“ပြည်သူ့ အုပ်ချုပ်ရေးစနစ် အမြန်ဖော်ဆောင်နိုင်ဖို့ NUGအစိုးရ တိုက်တွန်းနှိုးဆော်နေ ”


“ပြည်သူ့ အုပ်ချုပ်ရေးစနစ် အမြန်ဖော်ဆောင်နိုင်ဖို့ NUGအစိုးရ တိုက်တွန်းနှိုးဆော်နေ ”

“ပြည်သူ့ အုပ်ချုပ်ရေးစနစ် အမြန်ဖော်ဆောင်နိုင်ဖို့ NUGအစိုးရ တိုက်တွန်းနှိုးဆော်နေ ”


နိုဝင်ဘာ၃၀ ၂၀၂၁


ဒီနေ့နိုဝင်ဘာ၃၀ရက်နေ့မှာ ကျင်းပတဲ့ NUG အစိုးရအဖွဲ့ရဲ့ ပုံမှန်အစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခို င်သန်းက ပြည်သူ့ အုပ်ချုပ်ရေးစနစ်ကို ထိထိရောက်ရောက် အလျင်အမြန် အကောင်အထည် ဖော်ကြဖို့ သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေကို တိုက်တွန်းလိုက်ပါတယ်။


အချို့ဒေသတွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေး ပျက်ယွင်းသွားနေပြီဖြစ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ အတူ တရားရေးမဏ္ဍိုင်ကပါ ဝင်ရောက် ထိန်းကျောင်းနိုင်ဖို့


အရေးပါလာပြီဖြစ်လို့ အားလုံး ၀ိုင်း အားစိုက် ဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြား ခဲ့ပါ သေးတယ်။


NUG အစိုးရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေက လူမဆန်စွာ ဖိနှိပ်နေတဲ့နေရာကတွေက


ပြည်သူတွေ အထိအခိုက်နည်းစေမယ့် ကာကွယ်ပေးမှုတွေကို စနစ်တကျ မြန်မြန်ဆန်ဆန်န်စီမံဆောင်ရွက်ကြ ရန်လည်း တိုက်တွန်းချက်ထဲမှာပါပါတယ်။


လက်ရှိအချိန်မှာ NUG အစိုးရဟာ စစ်ကောင်စီအုပ်ချုပ်ရေးလွတ်နေတဲ့ နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်တည်‌ထောင် အကောင်အထည်‌ဖော်ဖို့ ကြိုးစားနေပါတယ်။


လတ်တလောမှာတော့ ချင်းပြည်နယ်က မင်းတပ် ၊စစ်ကိုင်းတိုင်းကနေရာအချို့နဲ့ မကွေးတိုင်းက ဆော မြို့နယ်လိုနေရာတွေမှာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်း အကောင်အထည်ဖော်နေတာကို တွေ့နေရပါတယ်။


မကြာခင်ကာလအတွင်းမှာလည်း ပြည်နယ်နဲ့ တိုင်းအချို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် အကောင် အထည်ပေါ်လာမယ့် အလားအလာရှိတယ်လို့ NUG အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သူတစ်ဦးက Burma VJ ကိုပြောထားပါတယ်။


Burma VJ