ကိုဗစ်ကူးစက်ခံရပြီးနောက်၊ တခြားလူကို ကူးစက်မှာစိုးလို့ သတ်သေခဲ့တဲ့ သူနာပြုဆရာမ

2020-03-26 21:19:44


ကိုဗစ်ကူးစက်ခံရပြီးနောက်၊ တခြားလူကို ကူးစက်မှာစိုးလို့ သတ်သေခဲ့တဲ့ သူနာပြုဆရာမ

ကိုဗစ်ကူးစက်ခံရပြီးနောက်၊ တခြားလူကို ကူးစက်မှာစိုးလို့ သတ်သေခဲ့တဲ့ သူနာပြုဆရာမ


အီတလီနိုင်ငံ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေးတစ်ယောက်ဟာ သူမကို ကိုဗစ်-၁၉ကူးစက်ခဲ့ကြောင်း သိရှိပြီးနောက်၊ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သူနာပြုှုဆရာမရဲ့အမည်မှာ Daniela Trezzi ဖြစ်ပြီး အသက်(၃၄)နှစ်ပါ။ Trezzi ဟာ Lombardy နယ်မြေ၊ Monza မြို့က San Gerardo Hospital မှာ တာဝန်ထမ်းဆောင်ပါတယ်။ အဲဒီနေရာဟာ အီတလီအတွက်တော့ ကိုဗစ်-၁၉စတင် ပျံ့နှံ့ရာ ဒေသဖြစ်ပါတယ်။ Trezzi ဟာ သူမကို ဒီရောဂါကူးစက်ပြီဖြစ်ကြောင်း အတည်ပြုခံရပြီးနောက်-

သူမဆီကနေ တခြားလူတစ်ယောက်ယောက်ကို ကူးစက်စေမှာကို အလွန်စိုးရိမ်ခဲ့ပါတယ်။ သူမဟာ အဲဒီစင်တာမှာ ကိုဗစ်-၁၉စဖြစ်ကတည်းက ပြောင်းရွှေ့နေထိုင်ပြီး၊ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ National Federation of Nurses of Italy က ဆိုပါတယ်။


မတ်လ (၁၀)ရက်နေ့မှာပဲ Trezzi တစ်ယောက် နေမကောင်းဖျားနာ မသင်္ကာဖွယ်ရာတွေဖြစ်လာလို့ စစ်ဆေးလိုက်ချိန်မှာတော့ ဒီရောဂါကူးစက်ခံထားရပြီဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။ အဲဒီမှာပဲ Trezzi ဟာ သူ့ကို ကုသဖို့လာတဲ့ သူနာပြုတွေ ဒေါက်တာတွေကို မလာဖို့၊ ရောဂါကူးမှာစိုးကြောင်း ပြောဆို တားဆီးခဲ့ပါတယ်။

နောက်မှာတော့ Trezzi တစ်ယောက် မိမိကိုယ်ကို  သေကြောင်းကြံစည်သွားတာပါ။ ဒီအတွက် အီတလီသူနာပြုအဖွဲ့ချုပ်က ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး၊ တစ်ခြား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့လည်း ဒီလို လုပ်ရပ်မျိုး မလုပ်ရန်နဲ့ ကုသမှုခံပါက ပျောက်ကင်းမှာဖြစ်ကြောင်းလည်း အားပေးခဲ့ပါတယ်။


လင်းဇော်ကို (D Nae Khit)