သမားများကို အမှီပြု၍ လုပ်ငန်းများလည်ပတ်လာမည်။ နိုင်ငံရပ်ခြားခရီးဝေး အလွန် ကောင်းကျိုးပေးမည်။ အလုပ်ထဲမှငွေကြေးအထားမှားပျောက်ဆုံးမှုဖြစ်ပေါ်နေမည်။


ဆက်သွယ်ရေးနှင့် စာအုပ် ထုတ်ဝေရေး၊လူထုကိုတိုက်ရိုက်အကျိုးသက်ရောက်စေသောအလုပ်များအထူးကောင်းမွန်မည်။ မြေယာနှင့် ဆောက် လုပ် ရေးများ အနည်းငယ်ညံ့နေမည်။ အိမ်ထောင်ရေးတွင် လင်မယားနှစ်ယောက်တက်ညီလက်ညီ တစ်နယ်စီဝေး သော်လည်း ဆက်သွယ်ရေးကောင်းမွန်မှုကြောင့် အနီးမှာ ရှိနေသကဲ့သို့နွေးထွေးနေမည်။ သီချင်းရေးနှင့် အနုပညာ ဆိုင်ရာများ သင်ကြားရာတွင် အလွန်တတ်လွယ်မည်။


အွန်လိုင်းကနေပညာသင်ခြင်းများအထူး အောင်မြင်မည်။ အချစ်ရေးတွင် အရွယ်လွန်အပျိုကြီးဖြစ်ပေမယ့် ငယ်ရွယ် သူ၏ချစ်မြတ်နိုးမှုကို ခံရချိန်ပါပဲ။စုံတွဲများကတော့ ကြားလေသွေး၍ ဝေးမှာစိုးရိမ်နေတဲ့ ချစ်ခြင်းခိုင်မြဲတဲ့အချိန်ပါပဲ။ ကျန်းမာရေးတွင်ရောဂါဗေဒဆိုတာမျိုး ခံစားရတာ မရှိဘဲ ထိခိုက်ရှနာ သွေးထွက်သံယိုအသေးစားလေးတွေဖြစ် တတ်ပါတယ်။


အကျိုးပေးဂဏန်း ၃/၆/၇

အထူးဟော စန်းအားကောင်းနေပါတယ်။

ယတြာ နို့ဆီတစ်ဗူး ရဟန်းတစ်ပါးကိုလှူလိုက်ပါ။


စနေ


စီးပွားရေးလုပ်ငန်းများ တစ်ကျော့ပြန်အားကောင်းလာချိန်၊ လုပ်ငန်းအတွက်ရင်းနှီးမြှပ်နှံလိုသူများ ရောက်ရှိ လာမည်။ မိတ်ဟောင်း၊ ဆရာဟောင်းတို့၏ ကူညီမှုရရှိမည်။ မူရင်းအလုပ်မှာနှေးကွေးနေသော်လည်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတတ်အောင်နည်းပညာနဲ့ပေါင်းပြီးလုပ်ကိုင်နိုင်ရင်တော့အလွန်အောင်မြင်မည်။ မိသားစုဝင်အားလုံး အလုပ်ကိုယ်စီနှင့် တတ်ကြွစွာလုပ်ကိုင်ဖြစ်မည်။


အရက်သောက်တတ်သော သူများမသောက်နဲ့မပြောပါဘူး။ ချိန်ဆ သောက် သင့်တဲ့ကာလပါ။ အိမ်ထောင်ရေးတွင် ဆွေမျိုးများ၊ တပည့်များကြောင့် လင်မယား စကားများရမည်။ အိမ်ထောင် ဖက်၏ လက်ဝတ်ရတနာများ ထွက်တတ်သည်။ သားသမီးများအတွက် ငွေကုန်များမည်။ ပညာရေး တွင် ဆရာကောင်းများနှင့် ပညာသင်ကြားခွင့်ရသော အချိန်ဖြစ်သည်။ ပညာရေးအတွက် အထောက်အပံ့ကောင်းများ လာမည်။


အချစ်ရေးတွင် တတိယလူ၏အနီးကပ် ရင်းနှီးစွာဝင်ရောက်လာမှုကြောင့် အလွန်ကြီးမားသော အချစ် ပြဿနာပေါ်လာမည်။ လက်ရှိချစ်သူကိုလည်းမစွန့်ရက်နဲ့ဒုက္ခများရတတ်ပါတယ်။ ကျန်းမာရေးတွင် သွေးတိုးသွေး တတ် ဖြစ်နိုင်သည်။ အစားအစာလွန်ကဲမှုကြောင့် အစာမကြေနှင့် ဗိုက်နာရောဂါများ ခံစားရတတ်သည်။


အကျိုးပေးဂဏန်း ၁/၄/၈

အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။

ယတြာ အာလူးနဲ့ဝက်သား ရောချက်ပြီး ရဟန်းသံဃာတွေကို လောင်းလှူလိုက်ပါ။


၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)09 77 5555 695 /09 44 5555 695