တခြားလူတွေကို ရောဂါကူးစက်အောင် တမင်ပြုလုပ်ခဲ့တဲ့ အမျိုးသားကို ရဲကဖမ်းဆီး

2020-03-26 21:18:32


တခြားလူတွေကို ရောဂါကူးစက်အောင် တမင်ပြုလုပ်ခဲ့တဲ့ အမျိုးသားကို ရဲကဖမ်းဆီး

တခြားလူတွေကို ရောဂါကူးစက်အောင် တမင်ပြုလုပ်ခဲ့တဲ့ အမျိုးသားကို ရဲကဖမ်းဆီး


အမျိုးသားတစ်ယောက်ဟာ တခြားသူတွေ ရောဂါကူးစက်အောင် တမင်ပြုလုပ် ဖန်တီးခဲ့ကြောင်း CCTV သက်သေအရ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ဘန်ကောက်က မိုးပျံရထားဘူတာရုံရဲဲ့ ဓာတ်လှေကားထဲမှာ အခုလို ယုတ်မာတဲ့အမှုကို ကျူးလွန်ခဲ့တာပါ။

အဲဒီအမျိုးသားကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး၊ သူ့ကို အရင်ဆုံး ဗိုင်းရပ်စ်ကူးစက်ခံထားရမှု ရှိမရှိ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားဟာ ဓာတ်လှေကားထဲမှာ သူရဲ့ ညစ်ညမ်းတဲ့နေရာကို ကိုင်ပြီး၊ ဓာတ်လှေကားအတွင်း လူကိုင်နိုင်လောက်မယ့် နေရာတွေကို သုတ်ခြင်း-ပါးစပ်နှားခေါင်း စသည်တို့အတွင်းမှာ လက်နဲ့နှိုက်ပြီး ထွက်လာတဲ့ အညစ်အကြေးများကို သုတ်ခြင်းတွေ ကျူးလွန်ခဲ့ကြောင်း CCTV မှတ်တမ်းမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့မတ်လ(၂၀)ရက်၊ သောကြာနေ့က ဖြစ်ခဲ့တာလို့ သိရပါတယ်။


သူရဲ့ ရွံစရာကောင်းတဲ့ လုပ်ရပ်ကို ဓာတ်လှေကားအတွင်း တပ်ဆင်ထားတဲ့ လုံခြုံရေး CCTV က အမိအရ မှတ်တမ်းတင်ထားခဲ့တာပါ။ နောက်ဆုံးတော့ သူကိုယ်တိုင် CCTV က မှတ်တမ်းတင်နေကြောင်း ရိပ်မိသိရှိသွားခဲ့ပုံပါဘဲ။ သူဟာ ဓာတ်လှေကားအတွင်းက ထွက်သွားပြီးနောက် ပြန်ဝင်လာစဉ်မှာပဲ သူ့ကို မှတ်တမ်းတင်နေတာကို သိလိုက်တာပါ။ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ BTS Skytrain မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ Bangkok Mass Transit System မှ ဒီအဖြစ်အပျက်ကို ချက်ချင်း စုံစမ်းစစ်ဆေးခဲ့ပြီး၊ အဲဒီအမျိုးသားကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဓာတ်လှေကားကိုလည်း အသုံးပြုမှု ရပ်ဆိုင်းထားခဲ့ပါတယ်။

မကြာမီမှာ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ အသက်(၃၂)နှစ်အရွယ် ထိုင်းအမျိုးသားလို့ သိရပါတယ်။ သူ့ကို ချက်ချင်း ဆေးရုံခေါ်သွားကာ စစ်ဆေးခဲ့ပြီး၊ ယခုသတင်း ရေးနေချိန်အထိ ဒီအမျိုးသားမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရမှု ရှိမရှိကိုတော့ တိတိကျကျ သိရခြင်းမရှိသေးပါဘူူး။


လင်းဇော်ကို (D Nae Khit)