Covid-19 စတင်ဖြစ်ပွားချိန်မှစပြီး တရုတ်လုပ် Maskအခုပေါင်း ၄ ဘီလီယံ ပြည်ပသို့တင်ပို့ရောင်းချပြီးဖြစ်

2020-04-07 02:11:58


Covid-19 စတင်ဖြစ်ပွားချိန်မှစပြီး တရုတ်လုပ် Maskအခုပေါင်း ၄ ဘီလီယံ ပြည်ပသို့တင်ပို့ရောင်းချပြီးဖြစ်

Covid-19 စတင်ဖြစ်ပွားချိန်မှစပြီး တရုတ်လုပ် Maskအခုပေါင်း ၄ ဘီလီယံ ပြည်ပသို့တင်ပို့ရောင်းချပြီးဖြစ်

ဆေး ပစ္စည်း အရည်အသွေးနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေဆက်တိုက်ခံနေရတဲ့ တရုတ်နိုင်ငံက သူတို့ရဲ့ Face mask ဟာ အရည်အသွေးမှီပြီး မတ်လအကုန်အထိ ပြည်ပသို့ Mask အခုပေါင်း ၄ ဘီလီယံထိ ထုတ်လုပ်ရောင်းချပြီးဖြစ်တယ်လို့ ပြန်လည်ချေပ ပြောကြားလာပါတယ်။


တရုတ်ပြည်မကြီးမှာ ကူးစက်ခံရမှုနှုန်းသိသိသာသာကျဆင်းလာပေမဲ့ ဘေဂျင်းအစိုးရကတော့ ကမ္ဘာ တစ်ဝှမ်းရောဂါပြန့်ပွားမှုနှုန်းနဲ့ ဆေး ပစ္စည်း လိုအပ်ချက်တွေအရ တရုတ်နိုင်ငံရဲ့ ထုတ်လုပ်မှုတွေကို လျော့ချမပစ်ဖို့ တိုက်တွန်းထားပါတယ်။ မတ်လ အစောပိုင်းကစလို့ တရုတ်နိုင်ငံမှာ နိုင်ငံပေါင်း ၅၀ ကျော်သို့ Face Mask ပေါင်း ၃.၈၆ ဘီလီယံ၊ အကာအကွယ်ဝတ်စုံ ၃၇.၅ မီလီယံ၊ အသက်ရှူဖေးကူကိရိယာပေါင်း ၁၆,၀၀၀ နဲ့ ရောဂါစမ်းသပ်ကိရိယာ အစုံပေါင်း ၂.၈၄ မီလီယံ တင်ပို့ခဲ့ပြီးဖြစ်တယ်လို့လဲ ပြောပါတယ်။ ၄င်းမှ အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံ ရ ရှိခဲ့တယ်လို့လည်း သိရပါတယ်။


သို့သော်လည်း နယ်သာလန်၊စပိန်၊ ဖိလစ်ပိုင်နဲ့ တူရကီနိုင်ငံတို့က တရုတ်ထုတ် ဆေး ပစ္စည်း တွေဟာ အရည်အသွေးမမှီဘူးလို့ဝေဖန်ခဲ့ပါတယ်။ ပီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒတ်ချ်အစိုးရရဲ့ တရုတ်လုပ် face mask တွေအပေါ်ဝေဖန်မှုနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံက Face Mask တွေဟာ ခွဲစိတ်အသုံးပြုရန် မဟုတ်လို့ ကြိုတင်အသိပေးပြီးဖြစ်တယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။


စပိန်နိုင်ငံကလည်း တရုတ်အစိုးရ အာမခံချက်မရှိတဲ့ ရောဂါစစ်ဆေးရေးကိရိယာတွေဝယ်မိလို့ အသုံးမတည့်ဖြစ်ခဲ့ရပါတယ်။ ဒီအချက်တွေနဲ့ပတ်သတ်ပြီး တရုတ်ကုန်သွယ်ရေးဝန်ကြီးက ” တရုတ်နိုင်ငံထုတ်ကုန်တွေမှာ အရည်အသွေးအမျိုးမျိုးရှိပါတယ်။ သုံးစွဲသူတွေရဲ့ လွဲမှားစွာအသုံးပြုခြင်းဟာလည်း ပစ္စည်း အရည်အသွေးကို ထိခိုက်စေပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။


တရုတ်နိုင်ငံဘက်မှလည်း တင်ပို့မယ် ပစ္စည်း တွေကို တရုတ်နိုင်ငံရဲ့ စံအရည်အသွေးသာမက တင်ပို့မယ့်နိုင်ငံရဲ့ အရည်အသွေးလက်ခံနိုင်မှုကိုပါချိန်ညှိထုတ်လုပ်သွားမယ်လို့ ယခုအပတ်အစော ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ တရုတ်နိုင်ငံအတွင်း တစ်ရက်ကို ရောဂါစမ်းသပ်စစ်ဆေးရေးကိရိယာအစုံပေါင်း ၄ သန်းကျော်အထိ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။


Writer- ZWP ( The Lifestyle Myanmar )

Source- CNA