စကားပြောရုံ၊ အသက်ရှုရုံနဲ့တောင် ကိုဗစ်-၁၉က ကူးစက်ခံရနိုင်ဟု ပညာရှင်များဆို

2020-04-07 01:16:26


စကားပြောရုံ၊ အသက်ရှုရုံနဲ့တောင် ကိုဗစ်-၁၉က ကူးစက်ခံရနိုင်ဟု ပညာရှင်များဆို

စကားပြောရုံ၊ အသက်ရှုရုံနဲ့တောင် ကိုဗစ်-၁၉က ကူးစက်ခံရနိုင်ဟု ပညာရှင်များဆို


ကိုဗစ်အရေးနဲ့ပတ်သက်ပြီး ယခင်က WHO ရဲ့ထုတ်ပြန်မှုမှာ ရောဂါပိုးရှိသူနဲ့ (၃)ပေအကွာကနေရင် ပိုးမကူးနိုင်ဘူးလို့ ဆိုခဲ့သလို၊ Mask အသုံးပြုမှုမှာလည်း ပိုးရှိထားသူကသာ တပ်ဆင်ထားရင် လုံလောက်တယ်လို့ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Mask တွေ တွင်ကျယ်စွာ အသုံးပြုတဲ့နိုင်ငံတွေက သေဆုံးမှုနှုန်း ကျဆင်းလာခဲ့တာမို့-


ကျွမ်းကျင်ပညာရှင်များက Mask မဖြစ်မနေ သုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်သည်ပင်လျှင် Mask အသုံးပြုမှုကို အရှိန်မြင့်ဖို့ သမ္မတထရမ့်က မကြာသေးမီကမှ တိုက်တွန်းခဲ့ပါတယ်။ WHO ကို တရုတ်ကို သံယောင်လိုက်တယ်ဆိုပြီး ဝေဖန်သူတွေရှိနေခဲ့ပါတယ်။




အခုလည်း ပညာရှင်တွေက ကိုဗစ်-၁၉ရဲ့ကြောက်စရာကောင်းပုံကို ဆက်လက်ဖော်ထုတ်ခဲ့ပါတယ်။ ဒါကတော့ ရောဂါပိုးရှိသူနဲ့ တစ်မိုးအောက်ထဲမှာ စကားပြောချင်း၊ အသက်ရှုခြင်းစတဲ့ ကိစ္စရပ်တွေပြုလုပ်တာနဲ့တင် ရောဂါပိုးကူးစက်ခံရနိုင်တယ်လို့ သတိပေးလိုက်တာပါ။




ဒီအတည်ပြုမှုကို အိမ်ဖြူတော်ရဲ့ ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ National Academy of Sciences မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ Harvey Fineberg က ဒီအကြောင်းကို အိပ်ဖွင့်စာ ပေးပို့ခဲ့ပြီး၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စတဲ့ အနေအထားကနေသာမက၊ စကားပြောခြင်း၊ အသက်ရှုခြင်းကလည်း ကူးစက်နိုင်ပါတယ်တဲ့။