ကျောင်းထိုင်ဘုန်းကြီးမှ သားမယာပြုကျင့်ရန် နှိပ်စက်ကြိုးပမ်းခဲ့မှု ကာယကံရှင်မိန်းကလေးမှ ဖြစ်စဉ်များပြောပြ။

2020-04-09 00:55:44


ကျောင်းထိုင်ဘုန်းကြီးမှ သားမယာပြုကျင့်ရန် နှိပ်စက်ကြိုးပမ်းခဲ့မှု ကာယကံရှင်မိန်းကလေးမှ ဖြစ်စဉ်များပြောပြ။

ကျောင်းထိုင်ဘုန်းကြီးမှ သားမယာပြုကျင့်ရန် နှိပ်စက်ကြိုးပမ်းခဲ့မှု ကာယကံရှင်မိန်းကလေးမှ ဖြစ်စဉ်များပြောပြ။


ကျောင်းထိုင်ဘုန်းကြီးမှ သားမယာပြုကျင့်ရန် နှိပ်စက်ကြိုးပမ်းခဲ့မှု ကာယကံရှင်မိန်းကလေးမှ ဖြစ်စဉ်များပြောပြ။ရွာသူရွာသားများမှ ကျောင်းကို ဝိုင်းထားပြီး လူဝတ်လဲဖမ်းဆီးရန် အော်ဟစ်တောင်းဆို။ 


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု ရွှေရပ်တော်ကျောင်းထိုင်ဘုန်းကြီးမှ ဧပြီ(၆)ရက် နေ့လည်ပိုင်းက ဆိုင်ကယ်ဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မန္တလေးမြို့တံခွန်တိုင်စျေးကို စျေးဝယ်သွားတဲ့ အသက် ၂၀ အမျိုးသမီးကို ပါးရိုက်ပြီး ကရောင်းကားအနက်ပေါ်တင်ပြေးကာ ကျောင်းကိုခေါ်သွားပြီး ကျောင်းအောက်ထပ်အခန်းအတွင်း ဆွဲခေါ်တွန်းလှဲ၍ သားမယားပြုကျင့််ရန်ကြိုးပမ်းခဲ့ကြေင်း သိရပါတယ်။




အခုဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဓနုံးကျေးရွာ ကုလားကြီးကျေးရွာ ယဉ်စံတော်ကျေးရွာ စတဲ့ရွာသူ/သား သုံးရာကျော်က သားမယားပြုကျင့်ရန်ကြိုးစားခဲ့တဲ့ကျောင်းထိုင်ဘုန်းကြီးကို လူချွတ်ပေးရေး၊ လူဝတ်လည်းပေးရေး၊ လက်ထိပ်ခတ်ဖမ်းပေးရေးတို့ကို တောင်းဆိုခဲ့ကြတဲ့အပြင် ကျောင်းကို ဝိုင်းထားကာ ကားမောင်းပေးတဲ့ ယာဉ်မောင်းနှင့် ကရောင်းကား အနက်ရောင်ကိုပါ ဖမ်းဆီးဖော်ထုတ်ပေးရေးတို့ကို လူစုလူဝေးများဖြင့် အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။




တရားလိုဖြစ်သူ မသင်းစပယ်ဖြူအောင်ရဲ့ အမှုဖွင့်တိုင် တန်းမှုအပေါ် သားမယားပြုကျင့်ရန်ကြိုးစားခဲ့သည့် ဆရာတော်ဦးသြဘာသ (ခ) အောင်မြင့့်ဦးကို ဧပြီ ၈ ရက်နေ့က ရွာသူရွာသားများ အော်ဟစ်တောင်းဆိုနေချိန်တွင် ကျောင်းအတွင်းမှာ သက်ဆိုင်ရာ သံဃာ့နာယကဆရာတော်ကြီးများနှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့များက လူဝတ်လဲစေကာ (ပ ၁၃၅ / ၂၀၂ဝရာဇသတ်ကြီးပုဒ်မ၂၉၅- က/၃၇၆/၅၁၁ /၃၂၃ တို့ဖြင့် မြစ်ငယ်နယ်မြေရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးအရေးယူထားခဲ့ပါတယ်။


အဆိုပါ မိန်းကလေးမှာ အိမ်ထောင်ပြုရန် စေ့စပ်ထားသော ခင်ပွန်းလောင်းရှိပြီးဖြစ်ကာ စေ့စပ်ထားတာ ရက်ပိုင်းသာ ရှိသေးကြောင်းဒေသခံများပြောပြချက်အရသိရပါတယ်။


<iframe style="border: none; overflow: hidden;" src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FAlinnMyay%2Fvideos%2F530119921030836%2F&amp;show_text=0&amp;width=560" width="560" height="315" frameborder="0" scrolling="no" allowfullscreen="allowfullscreen"></iframe>


မန္တလေးရင်ခတ်သံ AlinnMyay(အလင်းမြေ) ပြည်သူ့ကူညီရေး ပြည်သူ့အသံဖော်ဆောင်ရေး သတင်းမှန်မီဒီယာ