သင်ရွေးချယ်မယ့်ကဒ်က ပြောပြနေတဲ့ သင့်အကြောင်းနဲ့ အနာဂတ်

2020-03-26 09:54:29


သင်ရွေးချယ်မယ့်ကဒ်က ပြောပြနေတဲ့ သင့်အကြောင်းနဲ့ အနာဂတ်

သင်ရွေးချယ်မယ့်ကဒ်က ပြောပြနေတဲ့ သင့်အကြောင်းနဲ့ အနာဂတ်

 

ယခု ပြောပြပေးမှာကတော့ ကဒ်လေးတွေက ပြပေးနိုင်တဲ့ သင့်ရဲ့ ကံကြမ္မာပါ။ ကဒ် စုစုပေါင်း (၄) ကတ် ရှိပါတယ်။ ဒီထဲကမှ သင်အကြိုက်ဆုံး ကဒ် ကလေးကို ရွေးချယ်လိုက်ပါ။ သင့်ရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားပါလိမ့်မယ်။


နံပါတ် (၁) ကဒ်


နံပါတ် (၁)ကဒ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ နူးညံ့သိမ်မွေ့တဲ့ စိတ်နေစိတ်ထား ရှိတဲ့သူပါ။ သင်ဟာ အလှအပကို အရမး် ချစ်မြတ်နိုးပြီး သင်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေနဲ့ သင့်ကိုသင် ဝန်းရံထားချင်သူပါ။ ထုံးတမ်း အစဉ်အလာတွေနဲ့ အတိတ်က အကြောင်းအရာတွေကိုလည်း သင် အလေးထား တတ်ပါတယ်။ သင်ဟာ ဖြေးဖြေးနဲ့မှန်မှန် လုပ်ကိုင်တတ်သူ ဖြစ်ပြီး အသေးအမွှားလေးကအစ အရမး်ကို ဂရုစိုက်တတ်သူပါ။


သင့်ဘဝမှာ သင်မကြုံဖူးတဲ့ အသစ်အဆန်း တစ်ခုခု ရောက်ရှိလာပါပြီ။ အဲဒီ့အရာက သင့်ကို ငြိမ်းချမ်းပျော်ရွှင် စေပါလိမ့်မယ်။ ဒီအချိန်မှာ သင့်ရင်ထဲက မြိုသိပ်ထားတဲ့ ခံစားချက်တွေကို ဖွင့်ပြောလိုက်ဖို့ အကောင်းဆုံးအချိ်န်ပဲ ဖြစ်ပါတယ်။


နံပါတ် (၂) ကဒ်


နံပါတ် (၂)ကဒ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ အသစ်အဆန်းတွေနဲ့ စွန့်စားရတာတွေကို ကြိုက်နှစ်သက်သူပါ။ သင်ဟာ ရဲရင့်ပြီး ထက်မြက်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သင်ဟာ အသေးအမွှားတွေကြောင့် ခေါင်းရှုပ်ခံ နေမယ့်သူ မဟုတ်ပါဘူး။ သင့်မှာ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေး ရှိသလို၊ သစ္စာရှိပြိး ယုံကြည်ရတဲ့သူ တစ်ယောက်ပါ။ သင်ဟာ သင့်ဘဝအတွက် အရေးပါတဲ့သူတွေကို ဘယ်တော့မှ သစ္စာဖောက်မယ့်သူမျိုး မဟုတ်ပါဘူး။


သင်ဟာ စိန်ခေါ်မှု အသစ်တွေကို သဘောကျပြီး ဘယ်လောက် ခက်ခဲနေပါစေ နောက်ဆုတ်မယ့်သူ မဟုတ်ပါဘူး။ သင့် အနာဂတ်ဟာ လှပနေလိမ့်မယ် လို့ သင်အမြဲ ယုံကြည်နေပြီး အဲဒီ့ယုံကြည်မှုကလည်း တကယ် မှန်နေပါတယ်။ ဒီအတိုင်းပဲ ဆက်သွားပါ။ အဆုံးမှာ သင် ယုံကြည်တဲ့အတိုင်း လှပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ရမှာပါ။


နံပါတ် (၃) ကဒ်


နံပါတ် (၃)ကဒ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ ငြိမ်းငြိမ်းချမ်းချမ်း နေရတာကို ကြိုက်နှစ်သက်သူပါ။ သင်ဟာ နှိမ့်ချပြီး ဟန်မဆောင်တတ်တဲ့သူမျိုးပါ။ သင့်ကို နာကျင်အောင် လုပ်တဲ့သူကိုတောင် ခဏလေးအတွင်းမှာ ခွင့်လွှတ်တတ်ပြီး အပြုံးမပျက်တဲ့ သူပါ။ သူများတွေက အသေးအမွှား ပြသနာလေးတွေမှာတောင် ဝုန်းဒိုင်းကြဲနေချိန်မှာ သင်ကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။


သင်ဟာ အခုအချိန်မှာ အပြောင်းအလဲ သေးသေးလေးတွေနဲ့ ကြုံရမှာပါ။ ဒါပေမယ့် ဒီအရာတွေက သင့်အတွက် ပိုကောင်းတယ် ဆိုတာ သင်သိလာမှာပါ။ သင့်ရဲ့ စိတ်ရှည်ခြင်းနဲ့ နူးညံ့ခြင်းကို အနိုင်ယူ စော်ကားခွင့် မပေးမိစေဖို့ အရေးကြီးပါတယ်။


နံပါတ် (၄) ကဒ်


နံပါတ် (၄) ကဒ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ တည်ငြိမ်ပြီး စဉ်းစား တွေးခေါ်နိုင်စွမး် မြင့်မားတဲ့သူပါ။ သင့်ရဲ့ ခံစားချက်တွေ ကလည်း အရမး်ကို နက်ရှိုင်းပါတယ်။ သင်ဟာ အထီးကျန်တဲ့သူ တစ်ယောက်လညး် ဖြစ်ပါတယ်။ သင်ဟာ အရမး်ကို ခံစားလွယ်တဲ့သူ တစ်ယောက်ဖြစ်ပြီး အရမ်း သံယောဇဉ်ကြီးတဲ့သူ တစ်ယောက်ဖြစ်သလို ပွင့်လင်းတဲ့သူပါ။


သင်ဟာ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းခဲ့သူပီပီ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ မနေချင်သူပါ။ သင့်ရဲ့ ကိုယ်ပိုင်ဘဝလေးဟာ အရမး်ကို လှပါပါတယ်။ သင့်ရဲ့ အတွေးထဲမှာလည်း လှပ ကောင်းမွန်တဲ့ အတွေးလေးတွေ အများကြီး ရှိပါတယ်။ သင်ချစ်ရတဲ့ သူတွေနဲ့ သင်ချစ်ရတဲ့ အရာလေးတွေကို ဝေမျှခံစားလိုက်ပါ။ သင့်ဘဝဟာ တောက်ပစ ပြုနေပါပြီ…။Credit: loveshorts