မန္တလေးကကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ မြင်ကွင်း

2019-07-27 17:09:23


မန္တလေးကကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ မြင်ကွင်း

မန္တလေး မြို့ ၈၄ လမ်း မန္တလေး-စစ်ကိုင်းလမ်းပေါ်မှာ အစိုးရပိုင် မြေ ပေါ်မှာ ကျူးကျော်တယ်ဆိုပြီး ဇူလိုင်လ (၂၇)ရက်နေ့ ဒီနေ့ နံနက်ပိုင်းက စည်ပင်က ရဲအင်အားသုံး ဖယ်ရှား ရှင်းလင်းခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ။


အဲဒီမှာ အာဏာပိုင် စည်ပင်၊ ရဲ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အသက်(၅၈) နှစ်အရွယ် ဒေါ်မိုးမိုးအေး၊ အသက်(၃၂)နှစ် အရွယ် ကိုဖိုးမောင် နဲ့ အသက်(၂၇)နှစ် အရွယ် မအိမာမွန်တို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဘီဘီစီမြန်မာပိုင်း