ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းပြီဆိုပြီး ဆေးရုံဆင်းခွင့်ရခဲ့ပေမယ့်၊ သေဆုံးခဲ့ရသူ

2020-04-09 00:51:31


ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းပြီဆိုပြီး ဆေးရုံဆင်းခွင့်ရခဲ့ပေမယ့်၊ သေဆုံးခဲ့ရသူ

ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းပြီဆိုပြီး ဆေးရုံဆင်းခွင့်ရခဲ့ပေမယ့်၊ သေဆုံးခဲ့ရသူ


Covid-19 ကူးစက်ခံခဲ့ရတဲ့ လူနာတစ်ယောက်ဟာ ဗိုင်းရပ်စ်ကင်းစင်ပြီဆိုပြီး ဆေးရုံက ဆင်းခွင့်ခဲ့ပေမယ့်၊ နေအိမ်ကို ပြန်အရောက်မှာ သေဆုံးခဲ့ရကြောင်း သိရပါတယ်။ သူဟာ နေအိမ်ကို ပြန်ရောက်ချိန်မှာ နေမကောင်းပြန်ဖြစ်ပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ သေဆုံးခဲ့ရတာပါ။


လူနာဟာ တရုတ်အမျိုးသားတစ်ဦးဖြစ်ပြီး၊ Li Liang လို့ အမည်ရပါတယ်။ သူဟာ ဖေဖော်ဝါရီ(၁၂)ရက်က ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံတက်ရောက်ခဲ့ရတာပါ။ အသက်(၃၆)နှစ်အရွယ် Liang ဟာ ဆေးရုံမှာ အခြေအနေ ပြန်ကောင်းကာ တိုးတက်လာခဲ့တယ်လို့ ဇနီး Mei က ဆိုပါတယ်။




သူဟာ သက်သာလာတဲ့အတွက် သီးခြားသတ်မှတ်ထားတဲ့ ဟိုတယ်ဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ (၁၄)ရက် ကြာတဲ့အခါမှာ သူ့ကို သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ ကျေနပ်လောက်ဖွယ်ရာ အဖြေကို တွေ့ရှိခဲ့တယ်ဆိုပြီး မတ်လ(၂)ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။


တကယ်က နေပြန်ကောင်းကာစဆိုပေမယ့် နာလံထူဖို့ အတော်လေး ကြိုးစားရဦးမယ့်အနေအထားမှာ ဆေးရုံက ဆင်းခဲ့ရတာပါ။ သူဟာဆေးရုံကနေ နေအိမ်ကို ပြန်ရောက်လို့ နေ့လည်ပိုင်းလောက်မှာ သေဆုံးခဲ့ရပါတယ်။ သူ ဘာကြောင့် သေဆုံးတာလဲဆိုပြီး အတည်ပြုတဲ့အခါ Covid-19 ကြောင့်ဆိုပြီး အဖြေထွက်ခဲ့ပါတယ်။




Fangcang Hospital ဆေးရုံမှတာဝန်ရှိသူတစ်ဦးကတော့ ဆေးရုံက ဆင်းခွင့်ရတဲ့လူတွေအနေနဲ့ ပေါ့ဆမနေဘဲ နေမကောင်းဖြစ်ရင် ချက်ချင်းဆေးရုံကို ပြန်လာဖို့ မှာခဲ့ပါတယ်။ ဒီလိုပဲ သက်ဆိုင်ရာအနေနဲ့ လူနာတွေကို ရောဂါပိုး တကယ်မရှိတော့ဘူူးလားဆိုတာ သိရဖို့ သေချာအောင် အကြိမ်ရေးများများ စစ်ဆေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။


လင်းဇော်ကို (D Nae Khit)