အမေရိကန်မှာ COVID-19 ရောဂါပိုဆိုးလာနိုင်ခြေ ရှိ

2020-03-26 09:37:27


အမေရိကန်မှာ COVID-19 ရောဂါပိုဆိုးလာနိုင်ခြေ ရှိ

အမေရိကန်မှာ COVID-19 ရောဂါပိုဆိုးလာနိုင်ခြေ ရှိ


ကိုရိုနာဗိုင်းရပ်စ် ရောဂါစတင်တဲ့ နေရာဟာ ပထမ တရုတ်နိုင်ငံ ဖြစ်ပြီး နောက်ပိုင်းမှာ အီတလီနဲ့ အခု မကြာခင်မှာပဲ အမေရိကန်ပြည်ထောင်စုအဖြစ်နဲ့ အခြေနေပိုဆိုးလာနိုင်ခြေရှိနေပါတယ်။ ဒီသီတင်းပတ်တွေအတွင်း အမေရိကန်တွေရဲ့ လူနေမှုဘဝ ပုံမှန်အတိုင်း ပြန်ဖြစ်လာစေချင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောနေပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ မကြာခင်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားတဲ့ အချက်အချာ နေရာတခု ဖြစ်လာနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။


အင်္ဂါနေ့မှာ ရောဂါဖြစ်နေတယ်လို့ အတည်ပြုနိုင်တဲ့ လူနာအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဥရောပနဲ့ အမေရိကန် နိုင်ငံတွေက ဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်က ၄၀ ရာခိုင်နှုန်း ဖြစ်နေတာ တွေ့ရတာသလို အမေရိကန်နိုင်ငံမှာ ဖြစ်ပွားသူဦးရေ တဖြည်းဖြည်း တိုးလာနေတယ်လို့ WHO ပြောခွင့်ရ Margaret Harris က ပြောပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အမေရိကန်နိုင်ငံမှာ ဒီရောဂါ ဖြစ်မဖြစ် စမ်းသပ်မှုတွေ ပိုလုပ်လာနိုင်တာကြောင့်တော့ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။


အင်္ဂါနေ့ညပိုင်းအထိ ဆိုရင် အမေရိကန်နိုင်ငံမှာ ဒီရောဂါဖြစ်ပွားသူ ၄၆,၅၀၀ ရှိနေပြီး သေဆုံးသူက ၆၀၀ ရှိနေတာပါ။ ဒီလိုဖြစ်ပွားနေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုမှာ ကန့်သတ်ပိတ်ပင်မှုတွေ ချထား ချိန်မှာပဲ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီ ကလည်း အင်္ဂါနေ့ကစပြီး သူ့နိုင်ငံသား သန်းပေါင်း ၁,၃၀၀ ကို သီတင်း ၃ ပတ်ကြာ အသွားအလာ လုံးဝမလုပ်ဖို့ ကန့်သတ်လိုက်ပါတယ်။ အီတလီမှာတော့ အခုချိန်အထိ ဒီရောဂါကြောင့် သေဆုံးရသူပေါင်းက ၆,၀၀၀ ရှိနေပြီး အခုထိ အခြေနေဆိုးနေသေးပေမဲ့ တရုတ်နိုင်ငံမှာတော့ အခြေနေက သိပ်ကို တိုးတက်လာနေတာပါ။


VOA Burmese News