ဗုဒ္ဓဟူး သားသမီးများ၏ စရိုက်နှင့် စိတ်နေစိတ်ထား

2020-03-26 09:41:18


ဗုဒ္ဓဟူး သားသမီးများ၏ စရိုက်နှင့် စိတ်နေစိတ်ထား

ဗုဒ္ဓဟူး သားသမီးများ၏ စရိုက်နှင့် စိတ်နေစိတ်ထား


ဗုဒ္ဓဟူး သားသမီးများဟာ အေးဆေးစွာနဲ့ နေတတ်တဲ့ နေ့နာမ်များပဲ ဖြစ်တယ်။အပြင်မှာ အေးသလောက် အပေါင်းအသင်းတွေနဲ့ တွေ့ရင်တော့ ပျော်ပျော်နေ တတ်တယ် စကားချိုချိုနဲ့ အတည်ပေါက် စတတ်နောက်တတ်တယ်။ဗုဒ္ဓဟူးများဟာ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ဖြစ်အောင်ကို ကြိုးစားပြီး လုပ်တတ်တာ ဗုဒ္ဓဟူးပါ။ကိုယ်တကယ် ဝါသနာပါတဲ့ အရာကို လုပ်ရင်လည်း အောင်မြင်တတ်သလောက် စိတ်မပါတဲ့အရာ ဆိုရင်တော့ အောက်ဆုံးထိ လက်လျော့ထားတတ်တယ်..အလုပ် လုပ်တဲ့နေရာမှာ အင်မတန်မှ စိတ်ကူးဉာဏ် ကောင်းတယ်။


ကိုယ်ဖြစ်ချင်တာကို ဘယ်တော့မှ လက်မလျော့တတ်တာ ဗုဒ္ဓဟူးပါ..ဗုဒ္ဓဟူးများဟာ မာနကို သိပ်ပြီး အလေးမထားတတ်ဘူး။ စိတ်ဆိုးအောင် လုပ်ပြီးရင်လည်း ပြန်ချော့တတ်တာ ဗုဒ္ဓဟူး။သူငယ်ချင်းတွေ ကြားထဲမှာ အချစ်ခံ ချင်ကြတယ်။ သူ့အပေါ် အလေးထားတဲ့ သူဆိုရင် သူဟာ အရမ်းကောင်းတယ်။စကားချိုချိုလည်း ပြောတတ်သလို မျက်နှာ အနေအထား ပွင့်လင်းတယ်..တခါတလေ လူကြီးဆန်ဆန်နဲ့ နေတတ်သလို တခါတလေ ကလေးဆန်ဆန်နဲ့ အတည်ပေါက် စနောက်တတ်တယ်..မိသားစုထဲမှာ ကိုယ့်ကို ချီးမွမ်းတာကို ခံချင်တယ် ကိုယ့်ထက် အကြီးဖြစ်စေ အငယ်ဖြစ်စေ ကိုယ့်ထက် ဂရုစိုက်ပေးပြီး ကိုယ့်ကို ပစ်ထားကြရင်ဝမ်းနည်းလွယ်တတ်တာ ဗုဒ္ဓဟူး။ သို့ပေမဲ့ မိသားစုကို အရမ်းချစ်တယ်..


ဗုဒ္ဓဟူးတွေဟာ စိတ်ကူးသစ် အမြင်သစ်နဲ့ မိတ်ဆွေ အသစ်တွေကိုလည်း ရှာဖွေလေ့ ရှိပါတယ်။သို့ပေမဲ့ အဟောင်းကို မေ့လားဆိုလည်း အဟောင်းတွေကိုလည်း မမေ့တတ်ပါဘူး.. ကိုယ့်အပေါ် ကောင်းတဲ့သူဘက်ကို ပိုပြီး အလေးထား ဆက်ဆံတယ်။ဗုဒ္ဓဟူးတွေဟာ ကိုယ့်ကိုယုံအောင် လာပြောရင်လည်း အယုံလွယ်တတ်တယ်.. ဗုဒ္ဓဟူးများဟာ ဒေါသဖြစ်ရင်လည်း မျက်ရည်တွေ ပေါက်ပေါက်ကျတယ်။ဝမ်းနည်းမှုဖြစ်စေ ဒေါသဖြစ်စေ ဖြစ်လာရင်လည်း စိတ်ထဲမှာ အကြာကြီး အစွဲမထားတတ်တာ ဗုဒ္ဓဟူးပါ..

 

ဗုဒ္ဓဟူးများဟာ အားနေရင် ခင်မင်ရတဲ့ သူတွေကို ဟာသပြောရတာတွေ သီချင်း နားထောင်တာတို့ သို့မဟုတ် game တွေဆော့ရတာကိုဝါသနာပါတယ်။ကိုယ်တကယ် ချစ်ရတဲ့သူနဲ့ ဝေးနေရင် သူကမလာရင် ကိုယ်က သူ့ဆီကို အရောက် သွားချင်တတ်ကြတဲ့ စိတ်ထား ဗုဒ္ဓဟူးမှာ ရှိတယ်…ဗုဒ္ဓဟူးတွေရဲ့ အချစ်ရေးကတော့ ကိုယ့်ရဲ့ တော့ကီတွေကြောင့် စန်း အလွန်ပွင့် သလို တခါတလေ ကိုယ်ပဲ ခံစားနေရတာ ဗုဒ္ဓဟူး။ဗုဒ္ဓဟူး သားသမီးလေးတွေကတော့ အရမ်းစိတ်ကြီးတဲ့ သူတွေဖြစ်ပါတယ်။သူတို့လေးတွေက ညဏ်ကောင်းသလောက် အစွဲလန်းးကြီးတဲ့ သူတွေလည်း ဖြစ်တယ်။ဒါကြောင့် ပညာရေးမှာဖြစ်ဖြစ် စီးပွားရေးမှာဖြစ်ဖြစ် အောင်မြင် သင့်သလောက် မအောင်မြင်ဘူး။ဒါကြောင့် အောင်မြင်ဖို့ဆို ကြိုးစား အားထုတ်မှုလေးတွေ ရှိမှဖြစ်မယ်။ အမှန်တရားကို လက် ခံတယ်။


ဒါပေမဲ့ သူတို့လေးတွေဆီမှာ ဘယ်သူကိုမှ မပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိနေတတ်ကြတယ်။တစ်ယောက်ထဲ နေရတာကိုပဲ သဘောကျတယ်။ အပေါင်းအသင်း သိပ်မရှိပေမဲ့ မိတ် ဆွေပေါတယ်။သူတစ်ပါး အကူအညီလိုရင် ပေးတတ်ကြပေမဲ့ ကိုယ်က သူတစ်ပါးဆီကို အကူအညီ မတောင်းတတ်ကြဘူး၊ များသော အားဖြင့်ပေါ့။ဒါကြောင့် အားနာကြီးတယ် လို့ ပြောရမယ်.. အနုပညာ ဝါသနာကြီးတယ်။ အနုပညာထဲမှာမှ ဂီတကို ပိုပြီးရူးသွပ် ကြတယ်။တစ်ခါတစ်လေ ကိုယ့်ကိုကို အထီးကျန် နေသလိုမျိုး ခံစားရတတ်တယ်။ ဒါပေမဲ့ တစ်ယောက်ဆို တစ်ယောက် သစ္စာ ရှိတတ်ကြတယ်။စိတ်နာသွားရင်လည်း လှည့်မကြည့် တတ်ကြဘူး။ အချစ်ကို မရူးသွပ်ဘူး.. မကိုးကွယ်ဘူး။


ဒါကြောင့် အချစ်နဲ့ ပတ်သက်ပြီး အရမ်း ကြီးမခံစားရတတ်ဘူး။ စကားနည်းလေ့ ရှိပေမဲ့ သူတို့ပြောချင်ရင် စက် သေနတ်ပစ်သလို တရစပ် ပြောနေလေ့ရှိတယ်။သူတို့ ရင်းနှီးတဲ့ သူတွေကိုပဲ ခပ်တည်တည် နေတတ်တဲ့ အကျင့်ကြောင့် မာနကြီးသလို အထင်ခံရတတ်တယ်။မိသားစုမှာ ဝိုင်းပြီး ဂရုစိုက် ခံရတတ်တယ်။ စိတ် အရမ်းကြီးတယ်။ ဒါ့ကြောင့် ဒေါသကြီးတယ်လို့ ထင်ရတယ်။သူတို့လေးတွေရဲ့ အထူးခြားဆုံးအချက်က လက်တွေ့ဆန်ဆန် ဘဝကိုပဲ နှစ်သက်တတ်ကြတာပါ ။မှန်ရင် Like / share Credit:thadinyatkwat