Covid-19 ကို ဇီဝလက်နက်သဖွယ် အသုံးပြု၍ ကူးစက်ပြန့်ပွားစေခြင်းကြောင့် တရုတ်ကို အမေရိကန် တရားစွဲ

2020-03-26 21:21:42


Covid-19 ကို ဇီဝလက်နက်သဖွယ် အသုံးပြု၍ ကူးစက်ပြန့်ပွားစေခြင်းကြောင့် တရုတ်ကို အမေရိကန် တရားစွဲ

Covid-19 ကို ဇီဝလက်နက်သဖွယ် အသုံးပြု၍ ကူးစက်ပြန့်ပွားစေခြင်းကြောင့် တရုတ်ကို အမေရိကန် တရားစွဲ

 

ကိုရိုနာဗိုင်းရပ်စ်ကို ဇီဝလက်နက်သဖွယ် အသုံးပြု၍ ကူးစက်ပြန့်ပွားစေခြင်းကြောင့် တရုတ်ကို အမေရိကန် တရားစွဲဆို…


တရုတ်နိုင်သည် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကို ကူးစက်ပျံ့ပွားစေလျှက် ၎င်း၏ ရန်ဖက်တို့အပေါ် လက်နက်သဖွယ် အသုံး ပြုခြင်းကြောင့် ဒေါ်လာ ၂၀ ထရီလီယံ လျော်ကြေးရလိုကြောင်း အမေရိကန် လွှတ်တော်အမတ် Larry Klayman လာရီကလေမန်း က တရားစွဲဆိုလိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။


လာရီကလေမန်းနှင့် Freedom Watch အုပ်စု ရှေ့နေများက အမေရိကန်၊ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးတော်၌ တရားစွဲဆိုရာတွင် တရုတ်နိုင်ငံက စစ်မက်ရေးရာတွင်အသုံးပြုသော ဇီဝလက်နက်ကို အသုံးပြုကြောင်း ဖော်ပြလျက် တရုတ်နိုင်ငံသည် တမင်ရည်ရွယ်လျှက်ဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ Covid-19 ကူးစက်ကပ် ရောဂါကို ဖြစ်ပွား စေခြင်းဖြင့် အမေရိကန်၏ဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ သဘောတူ စာချုပ်များနှင့် စံချိန်စံနှုန်းများကို ချိုးဖောက်ရာရောက်ကြောင်း ပါရှိသည်ဟု ဆိုသည်။


တရုတ်နိုင်ငံအနေဖြင့် အဆိုပါလက်နက်များ အသုံးပြုခြင်းမှ တရားဝင်တားမြစ်ရန် သဘောတူထားပြီးဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် တရားဝင်လုပ်ထုံးလုပ်နည်းမဟုတ်သည့် ယခုကဲ့သို့ ဖြစ်စေခြင်းမှာ ဥပဒေအရ ပြစ်မှု ကျူးလွန်ရာရောက်ကြောင်း တရားစွဲဆိုမှု၌ ဖော်ပြထားသည်။




ထို့ပြင် တရုတ်နိုင်ငံသည် ၎င်းက ရန်သူဖြစ်သည်ဟု ယူမှတ်သော အမေရိကန်နိုင်ငံသားများ၊ အခြားလူ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား သတ်ဖြတ်ရန် ရည်ရွယ်လျက် ၎င်း၏ ဓာတ်ခွဲခန်းအတွင်း ဗိုင်းရပ်စ်ပိုးကို ထိန်းသိမ်း ထားခဲ့ကြောင်း စွပ်စွဲထားသည်။


Covid-19 ကိုရိုနာဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်စေခြင်း၊ အလွယ်တကူ လျင်မြန်စွာ ပျံ့နှံစေသည့် ရန်လိုသော သဘောသဘာဝရှိခြင်းကြောင့် အလွန်အန္တရာယ်များသည့် ရောဂါတစ်ခုဖြစ်ကြောင်း၊ ရောဂါသစ်ဖြစ်သောကြောင့် ကာကွယ်ဆေးလည်း မရှိသေးကြောင်း။ ရောဂါအကြောင်း ယခုထိ မည်သူမျှ အပြည့်အစုံ တိကျစွာ မသိရှိရသေးပဲ၊ လူနာ၏ လက်ငင်းတွေ့ရှိရသော ဝေဒနာလက္ခဏာများအပေါ် မူတည်ကာ ကုသပေးနေရကြောင်း၊ အဆိုပါ ရောဂါသည် ရာသီချိန်တုပ်ကွေးနှင့်တူပြီး၊ တရုတ် နိုင်ငံသည် လူအများအပြားကို အစုအပုံလိုက် သတ်ဖြတ်ရန် အလွန် ထိရောက်၍ အသက်ဘေးကျ ရောက်စေသည့် Covid-19 ရောဂါပိုး ဗိုင်းရပ်စ်ကို ဇီဝလက်နက်အဖြစ် ထုတ်လုပ်ခဲ့ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံက အနည်းဆုံး ဒေါ်လာ ၂၀ ထရီယီယံ ပေးလျော်သင့်ကြောင်း တရားစွဲဆိုမှု၌ ထပ်လောင်း ဖော်ပြထားသည်။


တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမှာ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၉၇ နိုင်ငံ လူပေါင်း ၄၂ဝ,ဝဝ၀ ကျော်ကို ကူးစက်ခဲ့ပြီး ၂၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။


Ref – Dhaka Tribune

Oung Marine

လေးစားစွာဖြင့် Blacker