တစ်ပါတ်စာ ၇ရက်သားသမီးများဟောစာတမ်း - 26.3.2020 မှ 1.4.2020 အထိ

2020-03-26 23:44:36


တစ်ပါတ်စာ ၇ရက်သားသမီးများဟောစာတမ်း - 26.3.2020 မှ 1.4.2020 အထိ

တစ်ပါတ်စာ ၇ရက်သားသမီးများဟောစာတမ်း - 26.3.2020 မှ 1.4.2020 အထိ


တနင်္ဂနွေ ------ ယခုကာလအတွင်း လုပ်ငန်းကိစ္စများတွင် အကူအညီကောင်းများ တွေ့ကြုံ၍ အောင်မြင်တိုးတတ်မှုများ ဖန်တီးခွင့် ရရှိမည်။ မိမိကြိုးစားသလောက် လုံ့လဝီရိယအကျိုး ခံစားရမည်။ မိသားစုတွင် အိမ်၊ ခြံ၊ မြေ၊ ယာဉ်တို့နှင့် ပတ်သက်၍ ဝယ်ယူရန် ကြိုးပမ်းနေပါက အဆင်ပြေမည့်ကာလဖြစ်သည်။ ရွှေရတနာပစ္စည်းများ ပျောက်ရှဆုံးရှုံး ရတတ်သည်။ လုပ်ငန်းရှင်များ အဆက်အသွယ်ကောင်းများ တွေ့ကြုံပေါ်ပေါက်၍ လုပ်ငန်းတိုးချဲ့ခွင့်ရရှိမည်။ ပညာသင်ကြားနေသူများ ကြိုးစားသလောက် အရာထင်မည်။ ထူးခြားစွာ ထင်ပေါ်ကျော်ဇော၍ မျက်နှာပွင့်လန်း သောကာလဖြစ်သည်။ လူမှုရေး၊ ပရဟိတလုပ်ငန်းကိစ္စများ ထူးခြားစွာဆောင်ရွက်ရတတ်သည်။ နိုင်ငံခြားသွားရန် ကြိုးပမ်းနေသူများ အဆင်ပြေကံကောင်းမှုများ တွေ့ကြုံရမည်။ ဝန်ထမ်းများစကားပြောအဆင်မပြေမှုများ တွေ့ ကြုံ၍ အတိုက်အခံကြုံ ရတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်ကို အကြောင်းပြု၍ မိမိရည်ရွယ်ချက်များ အောင်မြင်လာမည်။ ချစ်သူများ အရာရာတွင် အဆင်ပြေကံကောင်းနေမည်။ ချစ်သူက မိမိအတွက်အလုပ်စီစဉ်ပေး တာမျိုးတွေကြုံရတတ်သည်။ အကျိုးပေးဂဏန်း ၁/၈/၅ အထူးဟော အလုပ်အကိုင် အခွင့်အလမ်းတွေရလာမည်။ ယတြာ လက်ဖက်သုပ်ပြီးဘုရားကပ်လှူပေးပါ။


တနင်္လာ ----- ဒီကာလအတွင်း ငယ်ရွယ်သူများတောင်ကျန်းမာရေး ထိုးနှက်မှုများအတွက် အထူးသတိပြုရမည့် ကာလဖြစ်ပါ တယ်။ ငွေကြေး အကျိုးပေးကံကောင်းမွန်၍ ထီပေါက်သကဲ့သို့ ငွေကြေးအများအပြားရရှိတတ်သော်လည်း လက် ဝယ် ငွေမမြဲတတ်ပါ။ လုပ်ငန်းရှင်များ မိမိစီးပွားရေးလုပ်ငန်းများ ဆုံးဖြတ်ချက်မှား၍နာမည်ပျက်တတ် သည်။ စိတ်ပင်ပန်းဖိစီးမှုများပြားတတ်၍ အရာရာတွင် စိတ်အေးအေးထားပြီး ထိပ်တိုင်ရင်ဆိုင်ဖြေရှင်းသင့်ပါ။ လူမှုရေး နယ်ပယ်၌ ဂုဏ်သိက္ခာ ကျဆင်းရသော အကြောင်းကိစ္စများ ပေါ်ပေါက်လာတတ်သည်။ အခက်အခဲများ ပြည့်နှက် နေပေမယ့်စိတ်ဓာတ်ကြံ့ခိုင်သူများအတွက်ကတော့ ပြောပလောက်အောင်မဆိုးတဲ့ကာလပါပဲ။ ဆွေမျိုးအသိုင်း အဝန်းကိစ္စများအတွက် ပေးဆပ်အနစ် နာခံရတတ်သည်။ ပညာသင်ကြားနေသူများ အခက်အခဲအတားအဆီးများ ကြားမှ ပန်းတိုင်ကို ရောက်ရှိသွားတတ် သည်။ အိမ်ထောင်ရှင်များ အဖက်ဖက်မှ အဆင်မပြေချိန်၌ အိမ်ထောင် ဖက်၏ ဖိအားများကြောင့် အမုန်းပွားရန်ဖြစ် ရမည်။ ချစ်သူများ အဆင်မပြေသော မုန်တိုင်းတစ်ခုဆိုးရွားပြင်းထန် ချိန်တွင် နားလည်ပေးသော ချစ်သူ၏မေတ္တာရိပ်အောက် ခွန်အားသစ်များ ပေါက်ဖွားရှင်သန်လာမည်။ အကျိုးပေးဂဏန်း ၅/၆/၉ အထူးဟော အချိန်ဖြုန်းမိပြီး အရေးကြီးတဲ့အလုပ်တွေလစ်ဟင်းရတတ်ပါတယ်။ ယတြာ သပြေပန်းဘုရားကပ်လှူလိုက်ပါ။


အင်္ဂါ ----- ယခုကာလအတွင်း လိမ်လည်လှည့်ဖြားမှုများ ခံရတတ်ပြီး လျှို့ဝှက်စွာ ကြံစည်ကြိုးပမ်းထားသော လုပ်ငန်း ကိစ္စများ၌ သတင်းပေါက်ကြားတတ်သည်။ ငွေကြေးအကျိုးပေးကံကောင်းမွန်သော်လည်း ငွေကြေးဆုံးရှုံး လေလွင့် မှုများ ယှဉ်တွဲတွေ့ကြုံရမည်။ လုပ်ငန်းရှင်များ မိမိကံဇာတာအညံ့ရှိပြီး အောက်လက်ဝန်ထမ်းပြဿနာများ ဖြေရှင်း ရ တတ်သည်။ အခက်အခဲများ ဝန်းရံနေသော်လည်း ထွက်ပေါက်များ ရရှိပြီး လိုရာသို့ရောက်ရှိမည်။ ပြဿနာ အခက်အခဲများကြား လုပ်ငန်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာတတ်သည်။ကောင်းသောပြောင်းလဲခြင်းပါပဲ။ လူမှုရေးတွင်အားနာမှုကြောင့် မိမိတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတတ်ပြီး မိမိအလုပ်အတွက်နှောင့်နှေးရတတ်ပါတယ်။ ကျန်းမာရေးအညံ့နှင့် မတော်တဆထိခိုက်မှုများ အတွက် အထူးသတိပြုပါ။တစ်ရက်လောက်အေးချမ်းတဲ့နေရာ လေးမှာအနားယူခြင်းဖြင့်ကျန်းမာရေးကောင်းသွားတတ်ပါတယ်။ ပညာသင်ကြားနေသူများ ပညာရေးကံကောင်းမွန် သော်လည်း ပညာရေးအသုံးစရိတ်များ မြင့်တတ်လာမည်။ အိမ်ထောင်ရှင်များ မိသားစုအသိုင်းအဝိုင်းနှင့် ငွေကြေး ကိစ္စများဆက်နွယ်၍ အဆင်မပြေမှုများ ဖြစ်ရတတ်သည်။ ချစ်သူများ အေးချမ်းသော မေတ္တာရိပ်အောက် ဘဝ အမော များ လျော့ပါးခွင့်ရရှိမည်။ အကျိုးပေးဂဏန်း ၀/၃/၆ အထူးဟော ကျန်းမာရေးလေးကို ဂရုစိုက်ပေးလိုက်ပါ။ ယတြာ မိမိရတဲ့ပရိတ်ပဋ္ဌာန်းလေးတွေ ရွတ်ပွားနေပါ။


ဗုဒ္ဓဟူး/ရာဟု ------ ယခုကာလအတွင်းလုပ်ငန်းကိစ္စများကို အကြောင်းပြု၍ ခရီးဝေးနှင့် နိုင်ငံခြားခရီးများ သွားလာရတတ် သည်။ တိကျခိုင်မာသော ဆုံးဖြတ်ချက်များကြောင့် မိမိယုံကြည်ချက်များ ပြည့်ဝအောင်မြင်လာမည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာမြင့်မားတိုးတတ်ပြီး အလုပ်အတွက် ထင်ပေါ်ကျော်ဇောမည်။ လုပ်ငန်းရှင်များအတွက် အတိုက်အခံကြားမှ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရပြီး အကျိုးရှိကြီးပွားမည်။ အတိုက်အခံများနှင့် ယှဉ်တွဲ၍ လုပ်ငန်း တွင်ရာထူး၊ ဘုန်းကံ၊ အရှိန်အဝါ တိုးတတ် မြင့်မားမှုများ တွေ့ကြုံပေါ်ပေါက်လာမည်။ လူမှုရေးပိုင်းဆိုင်ရာ အနှောက် အယှက် ပြဿနာများ ဖြေရှင်းရသော် လည်း အောင်မြင်စွာဖြေရှင်းနိုင်မည်။ ငွေကြေးကံကောင်းသော ကာလဖြစ်ပြီး ထီဆုအလယ်အလက် ပေါက်တတ်သည်။ အိမ်ထောင်ရှင်များ အတိုက်အခံ၊ ပဋိပက္ခပြဿနာများ ပြင်းထန်ပေါက်ကွဲ ချိန်ဖြစ်သည်။ ချစ်သူများအတွက် အမုန်းတရားပြင်းထန်ချိန်ဖြစ်၍ ဇာတ်လမ်း၏အဆုံးသတ်ဆီသို့ရောက်ရှိသွား တတ်သည်။ ပညာသင်ကြားနေသူများ ပညာရေးပိုင်း အနှောက်အယှက်များ ကြုံရ တတ်သည်။ အကျိုးပေးဂဏန်း ၁/၄/၇ အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ယတြာ အုန်းထမင်းဆွမ်းဘုရားကပ်လှူလိုက်ပါ။


ကြာသပတေး ----- ယခုကာလအတွင်း ထူးခြားစွာ ကံကောင်းတိုး တတ်အောင်မြင်မည့် အခွင့်အရေးကောင်းများ ပေါ်ပေါက်တွေ့ ကြုံရတတ်ပြီးမိမိရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိမည်။ လုပ်ငန်းရှင်များ မိမိလုပ်ငန်းများ အရှိန်ပြင်းပြင်း၊ တိုးတတ် အောင်မြင်နိုင်မည်။ကံဇာတာမြင့်မားတိုးတတ်သော်လည်း မထင်မှတ်သော အတိုက်အခံ၊ အခက်အခဲအချို့ ကြောင့် စိတ်ပင်ပန်းရတတ်သည်။ မိမိကြိုးပမ်းဆောင်ရွက်မှုများ လွယ်ကူစွာ ပြည့်ဝအောင်မြင်၍ ငွေကြေးအကျိုး ပေးကံ အထူးကောင်းမွန်သည်။ ထီပေါက်တတ်သောကာလဖြစ်၍ တနင်္ဂနွေ၊ရာဟုသားသမီးများနှင့် အတူထီကံစမ်း ပေးပါ။ နိုင်ငံရပ်ခြား၊ လူမျိုးခြားများနှင့် ပတ်သက်၍ လုပ်ငန်းပိုင်းကောင်းကျိုးပြုမည်။ လူချစ်လူခင်များနေတတ်ပြီးတော့ စန်းပွင့်နေတတ်သည်။ အရွယ်လွန်အပျိုကြီး၊လူပျိုကြီးများအောင်သွယ်ကြောင့်ချစ်သူရည်းစားရတတ်ပါတယ်။ ပညာသင်ယူသူများ ပညာရေးတွင် မျှော်မှန်းသည်ထက် ပိုမိုအကျိုးရှိအောင်မြင်မည်။ အိမ်ထောင်ရှင်များ၊ အိမ်တွင်း ရေး သာယာမှုများ ဖန်တီးတည် ဆောက်နိုင်မည်။ ချစ်သူများ အချစ်ကို အရင်ထက် ပိုမိုတန်ဖိုးထား ယုံကြည်သက်ဝင် လာပါလိမ့်မည်။ ကျန်းမာရေးကောင်းနေပေမယ့် ကလေးငယ်များခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေသတိရှိပါ။ အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော စုတ်၊လာဘ်ဝင်လာတတ်ပါတယ်။ ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ။


သောကြာ ------------- ဒီကာလအတွင်းလူမှုရေး အကူအညီကောင်းများ ထူးခြားစွာရရှိတတ်ပြီး မိမိ၏အခက်အခဲအချို့ အဆင်ပြေ သွားမည်။ခရီးဝေးသွားလာမှုများအတွက် အထူးသတိပြုသင့်ပြီး အင်္ဂါနေ့ ခရီးသွားလာမှုများ ရှောင်ကြဉ်ပါ။ မိသားစု တွင် အိမ်၊ ခြံ၊ မြေ၊ ဝယ်ယူ၊ရောင်းချမှုများ၌ အနှောက်အယှက် ပြဿနာများ တွေ့ကြုံနိုင်သည်။ လုပ်ငန်းရှင်များ လုပ်ငန်းတွင် အခွင့်အရေးကောင်းများ ပေါ်ပေါက်တွေ့ကြုံပြီးမှ အကျိုးမရှိ ဖြစ်တတ်သည်။ ငွေကြေးအခက်အခဲ၊ မိသားစုပြဿနာများအကြား ဗျာများနေရတတ်သည်။ ကျန်းမာရေးကိစ္စများအတွက် ငွေကြေးသုံးစွဲကုန်ကျမှုများ ပြားလာတတ်သည်။ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်များအတွင်းလုပ်ကိုင်နေသူများ နမော်နမဲ့မလုပ်ဖို့တိုက်တွန်းလိုပါ တယ်။ မတော်တဆသွေးထွက်သံယိုဖြစ်တတ်လို့ပါပဲ။ အတွေးအခေါ်အကြံအစည်ကောင်းများ မွေးဖွားပေါ်ထွန်းလာ သော်လည်း ငွေကြေးအကျိုး ခံစားခွင့် နည်းပါးနေတတ်သည်။ ပညာသင်ကြား နေသူများ ပညာရေးတွင် ပင်ပန်းမှုဖြင့် ယှဉ်တွဲပြီး အကျိုးရှိမည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်ထံမှ အေးမြသော ချစ်ခြင်းမေတ္တာတရားများ ရယူ ပိုင်ဆိုင်ခွင့်ရှိမည်။ ချစ်သူများ ဆုံနိုင်ခွင့်တရား နည်းပါးနေသည့် ကာလဖြစ်ပြီး ဝေးဝေးက ချစ်နေရတတ်သည်။ အကျိုးပေးဂဏန်း ၂/၃/၆ အထူးဟော ကံအဆိုးလေးတွေများနေတတ်ပါတယ်။ ယတြာ ကန်စွန်းရွက်ကြော်ဘုရားကပ်လှူလိုက်ပါ။


စနေ ------------ ဒီကာလအတွင်းအထက်အကြီးအကဲများနှင့် ပတ်သက်၍ အခွင့်အရေးအကူအညီကောင်းများ ရရှိတတ်ပြီး ကံကောင်းတိုးတတ်မှုများ တွေ့ကြုံရန် နီးကပ်သောကာလဖြစ်သည်။ လုပ်ငန်းရှင်များ အလုပ်တွင် ပင်ပန်းသ လောက် အကျိုးခံစားခွင့်များ မရရှိနိုင်ပါ။ လူမှုရေးကိစ္စများ များပြားစွာ ဆောင်ရွက်နေရပြီး ဝန်ထုပ်၊ ဝန်ပိုးဖြစ်နေ ရတတ်သည်။ အစားအသောက် မှားယွင်းမှုကြောင့် ကျန်းမာရေးပိုင်း အညံ့ကြုံတတ်သည်။ ဒိတ်လွန်နေတဲ့ မုန့်တွေကို သတိမမူဘဲစားမိရာကနေ ရောဂါရတတ်ပါတယ်။ လုံ့လစိုက်ထုတ်မှုအားနည်းတတ်သော ကာလဖြစ်သည့် အတွက် အခွင့်အရေးကောင်းများ လက်လွတ်ဆုံးရှုံးရတတ်သည်။ စီးပွားရှာဖွေရာတွင် နှောင့်နှေးကြန့်ကြာမှုများ တွေ့ကြုံ ရင်ဆိုင်ရမည်။ ညှိနှိုင်းဆောင်ရွက်ရတဲ့ အလုပ်များအထူးကောင်းပါတယ်။ အကျိုးဆောင်အလုပ်များ၊ရေပေါ်ဆီ အလုပ်များအဆင်ပြေတတ်ပါတယ်။ ပညာသင်ကြားနေသူများ ပညာရေးတွင် အခွင့်အရေးကောင်းများ ပေါ်ပေါက် လာတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်အပေါ် အလျှော့ပေး အနစ်နာခံရမည်။ ချစ်သူများ မထင်မှတ်ပဲ ပျော်ရွှင်ဖွယ်ကောင်းသော ခရီးစဉ်များ ပေါ်ပေါက်လာတတ်ပါတယ်။ အကျိုးပေးဂဏန်း ၃/၈/၀ အထူးဟော ခပ်ဖြေးဖြေးပဲ တိုးတတ်လိမ့်မယ်။ ယတြာ စတော်ဘယ်ရီ ဖျော်ရည်ဘုရားကပ်လှူပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)09 77 5555 695 / 09 44 5555 695