တွင်းထဲက ယုန်ကို နှုတ်သီးနဲ့ဆိတ်ယူပြီး၊ တစ်ကောင်လုံး မျိုချလိုက်တဲ့ စင်ရော်ကြီး

2020-04-12 23:15:20


တွင်းထဲက ယုန်ကို နှုတ်သီးနဲ့ဆိတ်ယူပြီး၊ တစ်ကောင်လုံး မျိုချလိုက်တဲ့ စင်ရော်ကြီး

တွင်းထဲက ယုန်ကို နှုတ်သီးနဲ့ဆိတ်ယူပြီး၊ တစ်ကောင်လုံး မျိုချလိုက်တဲ့ စင်ရော်ကြီး


ပင်လယ်စင်ရော်တွေဟာ အစားအသောက်နဲ့ပတ်သက်ရင် သောင်းကျန်းသော်လည်း၊ သူတို့ ပါးစပ်နဲ့ အန်ဝင်ခွင်ကျဖြစ်တဲ့ ငါးအငယ်လေးတွေ၊ မုန့်စသည်တို့ကိုသာ စားသောက်လေ့ရှိပါတယ်။ ဒါပေမယ့် စင်ရော်တွေရဲ့ပါးစပ်နဲ့ လည်ချောင်းကြွက်သားတွေဟာ သားရေကွင်းလို့ ကျံ့နိုင်ဆန့်နိုင်တဲ့ သဘောကို ပိုင်ဆိုင်ထားပါတယ်။ ယမန်နှစ်တုန်းကတော့ ပင်လယ်စင်ရော်ကြီးတစ်ကောင်ဟာ ခိုငှက်ကို ဖမ်းယူစားသောက်ပြီး အကောင်လိုက် မျိုချခဲ့တဲ့ ဗွီဒီယိုမှတ်တမ်း ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။ အဲဒီတုန်းကတည်းက စင်ရော်တွေရဲ့ အစားအသောက် သောင်းကျန်းလွန်းတဲ့ပုံစံကို လူတွေတော်တော်များများ သတိထားမိခဲ့တာပါ။ အခု အစားအစာ လောဘကြီးလွန်းတဲ့ စင်ရော်တစ်ကောင်က ယုန်တစ်ကောင်လုံးကို မျိုချလိုက်တာပါ။

အဲဒီယုန်ဟာ စင်ရော်တွေကို ကြောက်လွန်းလို့ အမြန်တွင်းထဲကို ပြေးဝင်ခဲ့ပေမယ့်၊ စားနေကျကြောင်ပါးကြီးဖြစ်နေတဲ့ စင်ရော်ကြီးကတော့ သူ့ကို တွင်းထဲကနေ နှုတ်သီးနဲ့ဆိတ်ပြီး သက်တောင့်သက်သာ စွဲထုတ်လိုက်ပါတယ်။ နောက်တော့ အငမ်းမရ ယုန်တစ်ကောင်လုံးကို မျိုချလိုက်တာပါ။ ဒီလောက်ကြီးတဲ့ ယုန်တစ်ကောင်ကို စင်ရော်က မျိုချနိုင်လိမ့်မယ်လို့် မထင်ရက်စရာပါဘဲ။စင်ရော်ကြီးကတော့ ယုန်တစ်ကောင်လုံးကို စက္ကန့်အနည်းငယ်အတွင်းမှာပဲ မျိုချလိုက်ပါတော့တယ်။ သူ့အနေနဲ့ ယုန်က ဗိုက်ထဲမှာ အစာမကြေဘူးဆိုရင်တော့ ဘေးဒုက္ခတွေ့စရာ ရရှိပါတယ်။ စပါးအုံးတွေ စပါးကြီးမြွေတွေကလည်း အကောင်ကြီးကြီး သတ္တဝါတစ်ကောင်လောက် တွေ့ရင် မျိုချပြီး၊ လေးငါးလလောက် အစာစားရန်မလိုပဲ ပုန်းအောင်းနေနိုင်တယ်လို့ ဆိုပါတယ်။


ဒါပေမယ့် အစာကြောင့် ဒုက္ခရောက်တာမျိုးလည်း ရှိခဲ့ပြီး၊ စပါးအုန်းတွေ စပါးကြီးတွေဟာ သူတို့ အစာချက်လုပ်ဖို့မလွယ်တဲ့ သတ္တဝါကို မျိုထားမိရင် ရက်အနည်းငယ်မှာ ပြန်ပြီးအန်ထုတ်တတ်ကြပါတယ်။ တစ်ခါတရံကျတော့ ဦးချိုပါတဲ့သတ္တဝါတွေကို မျိုမိရာက သူတို့ကိုယ်တိုင် အသက်ဆုံးရှုံးရတာမျိုးလည်း ရှိပါတယ်။ အခု အဖြစ်အပျက်ကတော့ ဝေးလ်နိုင်ငံ၊ Pemborkeshire ကမ်းရိုးတန်းက Skomer ကျွန်းပေါ်မှာ ဖြစ်ခဲ့တာပါ။



ဘာသာပြန်-လင်းဇော်ကို D Nae Khit