အိမ်ဖော်မလေးအတွက် ပြည်သူအားလုံး ဝန်းရံပေးကြပါ။ ရှေ့နေတွေကတော့ ဒီလိုဝန်းရံကုန်ကြပြီ။

2020-04-08 23:54:03


အိမ်ဖော်မလေးအတွက် ပြည်သူအားလုံး ဝန်းရံပေးကြပါ။ ရှေ့နေတွေကတော့ ဒီလိုဝန်းရံကုန်ကြပြီ။

အလှူခံ အမြတ်ထုတ်လိုသူမှအပ ပြည်သူ အပေါင်းဝန်းရံပေးကြပါ


အသံဖိုင်၊ အိမ်ဖော်၊ မင်းသား၊ ဇာတ်လမ်းတွဲမှ သတင်းတစိတ်တပိုင်းကို သာယာဝတီထောင်ထွက်နိုင်ကျဉ်းဟောင်း ယခင် ဒီဗွီဘီသတင်းထောက် ဒေါ်လေးလေးမွန် နှင့် WOMEN POWERMENT မှဒေါ်စောခင်သူဇာ (ခ) ဒေါ်ခင်သူဇာ တို့မှ သတင်းအကျဉ်းချုပ် ရရှိပြီဖြစ်ပါသည်


အမိဖော်မလေး အမည်မှာ ဖြစ်ပါ သည်။ မိဘအမည်မှာ ဖြစ်ပါသည်။ အသက်အရွယ် မှာ ၁၄ နှစ် ၁၀ လ ဖြစ်ပါသည်။ အသံဖိုင်ရှင် မင်းရာဇာ၏ ဇနီးမဖူးငုံပွင့်၏ဖခင် မှာ အငြိမ်းစားရဲအရာရှိကြီးဟုကြားသိရသော ဦးမောင်မောင်အေး ဖြစ်ပါသည်၊




အမှုကို ရွှေပေါက်ကံနယ်မြေရဲစခန်းတွင် ဖွင့်ထားစဉ် ဦးမောင်မောင်အေး မှ ဝင်ရောက်စွက်သဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ပါသည်။


အိမ်ဖော်မလေးအား ဦးခေါင်းနှင့်စအိုအားတူဖြင့်ထုပြီး မိန်မကိုယ်ကိုအက်စစ်ဖြင့် ပက်မှုအရ ရွှေပေါက်ကံရဲစခန်းမှ အမှုဖွင့်ပြီးဥပဒေနှင့်အညီ ဖမ်းခြင်းဖြစ်ပါသည်။ မင်းရာဇာ၏ဇနီးကိုလည်း ဖမ်းမိခြင်းမရှိသေးကြောင်းသိရပါသည်။




မင်းသားမင်းရာဇာအား တာမွေမြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားကြောင်း ဖမ်းမမိသေးကြောင်း သတင်းရရှိပါသည်။


ယခု အိမ်ဖော်မလေးဖက်မှ ကျနော်တို့ရှေ့နေအဖွဲ့နှင့်အတူ တရားလွှတ်တော်ရှေ့နေဆရာမ ဒေါ်ခင်ခင်ဌေးတို့အဖွဲ့ကအခမဲ့အမှုလိုက်ပါဆောင်ရွက်ကြပါမည်။


အလှူခံခြင်းလုံးဝမလုပ်ပါ၊ ကူညီလိုသူများ မြောက်ဥက္က လာပမြို့နယ်ဆေးရုံကြီး G 2အဆောင်တွင်ဆေးရုံတက် နေသော ကလေးမ ထံ လူ ကိုယ်တိုင် သွားရောက်ကူညီ ကြပါ။


အိမ်ဖော်မလေးမှာ အိမ်မဲမြို့မှဟုသိရပါသည်။


ရှေ့နေကြီး ဦးရောဘတ်စန်းအောင်