နိုင်ငံတကာ အနုပညာရှင်တွေနဲ့အပြိုင် Asian Amazing Culture & Community မှာ ဖော်ပြခံခဲ့ရ တဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်


နိုင်ငံတကာ အနုပညာရှင်တွေနဲ့အပြိုင် Asian Amazing Culture & Community မှာ ဖော်ပြခံခဲ့ရ တဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့က အနုပညာလောကမှာအောင်မြင်မှုများစွာနဲ့ကိုယ်စီရပ်တည်နေကြသူတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံ ခွန် က အ နောက်တိုင်း နိုင်ငံတွေအထိပါ ပရိတ်သတ်တွေ အားပေးတာကို ခံခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်သလို ဝတ်မှုံရွှေရည်ကလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ 


မြန်မာ့ နွေဉီးတော်လှန်ရေးစတင်ခဲ့တဲ့ အချိန်ထဲက စတင်ပြီး အားကြိုးမာန်တက် လမ်းပေါ်ထွက်ပြီး တော်လှန်ကြတဲ့အနုပညာရှင်တွေထဲမှာ ပိုင်တံခွန်ရော ဝတ်မှုံရွှေရည်ရော အပါအဝင်ပါပဲ။ လက်ရှိမှာတော့ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲကိုရောက်ရှိနေသလို ဝတ်မှုံရွှေရည်ကလည်း နိုင်ငံရေးပဋိပက္ခတွေကြားမှာအနုပညာအလုပ်တွေကို ရပ်တံ့ထားခဲ့တာပဲဖြစ်ပါတယ်။




 အနုပညာအလုပ်တွေမလုပ်ကိုင်တာ တစ်နှစ်နီးပါးရှိနေပြီဆိုပေမယ့် ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ အောင်မြင်မှုဟာ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနုပညာရှင်တွေအဖြစ် ဖော်ပြခြင်းခံခဲ့ရပြန်ပါပြီ။  ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်က နိုင်ငံတကာ အနုပညာရှင်တွေနဲ့အပြိုင် Asian Amazing Culture & Community Facebook Group မှHandsome & Beautiful ရဲ့ အဓိပ္ပါယ်ကို နိုင်ငံအလိုက် ဘာသာ စကားများနဲ့ ဖော်ပြခဲ့ရာ မြန်မာနိုင်ငံအနေနဲ့ ပိုင်တံခွန် နဲ့ ဝတ်မှုန်ရွှေရည် က ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။



Source: Asian Amazing Culture & Community Facebook Group